iMyanmarHouse.com - Best Property Website for Myanmar
×

အၿဖစ္မ်ားလာေနတဲ့ ေရခ်ိဳးခန္း၊အိမ္သာေတြထဲက မိန္းမသားမ်ား၏
၀တ္လစ္စလစ္ပံုမ်ားကို ခိုးရိုက္ႀကကာ အင္တာနက္ သုိ႕ တင္ေနႀကတာ
ကုိစိတ္မေကာင္း ဖြယ္ေတြ႕ရွိေနရပါတယ္။

အဆုိပါကိစၥမ်ား မၿဖစ္ေပၚေစရန္ တာစီးဖုိ႕ မလြယ္ကူေပမဲ့ အတက္
ႏုိင္ဆုံး ေရွာင္ရန္ ေဆာင္ရန္အခ်ဳိ႕ေတာ့ရွိေနပါတယ္။

(၁) မိန္းကေလးမ်ား ေရခ်ိဳးေတာ့မယ္ ဆိုရင္ ကိုယ့္ေရခ်ိဳးခန္းကို
ေရမခ်ိဳးခင္ လုံျခံဳမူ႕ရွိ မရွိ စစ္ေဆးျပီးမွသာ ေရခ်ိဳးဖို႔ အၾကံျပဳခ်င္ပါတယ္။

(၂) ဟုိတယ္ ( သုိ႕မဟုတ္) အမ်ားသုံးေရအိမ္ ၿဖစ္ပါက ေရဆြဲေမာင္းတံမ်ား၊
စကၠဴလိပ္မ်ား၊ မီးလုံးမ်ား ၊ ပန္းအုိးမ်ား ၊ တခါးေလာ့ခ်တံမ်ား၊ ပုိစတာမ်ား ၊ ပစၥည္းခ်ိတ္တံမ်ား စသည္တုိ႕တြင္ လွ်ုဴီ႕၀ွက္ထားတက္ ႀကသည္။

(၃) တံခါးဂ်က္ ေကာင္းမေကာင္း၊အကာအရံ လုံမလုံ၊ တိုက္ခန္းၿဖစ္ေနရင္
ေတာင္မွ အေပါက္ေဖါက္ ထားလား၊ အတြင္းက မျမင္ေအာင္ အျပင္ကမွ
ျမင္နိုင္ေအာင္ အေပါက္ေဖါက္ထား သလား၊ ေခါင္မိုးရွိတယ္ ဆိုရင္ ေတာင္
အမိုးနဲ႕ အကာအၾကား လက္လ်ွိဴလို႕ ရနိုင္လားဆိုတာေသခ်ာ စစ္ေဆးျပီးမွသာ
ေရခ်ိဳးၾက တာ အေကာင္းဆုံးပါလုိ႕ အသိေပးခ်င္ပါတယ္။

မႀကာေသးမီွ ကၿဖစ္ခဲ့ တဲ့အမူအရဆုိရင္ ဗဟန္းျမိဳ႕နယ္မွာ တိုက္ခန္း
ငါးလႊာအထပ္မွာ နယ္က ေက်ာင္းသူ ေလးငါးေယာက္စုျပီး တိုက္ခန္းဌားေန ႀကပါတယ္၊ ေဘးခ်င္းကပ္ တိုက္ခန္း ငါးလႊာမွာလဲ လူငယ္ လင္မယား မိသားတစ္စု ေနၾကတယ္လုိ႕သိရတယ္။

တစ္ေန႔မွာ ျပသာနာ အၾကီးအက်ယ္တက္ျပီး ရပ္ကြက္ ရုံးကို တိုင္ၾကားတဲ့အထိ ျဖစ္ၾကတယ္။

အေၾကာင္းရင္းက တစ္ဖက္ တိုက္ခန္းငါးလႊာက ေယာက်ၤားျဖစ္သူက ဒီဖက္ငါးလႊာ က ေက်ာင္းသူေတြ ေနတဲ့ ေရခ်ိဳးခန္းကေခါင္မိုးနဲ႔ နံရံ လြတ္ေနတဲ့ ၾကားမွာဟမ္းဖုန္း နဲ႔ ေက်ာင္းသူေလးေတြ ေရခ်ိဳးေနတာကို ဗီြဒီယုိ ခိုးရိုက္ေနတာ ဖမ္းမိသြားတဲ့ အမႈ႕အခင္း ၿဖစ္တယ္လုိ႕ သိရတယ္။

ဘယ္အခ်ိန္ကထဲက ရိုက္ေနလဲ ဘယ္ေလာက္ၾကာေန ျပီလဲဆုိတာ ကေတာ့ ကာယကံ
ရွင္ကုိယ္တုိင္ သာသိေနမယ္လုိ႕ ယူဆရတယ္။

မိန္းကေလးေတြ ေရခ်ိဳးတာမွာ လုံခ်ီမပါဘဲ ၀တ္လစ္စလစ္ေရခ်ိဳးေနတာကို
ဘယ္ပြန္းဆိုက္ေတြမွာ တင္လုိက္ၿပီလဲ ဆုိတာေတာ့ ဘယ္သူမွ မသိနိုင္ၾကပါဘူး။

မိန္းကေလးတေယာက္ အဖို႔ လူသိၾကေတာ့လဲ တစ္ရွက္က နွစ္ရွက္ျဖစ္ေတာ့မွာ ဆုိတာေတာ့ ေသခ်ာေနၿပီၿဖစ္တယ္။

ရပ္ကြက္ရုံးကို တိုင္ၾကားေတာ့လဲ နယ္က မိေ၀းဖေ၀း လာေနၾကတဲ့
မိန္းကေလးေတြခင္မ်ာ ဖိဖိစီးစီး ေျပာနိုင္ ေအာင္နိုင္ေအာင္ မလုပ္နိုင္ၾကေတာ့
အမႈ႕က ေနာက္ဆုံးေတာ့ ေ၀ေလေလ ျဖစ္တာနဲ႔ ပဲ အဆုံးသတ္ရ တယ္လုိ႕
လဲ ႀကားသိခဲ့ရတယ္။

အိမ္ေထာင္သည္ ေယာက်ာၤးမွ မဟုတ္၊ ၾကီးၾကီးငယ္ငယ္ အခုလို
က်င့္၀တ္နဲ႔ မညီ၊ စာရိတၱပိုင္း မေကာင္းတဲ့ေယာက်ၤား၊ ေမာင္နွမသားခ်င္း
စာနာမႈ႕မရွိတဲ့ ေယာက်ၤားတစ္ခ်ိဳ႕ေတြေႀကာင့္ မနစ္နာသင့္ပဲ နစ္နာေနႀက
သူေတြ ဘယ္ေလာက္ေတာင္ ရွိေနပါၿပီလဲဆုိတဲ့ ကိစၥကေတာ့ယေန႕ေခတ္မွာ
ေမးခြန္းထုတ္စရာ တခုၿဖစ္လုိ႕ လာေနပါၿပီ။

ဒီလုိအၿဖစ္မ်ဴိးကုိ ႏုိင္ငံတကာမွာလည္း ေတြ႕ႀကဳံေနရတာၿဖစ္ေပမဲ့ ၿမန္မာ့
ယဥ္ေက်းမူေတြ ကုိဥပခါၿပဳေနတဲ့ လုပ္ရပ္ေတြက ႏုိင္ငံႏွင့္လူမ်ဴိးအတြက္ မ်ား
စြာ ထိခုိက္ေစတယ္ ဆုိတာ အထင္အရွားေတြ႕ရွိရမွၿဖစ္တယ္။

ယခုလုိ ၿပဳလုပ္သူမ်းကို ထိထိေရာက္ေရာက္ ၿပစ္မူ ၊ ၿပစ္ဒဏ္မ်ားေပးဖုိ႕လုိအပ္
သလုိ ေဆာင္ရြက္ေပးဖုိ႕ လူမူအသိုက္အ၀န္း ကလုိလားမူ တုိးတက္လာၿပီဆုိ
တာ မၿငင္းႏုိင္မယ့္ အခ်က္ၿဖစ္ပါတယ္။

အခ်ဴပ္ဆုိရေသာ္ မိန္းမပ်ိဳေလးေတြေနတဲ့ အိပ္ခန္း၊ ေရခ်ိဳးခန္း၊ အိမ္သာေတြကို လဲ
လုံလုံျခံဳျခံဳ ရွိေနဖို႔ ၾကိဳတင္ျပီး ေဆာင္ရြက္ႀကပါလုိ႕ တင္ဆက္ေပးလုိက္ပါတယ္။

Credit:Myawady

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဖြစ်များလာနေတဲ့ ရေချိုးခန်း၊အိမ်သာတွေထဲက မိန်းမသားများ၏
ဝတ်လစ်စလစ်ပုံများကို ခိုးရိုက်ကြကာ အင်တာနက် သို့ တင်နေကြတာ
ကိုစိတ်မကောင်း ဖွယ်တွေ့ရှိနေရပါတယ်။

အဆိုပါကိစ္စများ မဖြစ်ပေါ်စေရန် တာစီးဖို့ မလွယ်ကူပေမဲ့ အတက်
နိုင်ဆုံး ရှောင်ရန် ဆောင်ရန်အချို့တော့ရှိနေပါတယ်။

(၁) မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို
ရေမချိုးခင် လုံခြုံမူ့ရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်။

(၂) ဟိုတယ် ( သို့မဟုတ်) အများသုံးရေအိမ် ဖြစ်ပါက ရေဆွဲမောင်းတံများ၊
စက္ကူလိပ်များ၊ မီးလုံးများ ၊ ပန်းအိုးများ ၊ တခါးလော့ချတံများ၊ ပိုစတာများ ၊ ပစ္စည်းချိတ်တံများ စသည်တို့တွင် လျှုီူ့ဝှက်ထားတက် ကြသည်။

(၃) တံခါးဂျက် ကောင်းမကောင်း၊အကာအရံ လုံမလုံ၊ တိုက်ခန်းဖြစ်နေရင်
တောင်မှ အပေါက်ဖေါက် ထားလား၊ အတွင်းက မမြင်အောင် အပြင်ကမှ
မြင်နိုင်အောင် အပေါက်ဖေါက်ထား သလား၊ ခေါင်မိုးရှိတယ် ဆိုရင် တောင်
အမိုးနဲ့ အကာအကြား လက်လျှိူလို့ ရနိုင်လားဆိုတာသေချာ စစ်ဆေးပြီးမှသာ
ရေချိုးကြ တာ အကောင်းဆုံးပါလို့ အသိပေးချင်ပါတယ်။

မကြာသေးမှီ ကဖြစ်ခဲ့ တဲ့အမူအရဆိုရင် ဗဟန်းမြို့နယ်မှာ တိုက်ခန်း
ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေ ကြပါတယ်၊ ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား မိသားတစ်စု နေကြတယ်လို့သိရတယ်။

တစ်နေ့မှာ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက် ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်။

အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောကျၤားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေ နေတဲ့ ရေချိုးခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်း ဖြစ်တယ်လို့ သိရတယ်။

ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲဆိုတာ ကတော့ ကာယကံ
ရှင်ကိုယ်တိုင် သာသိနေမယ်လို့ ယူဆရတယ်။

မိန်းကလေးတွေ ရေချိုးတာမှာ လုံချီမပါဘဲ ဝတ်လစ်စလစ်ရေချိုးနေတာကို
ဘယ်ပွန်းဆိုက်တွေမှာ တင်လိုက်ပြီလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။

မိန်းကလေးတယောက် အဖို့ လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်တော့မှာ ဆိုတာတော့ သေချာနေပြီဖြစ်တယ်။

ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ နယ်က မိဝေးဖဝေး လာနေကြတဲ့
မိန်းကလေးတွေခင်မျာ ဖိဖိစီးစီး ပြောနိုင် အောင်နိုင်အောင် မလုပ်နိုင်ကြတော့
အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရ တယ်လို့
လဲ ကြားသိခဲ့ရတယ်။

အိမ်ထောင်သည် ယောကျာၤးမှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို
ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ယောကျၤား၊ မောင်နှမသားချင်း
စာနာမှု့မရှိတဲ့ ယောကျၤားတစ်ချို့တွေကြောင့် မနစ်နာသင့်ပဲ နစ်နာနေကြ
သူတွေ ဘယ်လောက်တောင် ရှိနေပါပြီလဲဆိုတဲ့ ကိစ္စကတော့ယနေ့ခေတ်မှာ
မေးခွန်းထုတ်စရာ တခုဖြစ်လို့ လာနေပါပြီ။

ဒီလိုအဖြစ်မျိူးကို နိုင်ငံတကာမှာလည်း တွေ့ကြုံနေရတာဖြစ်ပေမဲ့ မြန်မာ့
ယဉ်ကျေးမူတွေ ကိုဥပခါပြုနေတဲ့ လုပ်ရပ်တွေက နိုင်ငံနှင့်လူမျိူးအတွက် များ
စွာ ထိခိုက်စေတယ် ဆိုတာ အထင်အရှားတွေ့ရှိရမှဖြစ်တယ်။

ယခုလို ပြုလုပ်သူမျးကို ထိထိရောက်ရောက် ပြစ်မူ ၊ ပြစ်ဒဏ်များပေးဖို့လိုအပ်
သလို ဆောင်ရွက်ပေးဖို့ လူမူအသိုက်အဝန်း ကလိုလားမူ တိုးတက်လာပြီဆို
တာ မငြင်းနိုင်မယ့် အချက်ဖြစ်ပါတယ်။

အချူပ်ဆိုရသော် မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲ
လုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး ဆောင်ရွက်ကြပါလို့ တင်ဆက်ပေးလိုက်ပါတယ်။

Credit:Myawady



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top