iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြႏု္ပ္တို႔ဟာ ညဘက္ဆို ေစာေစာအိပ္ေလ့ မရွိတဲ့ မ်ိဳးဆက္ထဲကို ေရာက္ေနပါတယ္။ ကၽြႏ္ုပ္တို႔ Chat က်ပါတယ္။ စာဖတ္ၾကပါတယ္။ ေဖ့ဘြတ္မွာ စိတ္၀င္စားတာေတြနဲ႔ ေမ်ာၾကပါတယ္။ တစ္ညလံုး အြန္လိုင္းဂိမ္း ေတြ ေဆာ့ၾကပါတယ္။ မနက္က်မွ ရံုးကို အိပ္ေရးမ၀ပဲ မ်က္တြင္းေဟာက္ပတ္နဲ႔ အခ်ိန္မီ ထသြားပါတယ္။

ဒါဟာ ေကာင္းတဲ့အေနအထား မဟုတ္ပါဘူး။ လူႀကီးမိဘေတြကေတာ့ ဆံုးမၾကပါတယ္။ သင့္ကို ေစာေစာ အိပ္ၿပီး ေစာေစာထဖို႔ေပါ့။ ဒါေပမယ့္ ေစာေစာအိပ္တာနဲ႔ ေစာေစာထတာဟာ သင့္အတြက္ မျဖစ္ႏိုင္တဲ့ စကားလံုးေတြ ျဖစ္ေနမယ္ဆိုရင္ေတာ့ ထံုးစံအတိုင္းပဲေနာက္က်မွ ထလိုက္ပါ။ ေစာေစာအိပ္မေပ်ာ္တဲ့အတြက္လည္း မအိပ္ပါနဲ႔။ အိပ္ေရးမ၀တာဟာ စိတ္ဖိစီးမႈေတြကို ျဖစ္ေပၚေစႏိုင္တဲ့အတြက္ အိပ္ေရး၀၀ အိပ္ႏိုင္ဖို႔အတြက္ အေစာႀကီးထစရာမလိုတဲ့ အလုပ္တစ္ခ်ိဳ႕ရွိပါတယ္။ ေစာေစာမထခ်င္သူေတြ ေရြးခ်ယ္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဘာသာျပန္အေရးသမား (Copywriter)

Ad Agency အမ်ားစုဟာ ေန႔လည္ေလာက္မွ အလုပ္ေတြကို စတင္ၾကတာ မ်ားပါတယ္။ ဖန္တီးမႈ သမားေတြဟာ သူတို႔ အလုပ္ရဲ႔ အခ်ိန္ဇယားနဲ႔ ဖန္တီးႏိုင္တဲ့ စတိုင္အျမင္ေတြပဲ ရွိဖို႕ လိုတာပါ။ သူတို႔ဟာ မနက္အေစာႀကီး ထစရာမလိုက်ပါဘူး။ ဒါေပမယ့္ ညအတြက္ေတာ့ ျပင္ဆင္ထားပါ။ သင္ဟာ လိုအပ္သလို ညနက္အထိ အခ်ိန္ပို လုပ္ရႏိုင္ပါတယ္။

၂။ အလြတ္တန္း (Freelancer)

ဒီအလုပ္ကေတာ့ ေစာေစာမထခ်င္တဲ့ သူေတြပဲ ေရြးခ်ယ္ၾကတဲ့အလုပ္ပါ။ သင္ဟာ မနက္ကို ေနာက္က်ၿပီး မွ ႏိုးလာေပမယ့္လည္း သင့္ရဲ႕ ညအိပ္၀တ္စံုကို မလဲပဲ မနက္စာစားရင္းနဲ႔ သင့္အလုပ္ေတြကို သင့္အိမ္ မွာပဲ ေအးေအးေဆးေဆး လုပ္ႏိုင္မွာပါ။ အိပ္မေပ်ာ္တဲ့ ညေတြမွာ တစ္ညလံုး အလုပ္လုပ္ၿပီး အိပ္ေရး၀တဲ့အထိ ျပန္ အိပ္ေနလို႔လည္း ရပါတယ္။

၃။ အရက္စပ္ သမား

ေမာနင္းတစ္ပတ္ ဆိုတဲ့သူေတြဟာ မနက္အေစာႀကီး ဘားလိုက္ရွာၿပီး မေသာက္ၾကပါဘူး။ အိမ္မွာပဲ ေသာက္ၾကတာပါ။ ဒါေပမယ့္ ညဘက္ဆိုရင္ေတာ့ ဘားေတြမွာ ေသာက္ၾကပါတယ္။ ဒါေၾကာင့္ ညဘက္ေစာေစာ အိပ္မေပ်ာ္ဘူးဆိုရင္ေတာ့ ဘားမွာ အရက္စပ္သမားလုပ္ျခင္းဟာ သင့္အတြက္တစ္ေနကုန္ နားခြင့္ေပးထားမွာပါ။

၄။ ဒီေဂ် (DJ)

မနက္ေစာေစာေတာ့ ဘယ္ပါတီမွ မက်င္းပပါဘူး။ ဘယ္ကလပ္မွ မဖြင့္ပါဘူး။ သင္ဟာ ဂီတကို ခ်စ္ရမယ္ ၊ နည္းပညာကို ခ်စ္ရမယ္၊ ပရိတ္သတ္ကိုခ်စ္ရမယ္။ ဒါဆိုရင္ေတာ့ သင္ ဒီေဂ် လုပ္တာပို အဆင္ေျပပါလိမ့္မယ္။ ဒီေဂ်ေတြဟာ ညဘက္ပဲ ေနာက္က်သည္အထိ အလုပ္လုပ္ရမွာပါ။

၅။ ကိတ္မုန္႔ဖုတ္သမား

ဟိုတယ္ေတြ၊ ဧည့္ခံပြဲေတြ က စလို႔ Bakery ေတြအထိ အားလံုးဟာ မနက္ေစာေစာ ဆိုင္ဖြင့္ဖြင့္ခ်င္းမွာ ကိတ္ေတြ ၊ မုန္႔ေတြ စားႏိုင္ေအာင္စီစဥ္ထားရပါတယ္။ ဒါေၾကာင့္ မုန္႔ဖုတ္ျခင္းအလုပ္ကို တစ္ညလံုးနီးပါးလုပ္ရႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ျခားလူေတြ ႏိုးတဲ့အခ်ိန္မွာ သင့္အလုပ္ ၿပီးဆံုးသြားပါၿပီ။

၆။ သတင္းစာဆရာ

သတင္းစားသမားေတြဟာ မနက္ျဖန္ မနက္ထြက္မယ့္ သတင္းစာအတြက္ ဒီညကိုေတာ့ ညနက္သည္အထိ အလုပ္လုပ္ရ ပါလိမ့္မယ္။ ဒါေပမယ့္ မနက္ပိုင္းကိုေတာ့ သင္အေစာႀကီး ထစရာမလိုပါဘူး။ ေစာေစာစီးစီး ျဖစ္တတ္တဲ့ အေရးေပၚသတင္း ကိစၥရပ္ ရွိေနခ်ိန္ေတြက လြဲၿပီးေတာ့ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

#Unicode Version
ကျွနု်ပ်တို့ဟာ ညဘက်ဆို စောစောအိပ်လေ့ မရှိတဲ့ မျိုးဆက်ထဲကို ရောက်နေပါတယ်။ ကျွန်ုပ်တို့ Chat ကျပါတယ်။ စာဖတ်ကြပါတယ်။ ဖေ့ဘွတ်မှာ စိတ်ဝင်စားတာတွေနဲ့ မျောကြပါတယ်။ တစ်ညလုံး အွန်လိုင်းဂိမ်း တွေ ဆော့ကြပါတယ်။ မနက်ကျမှ ရုံးကို အိပ်ရေးမဝပဲ မျက်တွင်းဟောက်ပတ်နဲ့ အချိန်မီ ထသွားပါတယ်။

ဒါဟာ ကောင်းတဲ့အနေအထား မဟုတ်ပါဘူး။ လူကြီးမိဘတွေကတော့ ဆုံးမကြပါတယ်။ သင့်ကို စောစော အိပ်ပြီး စောစောထဖို့ပေါ့။ ဒါပေမယ့် စောစောအိပ်တာနဲ့ စောစောထတာဟာ သင့်အတွက် မဖြစ်နိုင်တဲ့ စကားလုံးတွေ ဖြစ်နေမယ်ဆိုရင်တော့ ထုံးစံအတိုင်းပဲနောက်ကျမှ ထလိုက်ပါ။ စောစောအိပ်မပျော်တဲ့အတွက်လည်း မအိပ်ပါနဲ့။ အိပ်ရေးမဝတာဟာ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် အိပ်ရေး၀၀ အိပ်နိုင်ဖို့အတွက် အစောကြီးထစရာမလိုတဲ့ အလုပ်တစ်ချို့ရှိပါတယ်။ စောစောမထချင်သူတွေ ရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘာသာပြန်အရေးသမား (Copywriter)

Ad Agency အများစုဟာ နေ့လည်လောက်မှ အလုပ်တွေကို စတင်ကြတာ များပါတယ်။ ဖန်တီးမှု သမားတွေဟာ သူတို့ အလုပ်ရဲ့ အချိန်ဇယားနဲ့ ဖန်တီးနိုင်တဲ့ စတိုင်အမြင်တွေပဲ ရှိဖို့ လိုတာပါ။ သူတို့ဟာ မနက်အစောကြီး ထစရာမလိုကျပါဘူး။ ဒါပေမယ့် ညအတွက်တော့ ပြင်ဆင်ထားပါ။ သင်ဟာ လိုအပ်သလို ညနက်အထိ အချိန်ပို လုပ်ရနိုင်ပါတယ်။

၂။ အလွတ်တန်း (Freelancer)

ဒီအလုပ်ကတော့ စောစောမထချင်တဲ့ သူတွေပဲ ရွေးချယ်ကြတဲ့အလုပ်ပါ။ သင်ဟာ မနက်ကို နောက်ကျပြီး မှ နိုးလာပေမယ့်လည်း သင့်ရဲ့ ညအိပ်ဝတ်စုံကို မလဲပဲ မနက်စာစားရင်းနဲ့ သင့်အလုပ်တွေကို သင့်အိမ် မှာပဲ အေးအေးဆေးဆေး လုပ်နိုင်မှာပါ။ အိပ်မပျော်တဲ့ ညတွေမှာ တစ်ညလုံး အလုပ်လုပ်ပြီး အိပ်ရေးဝတဲ့အထိ ပြန် အိပ်နေလို့လည်း ရပါတယ်။

၃။ အရက်စပ် သမား

မောနင်းတစ်ပတ် ဆိုတဲ့သူတွေဟာ မနက်အစောကြီး ဘားလိုက်ရှာပြီး မသောက်ကြပါဘူး။ အိမ်မှာပဲ သောက်ကြတာပါ။ ဒါပေမယ့် ညဘက်ဆိုရင်တော့ ဘားတွေမှာ သောက်ကြပါတယ်။ ဒါကြောင့် ညဘက်စောစော အိပ်မပျော်ဘူးဆိုရင်တော့ ဘားမှာ အရက်စပ်သမားလုပ်ခြင်းဟာ သင့်အတွက်တစ်နေကုန် နားခွင့်ပေးထားမှာပါ။

၄။ ဒီဂျေ (DJ)

မနက်စောစောတော့ ဘယ်ပါတီမှ မကျင်းပပါဘူး။ ဘယ်ကလပ်မှ မဖွင့်ပါဘူး။ သင်ဟာ ဂီတကို ချစ်ရမယ် ၊ နည်းပညာကို ချစ်ရမယ်၊ ပရိတ်သတ်ကိုချစ်ရမယ်။ ဒါဆိုရင်တော့ သင် ဒီဂျေ လုပ်တာပို အဆင်ပြေပါလိမ့်မယ်။ ဒီဂျေတွေဟာ ညဘက်ပဲ နောက်ကျသည်အထိ အလုပ်လုပ်ရမှာပါ။

၅။ ကိတ်မုန့်ဖုတ်သမား

ဟိုတယ်တွေ၊ ဧည့်ခံပွဲတွေ က စလို့ Bakery တွေအထိ အားလုံးဟာ မနက်စောစော ဆိုင်ဖွင့်ဖွင့်ချင်းမှာ ကိတ်တွေ ၊ မုန့်တွေ စားနိုင်အောင်စီစဉ်ထားရပါတယ်။ ဒါကြောင့် မုန့်ဖုတ်ခြင်းအလုပ်ကို တစ်ညလုံးနီးပါးလုပ်ရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခြားလူတွေ နိုးတဲ့အချိန်မှာ သင့်အလုပ် ပြီးဆုံးသွားပါပြီ။

၆။ သတင်းစာဆရာ

သတင်းစားသမားတွေဟာ မနက်ဖြန် မနက်ထွက်မယ့် သတင်းစာအတွက် ဒီညကိုတော့ ညနက်သည်အထိ အလုပ်လုပ်ရ ပါလိမ့်မယ်။ ဒါပေမယ့် မနက်ပိုင်းကိုတော့ သင်အစောကြီး ထစရာမလိုပါဘူး။ စောစောစီးစီး ဖြစ်တတ်တဲ့ အရေးပေါ်သတင်း ကိစ္စရပ် ရှိနေချိန်တွေက လွဲပြီးတော့ပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



ဖိုးသူတော် (www.phothutaw.com)
Credit:Irrawaddy
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top