iMyanmarHouse.com - Best Property Website for Myanmar
×

 
 
 
Credit : Trend Myanmar 
 

ပို့သပေးပါတယ်။

Unicode Version
 အများသိထားတဲ့ အကြောင်းအရာကတော့ ချစ်တင်းနှောခြင်း ပုံမှန် ပြုလုပ်ပေးရင် ကျန်းမာရေး ကောင်းကျိုး များစွာ ရရှိနိုင်တယ်ဆိုတာပါ။ ဒါပေမယ့် ချစ်တင်းနှောခြင်း ကင်းမဲ့လာတဲ့အခါမှာ သင့်ကို ဘာတွေ ထိခိုက်လာနိုင်ပါသလဲ။

ချစ်တင်းနှောခြင်း မရှိတော့တဲ့အခါမှာ သင့်ကို စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်း နည်းပါလာမယ် ၊ စိတ်ဖိစီးလာမယ် ၊ ပန်းသေပန်းညှိုးရောဂါ တွေဖြစ်လာမယ် ၊ အစရှိတာတွေဟာ ချစ်တင်းနှောခြင်းကင်းမဲ့လာမှုရဲ့ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

သုတေသန မြောက်များစွာအရတော့ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ် ချစ်တင်းနှောခြင်းဟာ စိတ်ခံစားမှု ကောင်းမွန်စေခြင်း ၊ သွေးဖိအား လျော့နည်းစေခြင်း ၊ ခုခံအားစနစ် ပိုမိုကောင်းမွန်စေခြင်း ၊ စိတ်ဖိစီးမှု နည်းပါးစေခြင်း ၊ အချစ်ရေးမှာ ရင်းနှီးမှု ပိုမို ရှိလာစေခြင်း စတဲ့ ကောင်းကျိုး အချို့ကို ရရှိလာစေနိုင်တယ်လို့ သိရှိရပါတယ်။

ဒါကြောင့် ချစ်တင်းနှောခြင်း ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အိမ်ထောင်သည်တွေဟာ အားလုံးထက် ကျန်းမာနေ လေ့ရှိတာကို တွေ့ရမှာပါ။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top