iMyanmarHouse.com - Best Property Website for Myanmar
×

ၾကြက္တက္ျခင္းဟာ အလြန္နာက်င္ၿပီး ခံရခက္တဲ့ ေဝဒနာဆုိးျဖစ္တယ္။ လူတုိင္း ၾကြက္တက္ျခင္း ခံစားဖူးလိမ့္မယ္။ ၾကြက္တက္ျခင္း ဆုိတာ ၾကြက္သားမ်ား အလုိအေလ်ာက္ ျပင္းထန္စြာ၊ နာက်င္စြာ၊ ၾကာျမင့္စြာ က်ဳံ႕သြားျခင္းျဖစ္တယ္။ အားကစား သမားမ်ား၊ အလုပ္ၾကမ္း သမားမ်ားအျဖစ္ မ်ားေလ့ ရွိတယ္။

ၾကြက္တက္ျခင္းဟာ ေျခသလံုး ၾကြက္သားေတြမွာ အမ်ားဆံုးျဖစ္တယ္။ ၾကြက္တက္ျခင္း အားလံုးရဲ႕ ထက္ဝက္ခန္႔ဟာ ၾကြက္သားမွာ ျဖစ္ေလ့ရွိတယ္။ ေလးပံုတစ္ပံုခန္႔ က ေျခဖ်ားလက္ဖ်ား ရွိ ၾကြက္သားတုိ႔ မွာရွိၿပီး လက္ေမာင္းနဲ႔ေပါင္မွာ တစ္ခါတစ္ရံ ျဖစ္တယ္။

ၾကြက္တက္ရတဲ့ အေၾကာင္းရင္း

ၾကြက္တက္ျခင္းဟာ ေရာဂါတစ္ရပ္ မဟုတ္ဘူး။ အေၾကာင္းအမ်ဳိးမ်ဳိး အဖံုဖံုေၾကာင့္ ၾကြက္တက္ျခင္း လကၡဏာတစ္ရပ္ ျဖစ္ေပၚလာတယ္။

ေပါင္၊ ေျခသလံုး၊ ေျခဖဝါး၊ လက္ေမာင္းနဲ႔ လက္ေခ်ာင္းရွိ ၾကြက္သားေတြရဲ႕က်ဳံ႕ျခင္း၊ ဆန္႔ျခင္းကို ဦးေႏွာက္ရွိ ဗဟုိအာ႐ံုေၾကာ အဖြဲ႕အစည္းက ေကာင္းစြာကြပ္ကဲ ထိန္းခ်ဳပ္ႏုိင္တယ္။ ယင္း ၾကြက္သားေတြ ကုိယ္ပုိင္သီးျခားသိမႈ၊ ခံစားမႈ စြမ္းရည္ရွိၿပီး ျပင္ပမွ ႏႈိးဆြမႈ တစ္ခုခုနဲ႔ ႀကံဳေတြ႕ရတဲ့ အခါ က်ဳံ႕ျခင္း၊ ဆန္႔ျခင္း ျဖစ္ႏုိင္ပါတယ္။ ျပင္ပ အေအးဓာတ္ဟာ ၾကြက္သားရဲ႕က်ဳံ႕ျခင္း၊ ဆန္႔ျခင္းကို ေႏွးေကြးေစတယ္ ။ ေအးတဲ့ ေဆာင္းရာသီမွာ ေသြးပူေလ့က်င့္ခန္း မယူဘဲ ႐ုတ္တရက္ အားစုိက္ၿပီး ၾကြက္သားမ်ား ျပင္းထန္ စြာ လႈပ္ရွားလုိက္ရင္ ၾကြက္တက္ေလ့ ရွိတယ္ ။

ၾကြက္သားေတြ လႈပ္ရွားမႈ မ်ားေလေလ၊ အသုံးျပဳဖန္ မ်ားေလေလ ၾကြက္တက္ဖုိ႔ နီးစပ္ေလျဖစ္တယ္။ ၾကြက္သားေတြ ဆက္တုိက္လႈပ္ရွား တဲ့အခါ ၾကြက္သားေတြ ပင္ပန္းၿပီး က်ဳံ႕ျခင္း၊ ဆန္႔ျခင္း ေႏွးလာလို႔ ၾကြက္တက္တယ္ ။ ေဘာလံုး ကစားသူမ်ား၊ ေရကူးသူမ်ား၊ ေပါင္နဲ႔ ေျခသလံုးမွာ လည္းေကာင္း၊ စာေရးဆရာတုိ႔ လက္ေခ်ာင္း ေတြမွာလည္းေကာင္း၊ ခ်ည္မွ်င္နဲ႔ သိုးေမြးလုပ္သား တုိ႔ လက္ေမာင္းမွာ လည္းေကာင္း ၾကြက္တက္ေလ့ ရွိတယ္ ။ ၾကြက္သားေတြ အလြန္အကြၽံ ေမာပန္းႏြမ္းနယ္ ေနတဲ့အခါ ဦးေႏွာက္ရဲ႕ေစစားခ်က္ အတုိင္း က်ဳံ႕ျခင္း၊ ဆန္႔ျခင္း ကို ႐ုတ္တရက္တံု႔ျပန္ မလုပ္ႏုိင္ဘဲ က်ဳံ႕ေနေလ့ရွိတယ္။

အဓိကအေနနဲ႔ ၾကြက္တက္ျခင္းဟာ ခႏၶာကုိယ္တြင္းရွိ ဆားဓာတ္နဲ႔ အမ်ားဆံုး သက္ဆုိင္တယ္။ ခႏၶာကုိယ္မွာ ဆားဓာတ္ ေလ်ာ့နည္းရင္ ၾကြက္တက္တတ္တယ္။ လူတို႔ခႏၶာကုိယ္မွ ထြက္တဲ့ ေခြၽးမွာ ဆားဓာတ္ သုည ဒသမ ၃ရာခုိင္ႏႈန္း ပါဝင္တယ္ ။ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ျပင္းထန္စြာ ကုိယ္လက္ လႈပ္ရွားစဥ္၊ ေရကူးစဥ္၊ ေဘာလံုး ယွဥ္ကစားစဥ္ ေခြၽးအလြန္ထြက္လုိ႔ ဆားဓာတ္မ်ားပါ ျပင္ပကုိထြက္ၿပီး ၾကြက္တက္ေလ့ ရွိတယ္။ ဝမ္းသြားရာမွ ဝမ္းနဲ႔အတူ ဆားဓာတ္မ်ား ပါသြားတယ္ ။

ဝမ္းမၾကာခဏ သြားရင္၊ ဝမ္းႏုတ္ေဆး ျပင္းျပင္းေသာက္ ၿပီးရင္၊ ကာလဝမ္းေရာဂါ ျဖစ္ရင္ ခႏၶာကုိယ္မွာ ဆားဓာတ္ ေလ်ာ့နည္းၿပီး ၾကြက္တက္တယ္ ။ လက္ေခ်ာင္း၊ ေျခေခ်ာင္းေတြသာ ၾကြက္တက္ၿပီး တစ္ေခ်ာင္းနဲ႔ တစ္ေခ်ာင္း ကပ္ေနျခင္းမ်ဳိး ကလည္း အဓိကအေနနဲ႔ ခႏၶာကိုယ္တြင္း ထံုးဓာတ္နည္းပါးတဲ့ အေျခအေန မွာေတြ႕ရတတ္တယ္။ လည္ပင္းရွိ သုိင္း႐ိြဳက္ဂလင္း ခြဲစိတ္ကုသမႈ ခံယူအၿပီးမွာ ယင္းမွာ ကပ္ေနတဲ့ ဂလင္းငယ္ေတြရဲ႕ လုပ္ငန္းေဆာင္တာ ခ်ဳိ႕ယြင္းရင္ (Hypoparathyroidism) မွာ အာဟာရဓာတ္ ခ်ဳိ႕တဲ့ၿပီး ခႏၶာကုိယ္မွာ ထံုးဓာတ္နည္းေလ့ ရွိတယ္ ။

ၾကြက္တက္ေနလွ်င္

ဦးစြာ ၾကြက္မတက္မီ ၾကြက္တက္မယ့္ ၾကြက္သားဟာ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ခန္႔ အနည္းငယ္ က်ဳံ႕သြားတတ္တယ္။ ခ်က္ခ်င္းအနားယူ လုိက္ရင္ ၾကြက္မတက္ ေတာ့ဘူး။ ၾကြက္တက္တဲ့အခါ က်ဳံ႕ေနတဲ့ ၾကြက္သားမွ်င္ ေတြကို ဆန္႔ၿပီး
လက္နဲ႔ေျခေခ်ာင္း ေတြကို ညိဳ႕သက်ည္း ဘက္ကို ေနာက္လွန္ဆြဲ ေပးရမယ္။ ေျခေခ်ာင္းမွာ ၾကြက္တက္ရင္ ေကြးသြားတဲ့ ေျခေခ်ာင္းငယ္ေတြကို ေနာက္ဘက္ကုိလွန္ၿပီး ဆန္႔ေပးသင့္ ပါတယ္။ ေပါင္မွာ ၾကြက္တက္ရင္ ဒူးကုိဆန္႔ၿပီး
ေပါင္ကိုေရွ႕ကို လက္နဲ႔တြန္းေပး သင့္တယ္။ လက္ေခ်ာင္း ေလးေတြ ၾကြက္တက္ရင္ ေကြးေနတဲ့ လက္ေခ်ာင္းေလး ေတြကို အျခားလက္နဲ႔ကုိင္ၿပီး ျပန္ဆန္႔ေပးရမယ္။ ျပန္ဆန္႔ေပးရင္းက မၾကာခင္သက္သာ သြားလိမ့္မယ္။
ေျခေခ်ာင္း၊ လက္ေခ်ာင္းငယ္ ေတြကပ္ေနတဲ့ ၾကြက္တက္ ျခင္းမ်ဳိးမွာ ေဖာ္ျပပါနည္း အတုိင္း မသက္သာရင္ နီးစပ္ရာေဆး႐ံု၊ ေဆးခန္း၊ မိသားစုဆရာဝန္ ထံ အျမန္ျပသၿပီး လုိအပ္တဲ့ ထံုးဓာတ္ကို ခႏၶာကုိယ္တြင္း ေသြးေၾကာမွ
သြင္းေပးရင္ ခ်က္ခ်င္းသက္သာ သြားႏုိင္ပါတယ္။

ၾကြက္တက္ေနတဲ့ အခါ စိတ္ကို တည္ၿငိမ္ေအာင္ ထားၿပီး ၾကြက္သားကို အသာအယာ ႏွိပ္နယ္ေပးရမယ္။ ေအးလြန္းၿပီး ၾကြက္တက္ျခင္း ျဖစ္ရင္ ေရေႏြးအိတ္ ကပ္ေပးရင္ သင့္ေတာ္ပါတယ္။ ၾကြက္တက္ေနသူရဲ႕အေပၚမွ တက္ၿပီး
ဖိေပးျခင္း၊ နင္းေပးျခင္းမ်ဳိးက မသင့္ေလ်ာ္ပါဘူး။ အခ်ဳိ႕က လက္လွန္ခ်ဳိးျခင္း၊ ေျခေထာက္ ေနာက္ျပန္ လွန္ခ်ဳိးျခင္း၊ ႀကိဳးခ်ည္ေႏွာင္ ေပးျခင္းစတဲ့ တတ္သမွ်၊ မွတ္သမွ်နဲ႔ ၾကြက္တက္ျခင္း သက္သာေအာင္ ေဆာင္ရြက္ ေပးတယ္။
အခန္႔မသင့္ရင္ ေသြးမေလွ်ာက္ႏုိင္၊ အာ႐ံုေၾကာ ဖိမိႏုိင္ကာ ေျခ၊လက္ အေကြးအဆန္႔ ခ်ဳိ႕ယြင္းျခင္း၊ အဆစ္ေတြ ေတာင့္တင္းသြားျခင္း ျဖစ္ႏုိင္တယ္။

ၾကြက္တက္ျခင္းမွကာကြယ္ဖုိ႔

ျမန္မာႏုိင္ငံဟာ အပူပုိင္းဇုန္မွာ ပါဝင္လို႔ ေခြၽးထြက္ လြယ္ၾကတယ္။ ေခြၽးထြက္မ်ားၿပီး ဆားဓာတ္ ေလ်ာ့နည္းျခင္းမွ ကာကြယ္ဖုိ႔ အားကစား သမားေတြ၊ အလုပ္ၾကမ္း သမားေတြ အျခားသူေတြထက္ ဆားပိုမို စားေပးဖို႔ သင့္ေလ်ာ္
ပါတယ္။

အားကစား လႈပ္ရွားမႈေတြ မစတင္မီ ခႏၶာကုိယ္ ၾကြက္သားေတြ ျပင္းထန္တဲ့ လႈပ္ရွားမႈျပဳႏုိင္ဖို႔ အဆင္သင့္ ျဖစ္ေနေစတဲ့ ေသြးပူ ေလ့က်င့္ခန္းမ်ဳိး လုပ္ဖုိ႔လုိတယ္။ ျပင္းထန္စြာ လႈပ္ရွားရမယ့္ လုပ္ငန္းေတြ ကိုလည္း ႐ုတ္တရက္
ခ်က္ခ်င္းစတင္ မလုပ္ေဆာင္ သင့္ဘဲ ေသြးပူ ေလ့က်င့္ခန္း လုပ္ရမယ္။ လႈပ္ရွားမႈ အနည္းငယ္ ကစၿပီး တျဖည္းျဖည္း တုိးျမႇင့္ကာ ျပင္းထန္တဲ့ လႈပ္ရွားမႈမ်ဳိး လုပ္ရမယ္။ ၾကြက္သားေတြ အလြန္ပင္ ပန္းႏြမ္းနယ္ လာရင္
ျပင္းထန္တဲ့ လႈပ္ရွားမႈေတြကို ဆက္လက္ မလုပ္ႏုိင္ဘဲ ေခတၱ အနားယူသင့္ ပါတယ္။ အစာ အာဟာရ ထံုးဓာတ္ မခ်ဳိ႕တဲ့ဖို႔ ႏုိ႔အမ်ဳိးမ်ဳိး၊ အ႐ိုးပါစားရတဲ့ ငါး၊ ငါးပိ၊ လတ္ဆတ္တဲ့ ဟင္းသီးဟင္းရြက္ ေတြ မွ်တစြာစားသံုး
ဖုိ႔လုိပါတယ္။ မၾကာခဏ ေျခေခ်ာင္း၊ လက္ေခ်ာင္းေတြ ကပ္တတ္ရင္၊ ေကာက္ေကြးေလ့ ရွိရင္ နီးစပ္ရာေဆး႐ံု ေဆးခန္း သို႔မဟုတ္ မိသားစုဆရာဝန္ နဲ႔တုိင္ပင္ၿပီး ထံုးဓာတ္ပါတဲ့ ေဆးျပား ေန႔စဥ္ေသာက္ဖို႔ သုိ႔မဟုတ္
ကယ္လ္ဆီယမ္ ဂလူကုိနိတ္ ထုိးေဆး ျဖည္းညင္းစြာ ထုိးေပးဖုိ႔ လိုအပ္မွာ ျဖစ္ပါတယ္။

ၾကြက္တက္ျခင္း တစ္ခါျဖစ္ဖူးရင္ ေနာက္ထပ္လည္း ျဖစ္တတ္တာေၾကာင့္ အစားအစာ၊ အေနအထုိင္၊ အလုပ္အကုိင္ ကအစ ခႏၶာကုိယ္နဲ႔ သင့္ေလ်ာ္မယ့္ အျပဳအမူ အစားအေသာက္မ်ဳိး ျဖစ္သင့္တယ္။ အရက္ အလြန္အကြၽံ
ေသာက္သူေတြဟာ အာဟာရဓာတ္ ခ်ဳိ႕တဲ့လုိ႔၊ ကယ္လ္ဆီယမ္ဓာတ္ ခ်ဳိ႕တဲ့လုိ႔ ၾကြက္တက္ျခင္း ပိုျဖစ္တတ္တယ္။ ေယာက်္ားေတြမွာ ျဖစ္တဲ့ ''တိုနာ'' ဆုိတာ ၾကြက္တက္ျခင္း ေၾကာင့္ က်ားလိင္အဂၤါ အထဲကိုက်ဳံ႕ဝင္ သြားျခင္းမ်ဳိး
ျဖစ္ရာ အခ်ိန္မီ ကုသပါမွ လူစဥ္မီႏုိင္မွာ ျဖစ္တယ္။

အထက္ေဖာ္ျပပါ နည္းေတြအတုိင္း က်န္းမာေရးနဲ႔ အညီ ဆင္ျခင္ေနထုိင္ ၾကမယ္ဆုိရင္ လူတုိင္းလူတုိင္း ၾကြက္တက္ျခင္း ဆုိတဲ့ေဝဒနာဆုိးမွ ကင္းေဝးႏုိင္ၾကမွာပဲ ျဖစ္တယ္။ နင္းျခင္း၊ ႏွိပ္နယ္ေပးျခင္း မလုပ္သင့္ဘဲ ေရေႏြးအိတ္
ကပ္ေပးျခင္း၊ အနားယူ ေပးျခင္း၊ ဓာတ္ဆားရည္ ေသာက္ေပးျခင္း နည္းေတြကသာ ထိေရာက္တဲ့ ကုသမႈမ်ဳိး ျဖစ္ႏုိင္ပါတယ္။ ေလ့က်င့္ခန္း၊ အေျပး သို႔မဟုတ္ အေလးအပင္ မျခင္းမစမီ ေသြးပူ ေလ့က်င့္ခန္း လုပ္ေဆာင္ဖို႔
လုိအပ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:The Myawady Daily
https://www.facebook.com/TheMyawadyDaily

#Unicode Version
ကြွက်တက်ခြင်းဟာ အလွန်နာကျင်ပြီး ခံရခက်တဲ့ ဝေဒနာဆိုးဖြစ်တယ်။ လူတိုင်း ကြွက်တက်ခြင်း ခံစားဖူးလိမ့်မယ်။ ကြွက်တက်ခြင်း ဆိုတာ ကြွက်သားများ အလိုအလျောက် ပြင်းထန်စွာ၊ နာကျင်စွာ၊ ကြာမြင့်စွာ ကျုံ့သွားခြင်းဖြစ်တယ်။ အားကစား သမားများ၊ အလုပ်ကြမ်း သမားများအဖြစ် များလေ့ ရှိတယ်။

ကြွက်တက်ခြင်းဟာ ခြေသလုံး ကြွက်သားတွေမှာ အများဆုံးဖြစ်တယ်။ ကြွက်တက်ခြင်း အားလုံးရဲ့ ထက်ဝက်ခန့်ဟာ ကြွက်သားမှာ ဖြစ်လေ့ရှိတယ်။ လေးပုံတစ်ပုံခန့် က ခြေဖျားလက်ဖျား ရှိ ကြွက်သားတို့ မှာရှိပြီး လက်မောင်းနဲ့ပေါင်မှာ တစ်ခါတစ်ရံ ဖြစ်တယ်။

ကြွက်တက်ရတဲ့ အကြောင်းရင်း

ကြွက်တက်ခြင်းဟာ ရောဂါတစ်ရပ် မဟုတ်ဘူး။ အကြောင်းအမျိုးမျိုး အဖုံဖုံကြောင့် ကြွက်တက်ခြင်း လက္ခဏာတစ်ရပ် ဖြစ်ပေါ်လာတယ်။

ပေါင်၊ ခြေသလုံး၊ ခြေဖဝါး၊ လက်မောင်းနဲ့ လက်ချောင်းရှိ ကြွက်သားတွေရဲ့ကျုံ့ခြင်း၊ ဆန့်ခြင်းကို ဦးနှောက်ရှိ ဗဟိုအာရုံကြော အဖွဲ့အစည်းက ကောင်းစွာကွပ်ကဲ ထိန်းချုပ်နိုင်တယ်။ ယင်း ကြွက်သားတွေ ကိုယ်ပိုင်သီးခြားသိမှု၊ ခံစားမှု စွမ်းရည်ရှိပြီး ပြင်ပမှ နှိုးဆွမှု တစ်ခုခုနဲ့ ကြုံတွေ့ရတဲ့ အခါ ကျုံ့ခြင်း၊ ဆန့်ခြင်း ဖြစ်နိုင်ပါတယ်။ ပြင်ပ အအေးဓာတ်ဟာ ကြွက်သားရဲ့ကျုံ့ခြင်း၊ ဆန့်ခြင်းကို နှေးကွေးစေတယ် ။ အေးတဲ့ ဆောင်းရာသီမှာ သွေးပူလေ့ကျင့်ခန်း မယူဘဲ ရုတ်တရက် အားစိုက်ပြီး ကြွက်သားများ ပြင်းထန် စွာ လှုပ်ရှားလိုက်ရင် ကြွက်တက်လေ့ ရှိတယ် ။

ကြွက်သားတွေ လှုပ်ရှားမှု များလေလေ၊ အသုံးပြုဖန် များလေလေ ကြွက်တက်ဖို့ နီးစပ်လေဖြစ်တယ်။ ကြွက်သားတွေ ဆက်တိုက်လှုပ်ရှား တဲ့အခါ ကြွက်သားတွေ ပင်ပန်းပြီး ကျုံ့ခြင်း၊ ဆန့်ခြင်း နှေးလာလို့ ကြွက်တက်တယ် ။ ဘောလုံး ကစားသူများ၊ ရေကူးသူများ၊ ပေါင်နဲ့ ခြေသလုံးမှာ လည်းကောင်း၊ စာရေးဆရာတို့ လက်ချောင်း တွေမှာလည်းကောင်း၊ ချည်မျှင်နဲ့ သိုးမွေးလုပ်သား တို့ လက်မောင်းမှာ လည်းကောင်း ကြွက်တက်လေ့ ရှိတယ် ။ ကြွက်သားတွေ အလွန်အကျွံ မောပန်းနွမ်းနယ် နေတဲ့အခါ ဦးနှောက်ရဲ့စေစားချက် အတိုင်း ကျုံ့ခြင်း၊ ဆန့်ခြင်း ကို ရုတ်တရက်တုံ့ပြန် မလုပ်နိုင်ဘဲ ကျုံ့နေလေ့ရှိတယ်။

အဓိကအနေနဲ့ ကြွက်တက်ခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်နဲ့ အများဆုံး သက်ဆိုင်တယ်။ ခန္ဓာကိုယ်မှာ ဆားဓာတ် လျော့နည်းရင် ကြွက်တက်တတ်တယ်။ လူတို့ခန္ဓာကိုယ်မှ ထွက်တဲ့ ချွေးမှာ ဆားဓာတ် သုည ဒသမ ၃ရာခိုင်နှုန်း ပါဝင်တယ် ။ အကြောင်း အမျိုးမျိုးကြောင့် ပြင်းထန်စွာ ကိုယ်လက် လှုပ်ရှားစဉ်၊ ရေကူးစဉ်၊ ဘောလုံး ယှဉ်ကစားစဉ် ချွေးအလွန်ထွက်လို့ ဆားဓာတ်များပါ ပြင်ပကိုထွက်ပြီး ကြွက်တက်လေ့ ရှိတယ်။ ဝမ်းသွားရာမှ ဝမ်းနဲ့အတူ ဆားဓာတ်များ ပါသွားတယ် ။

ဝမ်းမကြာခဏ သွားရင်၊ ဝမ်းနုတ်ဆေး ပြင်းပြင်းသောက် ပြီးရင်၊ ကာလဝမ်းရောဂါ ဖြစ်ရင် ခန္ဓာကိုယ်မှာ ဆားဓာတ် လျော့နည်းပြီး ကြွက်တက်တယ် ။ လက်ချောင်း၊ ခြေချောင်းတွေသာ ကြွက်တက်ပြီး တစ်ချောင်းနဲ့ တစ်ချောင်း ကပ်နေခြင်းမျိုး ကလည်း အဓိကအနေနဲ့ ခန္ဓာကိုယ်တွင်း ထုံးဓာတ်နည်းပါးတဲ့ အခြေအနေ မှာတွေ့ရတတ်တယ်။ လည်ပင်းရှိ သိုင်းရွိုက်ဂလင်း ခွဲစိတ်ကုသမှု ခံယူအပြီးမှာ ယင်းမှာ ကပ်နေတဲ့ ဂလင်းငယ်တွေရဲ့ လုပ်ငန်းဆောင်တာ ချို့ယွင်းရင် (Hypoparathyroidism) မှာ အာဟာရဓာတ် ချို့တဲ့ပြီး ခန္ဓာကိုယ်မှာ ထုံးဓာတ်နည်းလေ့ ရှိတယ် ။

ကြွက်တက်နေလျှင်

ဦးစွာ ကြွက်မတက်မီ ကြွက်တက်မယ့် ကြွက်သားဟာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အနည်းငယ် ကျုံ့သွားတတ်တယ်။ ချက်ချင်းအနားယူ လိုက်ရင် ကြွက်မတက် တော့ဘူး။ ကြွက်တက်တဲ့အခါ ကျုံ့နေတဲ့ ကြွက်သားမျှင် တွေကို ဆန့်ပြီး
လက်နဲ့ခြေချောင်း တွေကို ညို့သကျည်း ဘက်ကို နောက်လှန်ဆွဲ ပေးရမယ်။ ခြေချောင်းမှာ ကြွက်တက်ရင် ကွေးသွားတဲ့ ခြေချောင်းငယ်တွေကို နောက်ဘက်ကိုလှန်ပြီး ဆန့်ပေးသင့် ပါတယ်။ ပေါင်မှာ ကြွက်တက်ရင် ဒူးကိုဆန့်ပြီး
ပေါင်ကိုရှေ့ကို လက်နဲ့တွန်းပေး သင့်တယ်။ လက်ချောင်း လေးတွေ ကြွက်တက်ရင် ကွေးနေတဲ့ လက်ချောင်းလေး တွေကို အခြားလက်နဲ့ကိုင်ပြီး ပြန်ဆန့်ပေးရမယ်။ ပြန်ဆန့်ပေးရင်းက မကြာခင်သက်သာ သွားလိမ့်မယ်။
ခြေချောင်း၊ လက်ချောင်းငယ် တွေကပ်နေတဲ့ ကြွက်တက် ခြင်းမျိုးမှာ ဖော်ပြပါနည်း အတိုင်း မသက်သာရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ မိသားစုဆရာဝန် ထံ အမြန်ပြသပြီး လိုအပ်တဲ့ ထုံးဓာတ်ကို ခန္ဓာကိုယ်တွင်း သွေးကြောမှ
သွင်းပေးရင် ချက်ချင်းသက်သာ သွားနိုင်ပါတယ်။

ကြွက်တက်နေတဲ့ အခါ စိတ်ကို တည်ငြိမ်အောင် ထားပြီး ကြွက်သားကို အသာအယာ နှိပ်နယ်ပေးရမယ်။ အေးလွန်းပြီး ကြွက်တက်ခြင်း ဖြစ်ရင် ရေနွေးအိတ် ကပ်ပေးရင် သင့်တော်ပါတယ်။ ကြွက်တက်နေသူရဲ့အပေါ်မှ တက်ပြီး
ဖိပေးခြင်း၊ နင်းပေးခြင်းမျိုးက မသင့်လျော်ပါဘူး။ အချို့က လက်လှန်ချိုးခြင်း၊ ခြေထောက် နောက်ပြန် လှန်ချိုးခြင်း၊ ကြိုးချည်နှောင် ပေးခြင်းစတဲ့ တတ်သမျှ၊ မှတ်သမျှနဲ့ ကြွက်တက်ခြင်း သက်သာအောင် ဆောင်ရွက် ပေးတယ်။
အခန့်မသင့်ရင် သွေးမလျှောက်နိုင်၊ အာရုံကြော ဖိမိနိုင်ကာ ခြေ၊လက် အကွေးအဆန့် ချို့ယွင်းခြင်း၊ အဆစ်တွေ တောင့်တင်းသွားခြင်း ဖြစ်နိုင်တယ်။

ကြွက်တက်ခြင်းမှကာကွယ်ဖို့

မြန်မာနိုင်ငံဟာ အပူပိုင်းဇုန်မှာ ပါဝင်လို့ ချွေးထွက် လွယ်ကြတယ်။ ချွေးထွက်များပြီး ဆားဓာတ် လျော့နည်းခြင်းမှ ကာကွယ်ဖို့ အားကစား သမားတွေ၊ အလုပ်ကြမ်း သမားတွေ အခြားသူတွေထက် ဆားပိုမို စားပေးဖို့ သင့်လျော်
ပါတယ်။

အားကစား လှုပ်ရှားမှုတွေ မစတင်မီ ခန္ဓာကိုယ် ကြွက်သားတွေ ပြင်းထန်တဲ့ လှုပ်ရှားမှုပြုနိုင်ဖို့ အဆင်သင့် ဖြစ်နေစေတဲ့ သွေးပူ လေ့ကျင့်ခန်းမျိုး လုပ်ဖို့လိုတယ်။ ပြင်းထန်စွာ လှုပ်ရှားရမယ့် လုပ်ငန်းတွေ ကိုလည်း ရုတ်တရက်
ချက်ချင်းစတင် မလုပ်ဆောင် သင့်ဘဲ သွေးပူ လေ့ကျင့်ခန်း လုပ်ရမယ်။ လှုပ်ရှားမှု အနည်းငယ် ကစပြီး တဖြည်းဖြည်း တိုးမြှင့်ကာ ပြင်းထန်တဲ့ လှုပ်ရှားမှုမျိုး လုပ်ရမယ်။ ကြွက်သားတွေ အလွန်ပင် ပန်းနွမ်းနယ် လာရင်
ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက် မလုပ်နိုင်ဘဲ ခေတ္တ အနားယူသင့် ပါတယ်။ အစာ အာဟာရ ထုံးဓာတ် မချို့တဲ့ဖို့ နို့အမျိုးမျိုး၊ အရိုးပါစားရတဲ့ ငါး၊ ငါးပိ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် တွေ မျှတစွာစားသုံး
ဖို့လိုပါတယ်။ မကြာခဏ ခြေချောင်း၊ လက်ချောင်းတွေ ကပ်တတ်ရင်၊ ကောက်ကွေးလေ့ ရှိရင် နီးစပ်ရာဆေးရုံ ဆေးခန်း သို့မဟုတ် မိသားစုဆရာဝန် နဲ့တိုင်ပင်ပြီး ထုံးဓာတ်ပါတဲ့ ဆေးပြား နေ့စဉ်သောက်ဖို့ သို့မဟုတ်
ကယ်လ်ဆီယမ် ဂလူကိုနိတ် ထိုးဆေး ဖြည်းညင်းစွာ ထိုးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကြွက်တက်ခြင်း တစ်ခါဖြစ်ဖူးရင် နောက်ထပ်လည်း ဖြစ်တတ်တာကြောင့် အစားအစာ၊ အနေအထိုင်၊ အလုပ်အကိုင် ကအစ ခန္ဓာကိုယ်နဲ့ သင့်လျော်မယ့် အပြုအမူ အစားအသောက်မျိုး ဖြစ်သင့်တယ်။ အရက် အလွန်အကျွံ
သောက်သူတွေဟာ အာဟာရဓာတ် ချို့တဲ့လို့၊ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့လို့ ကြွက်တက်ခြင်း ပိုဖြစ်တတ်တယ်။ ယောကျ်ားတွေမှာ ဖြစ်တဲ့ ''တိုနာ'' ဆိုတာ ကြွက်တက်ခြင်း ကြောင့် ကျားလိင်အင်္ဂါ အထဲကိုကျုံ့ဝင် သွားခြင်းမျိုး
ဖြစ်ရာ အချိန်မီ ကုသပါမှ လူစဉ်မီနိုင်မှာ ဖြစ်တယ်။

အထက်ဖော်ပြပါ နည်းတွေအတိုင်း ကျန်းမာရေးနဲ့ အညီ ဆင်ခြင်နေထိုင် ကြမယ်ဆိုရင် လူတိုင်းလူတိုင်း ကြွက်တက်ခြင်း ဆိုတဲ့ဝေဒနာဆိုးမှ ကင်းဝေးနိုင်ကြမှာပဲ ဖြစ်တယ်။ နင်းခြင်း၊ နှိပ်နယ်ပေးခြင်း မလုပ်သင့်ဘဲ ရေနွေးအိတ်
ကပ်ပေးခြင်း၊ အနားယူ ပေးခြင်း၊ ဓာတ်ဆားရည် သောက်ပေးခြင်း နည်းတွေကသာ ထိရောက်တဲ့ ကုသမှုမျိုး ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း၊ အပြေး သို့မဟုတ် အလေးအပင် မခြင်းမစမီ သွေးပူ လေ့ကျင့်ခန်း လုပ်ဆောင်ဖို့
လိုအပ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:The Myawady Daily
https://www.facebook.com/TheMyawadyDaily

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top