iMyanmarHouse.com - Best Property Website for Myanmar
×

ကားရိုက္ပိုင္းနဲ႕ပတ္သက္ၿပီး ၂ ႏွစ္ေက်ာ္နီးပါး မရုိက္ျဖစ္ေတာ့တဲ့ ၀ုိင္းစုခုိင္သိန္းဟာ နယ္ရိႈးေတြမွာသီခ်င္းေတြဆုိ အေခြေတြထုတ္ကာ ဂီတဖက္မွာပဲစီးေမ်ာေနျပန္ပါတယ္။ ဂီတနဲ႕ပတ္သက္ၿပီး ၀ိုင္းစုခုိင္သိန္းဟာ ၂ လပိုင္းထဲမွာ ဂါအမ္တီဗီရုိက္ေတာ့မွာျဖစ္ၿပီး Mini Album အတြက္လဲ ျပင္ဆင္ေနတယ္လို႕သိရပါေသးတယ္။ ဒါ့အျပင္ ပရိသတ္ေတြစိတ္၀င္စားေနၾကတဲ့ အဆိုေတာ္ေအာင္လနဲ႕အခ်စ္ေရးကုိလဲ လူမႈကြန္ယက္ေပၚမွာဖြင့္ဟ၀န္ခံလိုက္တာမို႕သူမရဲ႕ အခ်စ္ေရးနဲ႕လက္ရွိမွာဖန္တီးျဖစ္ေနတ့ ဂီတအေၾကာင္းအရာမ်ားအေၾကာင္းကို အခုလိုသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-လတ္တေလာက အႏုပညာလႈပ္ရွားမႈ အေနနဲ႕ ဘာေတြလုပ္ျဖစ္ေနလဲ။

အခုလတ္တေလာက ၀ိုင္းစု ဂါ အေခြရဲ႕ ျမဴးဆစ္ ဗီဒီယိုရုိက္ဖို႕ရွိမယ္။ ေနာက္ရိႈးပြဲေတြကေတာ့ ဆက္တိုက္ရွိေနတယ္။ ေနာက္၀ိုင္းစု Mini Album ေလးလုပ္ဖို႕စီစဥ္ေနတယ္။ တစ္ေယာက္တည္းပါပဲ။ Featuring ပါလဲတစ္ေယာက္ေလာက္ပဲေပါ့။ ၆ပုဒ္ ( သို႕မဟုတ္ ) ၇ပုဒ္ေလာက္ေတာ့ ပါပါမယ္။ သၾကၤန္အၿပီးေလာက္ေတာ့ထြက္ျဖစ္မယ္။ ပံုစံေလးေတြနည္းနည္းခ်ိန္းၿပီး တခ်ိဳ႕သီခ်င္းေတြကို ၀ိုင္းစုလုပ္ေနၾက ပံုစံမဟုတ္တာေလးေတြလုပ္ခ်င္လို႕ပါ။

-မေလးမွာ သီခ်င္းသြားဆိုမယ္လို႕လဲသိရတယ္။

ဟုတ္ပါတယ္။ မေလးမွာပါ။ ၃ ညအိပ္ ၄ ရက္ေပါ့။ အလည္အပတ္အေနနဲ႕ မေလးမွာေတာ့မေနဘူး။ မေလးက အျပန္ ဘန္ေကာက္ကို ခဏ၀င္ပါမယ္။

-ဂါအေခြထဲက သီခ်င္းေတာ္ေတာ္မ်ားမ်ားကိုလဲ ပရိသတ္လက္ခံၾကတယ္ေနာ္။

ၾကိဳက္ၾကပါတယ္။ မ်ားေသာအားျဖင့္နဲ႕က လွည့္စားပါနဲ႕ ေကာင္းကင္နဲ႕ကုိပိုၾကိဳက္ၾကတယ္။ တျခားအပုဒ္ေတြလဲမွ်ၿပီးၾကိဳက္ၾကတယ္။

-ဂါသီခ်င္းက ေကာ္ပီသီခ်င္းလို႕ေျပာေနၾကတဲ့အေပၚ ကိုေန၀င္းကေတာ့ အမ္တီဗီထြက္ရင္တီးလံုးေတြျပန္ေျပာင္းမယ္လို႕ေျပာတယ္။ အဲ့ဒီအေပၚ ၀ိုင္းစုအျမင္ကိုလဲသိခ်င္ပါတယ္။

အဲ့ဒါဆိုရင္ေတာ့ သူေျပာင္းမယ္ထင္တယ္။ သူတို႕ေရးတာဆိုေတာ့ ဟုတ္မွာပါ။ ဒီမွာကေတာ့ မ်ားေသာအားျဖင့္ Reference ေတြယူတာမ်ားတာေပါ့။ ေကာ္ပီေတာ့တုိက္ရုိက္ၾကီးေတာ့မယူပါဘူး။ ဒါေပမဲ့ တီးလံုးျပန္ေျပာင္းမယ္ဆိုရင္လဲ ဘယ္လိုလုပ္မလဲေတာ့မသိဘူး။ ၀ိုင္းစုနဲ႕ေတာ့မေျပာရေသးဘူး။

-သီခ်င္းေရြးတဲ့ေနရာမွာလဲ ၀ိုင္းစုက အေနအထားေပၚမူတည္ၿပီးေရြးတတ္တာကိုေတြ႕ရတယ္။

သီခ်င္းေရြးတာကေတာ့ ဒီအခ်ိန္မွာဘာျဖစ္မယ္ဆိုၿပီးေရြးလို႕မရဘူး။ သီခ်င္းတစ္ေခြလုပ္တယ္ဆိုတာ အနည္းဆံုးတစ္ႏွစ္ေလာက္ေတာ့ အခ်ိန္ယူရတယ္။ တစ္ခါတစ္ေလ ႏွစ္ႏွစ္၊ သံုးႏွစ္ၾကာသြားတာမ်ိဳးလဲရွိတယ္။ ၾကိဳၿပီးေရြးရတာေပါ့။ ဒီအခ်ိန္မွာဘာျဖစ္မယ္ဆုိၿပီးေတာ့ သီခ်င္းကိုၾကိဳေရြးလို႕မရဘူး။ အဓိကကေတာ့ ၀ိုင္းစုဘယ္လိုယွဥ္လဲဆိုေတာ့ အရင္အေခြတုန္းက ဘာပါၿပီးၿပီလဲ။ ဘာအေၾကာင္းလဲ။ ဘယ္လုိပံုစံမ်ိဳးလဲေပါ့။ အဲ့ဒီဟာေတြနဲ႕မတူတဲ့ဟာမ်ိဳးကို တတ္ႏုိင္သမွ်ေရြးၿပီးထည့္တာေပါ့။

-သီခ်င္းေရြးရင္ ဂ်ီးမ်ားတယ္လို႕လဲၾကားတယ္။ ဒါေပမဲ့ ထုတ္သမွ်အေခြတုိင္းက ေပါက္တယ္ဆိုေတာ့ ဂ်ီးမ်ားရက်ိဳးနပ္တယ္လို႕ေျပာလို႕ရမလား။

သီခ်င္းကေရြးႏုိင္မွေတာ္ကာက်တယ္ေပါ့။ တခ်ိဳ႕သီခ်င္းေတြက်ေတာ့ မေကာင္းဘူးမဟုတ္ဘူး။ ေကာင္းတယ္။ ဒါေပမဲ့ ၀ိုင္းစုနဲ႕မလုိက္ဖက္ဘူး။ ကုိယ္ဆိုမဲ့အစား တျခားသူတစ္ေယာက္ဆိုရင္ဒီသီခ်င္းကေပါက္ရင္ေပါက္သြားမယ္။ အဲ့ဒီလိုမ်ိဳးေလးေတြကုိေရြးရတာေပါ့။ တစ္ခါတစ္ေလက်ရင္လဲ တခ်ိဳ႕သီခ်င္းေတြကို၀ယ္ထားတယ္။ ဒါေပမဲ့ပံုစံတူေနရင္ေနာက္တစ္ေခြက်မွထပ္ထည့္တယ္။ ပံုစံအရမ္းတူတဲ့သီခ်င္းမ်ိဳးတစ္ေခြထဲမွာထည့္လိုက္ရင္လဲ မေပါက္ျပန္ဘူးေပါ့။ စိစစ္ၿပီးထည့္ရတာေပါ့။

-အဲ့ဒါဆို အခုဖန္တီးေနတဲ့ Mini Album မွာေရာ ဘယ္လိုပံုစံမ်ိဳးေတြဖန္တီးျဖစ္မလဲ။

သီခ်င္းကေလာေလာဆယ္ ၂ ပုဒ္ပဲရေသးတယ္။ ေနာက္ထပ္ ၄ ပုဒ္ေတာ့ လိုေသးတယ္။ Mini Album ျဖစ္တဲ့အတြက္ နည္းနည္း ပံုစံေလးလဲေျပာင္းခ်င္တယ္။ ကိုေရႊဆီမွာအပ္ထားၿပီး အရင္အေခြမွာမထည့္ျဖစ္တဲ့တစ္ပုဒ္ရွိတယ္။ ျမဴးဆစ္ပုံစံခ်ိန္းၿပီးတီးရမဲ့ဟာေပါ့။ အဲ့ဒီလိုမ်ိဳးေနာက္ထပ္ ၁ပုဒ္၊ ၂ပုဒ္ေလာက္ထပ္ထည့္ခ်င္တယ္။ နည္းနည္းေလးေတာ့ျပင္ဆင္ရတာေပါ့။

-ကိုေအာင္လနဲ႕ပံုကို Public တင္ထားေတာေတြ႕ရတယ္။

အဲ့ဒါကေတာ့ ဘာမွေထြေထြထူးထူးမဟုတ္ပါဘူး။ ၀ိုင္းစုတို႕ ဒီအတိုင္းပဲ Relationship တင္လိုက္တဲ့သေဘာပါ။

-ပြင့္ပြင့္လင္းလင္းတြဲလိုက္တဲ့အေပၚ ဘယ္လိုခံစားရလဲ။

၀ိုင္းစုအစကတည္းက ပရိသတ္ကို ဘာမွမလိမ္ထားဘူး။ ၀ိုင္းစုအိမ္ေထာင္ကြဲတယ္ဆိုလဲကြဲတယ္။ ၾကားထဲမွာလဲဘာမွမလိမ္ထားဘူး။ ဒါေပမဲ့ ၾကားထဲမွာ ေျပာၾကတယ္။ ဆိုၾကတယ္ဆိုတာကလဲ page ေတြက ဘုမသိ၊ ဘမသိေရးတဲ့ဟာေတြကို နယ္ကလူေတြကယံုတယ္။ ပရိသတ္အားလံုးကလဲ ကိုယ္နဲ႕ထိေတြ႕ေနတာမဟုတ္ဘူးေလ။ ကိုယ့္အေၾကာင္းမသိၾကေတာ့ယံုၾကတယ္။ ထင္ေယာင္ထင္မွားျဖစ္ၾကတယ္။ Page ေတြကေျပာတာေတြကိုယံုၿပီးေရးၾကတာပဲရွိတယ္။ ၀ိုင္းစုကေတာ့ ခုိးေၾကာင္ခုိး၀ွက္ဘာတစ္ခုမွမလုပ္ထားပါဘူး။ အဲ့ဒီေတာ့ အဲ့ဒီအေပၚမွာလဲ ဘာမွေတာ့ခံစားခ်က္မရွိပါဘူး။ သူ႕ဟာသူနားလည္လာမွာပါ။

-၀ိုင္းစုအခုလက္တြဲထားတဲ့ သူအေပၚမွာေရာ စိတ္ေက်နပ္မႈအျပည့္အ၀ရွိရဲ႕လား။

ရွိပါတယ္။ အေစာၾကီးကတည္းက သူနဲ႕၀ိုင္းစုကငယ္ရည္းစားေတြပါ။ ဟိုးအရင္ကတည္းကအေၾကာင္းေၾကာင္း ေၾကာင့္လမ္းခြဲေပးလုိက္ရတာပဲရွိတယ္။ အခုခ်ိန္မွာသူေရာ၊ ၀ိုင္းစုေရာ ဘာမွအေႏွာင္အဖြဲ႕မရွိေတာ့ဘူးဆိုေတာ့ ျပန္လက္တြဲတယ္။ ဒါပါပဲ။ ဘာမွထူးထူးဆန္းဆန္းေထြေထြထူးထူးမရွိပါဘူး။ ေျပာရမယ္ဆိုရင္ Celebrity ဆိုေတာ့ အားလံုးက ကရုဏာ ေဒါေသာနဲ႕ေျပာတာေပါ့။ မျဖစ္ေစခ်င္ၾကဘူး။။ အိမ္ေထာင္မကြဲေစခ်င္ၾကဘူး။ ဒါေပမဲ့ အဆင္မေျပတဲ့ အရာတစ္ခုကိုေတာ့ ၀ိုင္းစုလဲဆက္မသြားခ်င္ဘူး။ အဲ့ဒါေၾကာင့္ရပ္တန္းကရပ္လိုက္တယ္။ ေရွ႕တံခါးတစ္ခ်ပ္ကို ပိတ္ၿပီးမွ ေနာက္တံခါးတစ္ခ်က္ကိုဖြင့္တာပါ။ ၀ိုင္းစုေပါက္တတ္ကရလုပ္တာလဲမဟုတ္ဘူး။ အဲ့ဒီေတာ့ တျဖည္းျဖည္းခ်င္းနားလည္လာမွာပါ။ ေနာက္ၿပီးေတာ့ အိမ္ေထာင္ကြဲတယ္ဆုိတာကလဲ ၀ိုင္းစုမွစျဖစ္တာမဟုတ္ဘူး။ တစ္ကမာၻလံုးမွာျဖစ္ေနၾကတာပဲ။ အိမ္ေထာင္ကြဲၿပီးရင္ေနာက္ထပ္လက္တြဲေဖာ္ရွာတာလဲ ၀ိုင္းစုမွပထမဦးဆံုးမဟုတ္ဘူး။ ဒါေပမဲ့ Celebrity ျဖစ္ေနတဲ့အတြက္ထူးဆန္းၿပီးေျပာၾကတာေပါ့။ ေျပာၾကတယ္ဆိုတာကလဲ ခဏတာအတြက္ေပါ့။ ခဏတာအတြက္ကေတာ့ အဓိကက သူတို႕က ဒီလိုမျဖစ္ေစခ်င္လို႕ေျပာၾကတာ ပိုမ်ားတယ္။ အဲ့ဒီအတြက္လဲ နားလည္တယ္။ ၀ိုင္းစုကေတာ့ ၀ိုင္းစုေရြးခ်ယ္ထားတဲ့သူနဲ႕ဘ၀တစ္သက္တာလံုး သာသာယာယာလက္တြဲသြားမယ္။ ၀ိုင္းစုတို႕အလုပ္ေတြအတူတူၾကိဳးစားၿပီးလုပ္ၾကမယ္။ အဲ့ဒီအေပၚမွာတျဖည္းျဖည္းခ်င္းပရိသတ္ေတြနားလည္လာမယ္။ အခုကေတာ့ Page ေတြကဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိ ေလွ်ာက္ေရးတဲ့အေပၚမွာယံုၿပီးေတာ့ျဖစ္ေနၾကတာေပါ့။ အဲ့ဒီအေပၚမွာဘာသက္ေသအေထာက္အထားမွလဲမရွိဘူးေလ။ သူတို႕ေျပာတဲ့အေပၚမွာ ယံုတဲ့သူေတြကလဲယံုမွာပဲ။ အဲ့ဒီအေပၚမွာ ၀ိုင္းစုလိုက္ၿပီးေျဖရွင္းေနရင္ေျဖရွင္းေလ၊ ပိုဆိုးေလ၊ ေျဖရွင္းေလပိုေရးေလျဖစ္ေနလိမ့္မယ္။ သူတို႕အတြက္သတင္းဖန္တီးေပးသလိုျဖစ္ေနတာေပါ့။

-၀ိုင္းစုတို႕ႏွစ္ေယာက္ ရဲ႕ ကိုယ္ပိုင္ဘ၀ေလးကိုေရာ ဘယ္ေတာ့ေလာက္တည္ေထာင္ျဖစ္မလဲ။

အဲ့ဒီလိုေတာ့မမွန္းထားပါဘူး။ ဘယ္သူမဆုိဒီေန႕နဲ႕ေနာက္ေန႕ေတာင္ဘာျဖစ္မလဲမသိတာၾကိဳေတာ့မေျပာတတ္ေသးဘူးေပါ့။ အေကာင္အထည္ေဖာ္မယ္ဆုိရင္ေတာ့ေျပာမွာပါ။

-အႏုပညာသမားအခ်င္းခ်င္းဆိုေတာ့ သူကေရာ ၀ိုင္းစုကိုဘယ္လိုအကူအညီေတြေပးလဲ။

သူကလဲ ၀ိုင္းစုကို အမ်ားၾကီးသင္ေပးတယ္။ တခ်ိဳ႕မသိတဲ့ေနရာေလးေတြေပါ့။ ၀ိုင္းစုအတြက္ပိုၿပီးေတာ့အေထာက္အကူပိုျဖစ္ပါတယ္။

-ေဖေဖာ္၀ါရီ ၁၄ အတြက္ေရာ ဘာအစီအစဥ္ရွိမလဲ။

ဘာမွမရွိေသးဘူး။

-သူ႕အတြက္ Surprise တစ္ခုခုလုပ္ေပးဖို႕ေရာစဥ္းစားထားေသးလား။

အဲ့ဒီလိုေတာ့ မစဥ္းစားထားေသးဘူး။ အဲ့ဒီေန႕က အရမ္းၾကီးေတာ့လဲမဟုတ္ဘူး။ အဓိကက တစ္ေယာက္အေပၚတစ္ေယာက္စိတ္ရွိဖို႕ပဲလိုတာေလ။ ခ်စ္သူမ်ားေန႕ရယ္လို႕မဟုတ္ဘူး။ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ တစ္ေယာက္အေပၚ တစ္ေယာက္စိတ္ရွိဖို႕ပဲလုိပါတယ္။ တကယ္ခ်စ္ေနဖို႕ပဲလိုပါတယ္။

-၂၀၁၇ ခ်စ္သူမ်ားေန႕ကို ကိုယ့္ရဲ႕ ငယ္ရည္းစားနဲ႕ျဖတ္သန္းရမဲ့ ခံစားခ်က္ကေရာ ဘယ္လိုရွိလဲ။

ခံစားခ်က္ကေတာ့ ၀ိုင္းစုအခုေပ်ာ္ေနတယ္။ ၀ိုင္းစုတကယ္ခ်စ္တဲ့သူနဲ႕၀ိုင္းစုအတူတူသြားမယ္။ ၀ိုင္းစုတို႕ႏွစ္ေယာက္လံုးစိတ္ညစ္တာေတြလဲမရွိဘူး။ ကိုယ့္ဟာကိုယ္အလုပ္ကုိေကာင္းေကာင္းလုပ္မယ္။ ဘာလုပ္မယ္။ ဘာလုပ္မယ္ဆုိၿပီး ၀ိုင္းစုတို႕မွာ plan ေတြရွိတယ္။ အလွဴေတြလဲလုပ္မယ္။ ရတဲ့ အႏုပညာေၾကးကေန ဆယ္ပံုပံုတစ္ပံုခြဲၿပီးလွဴသြားမယ္။ အဲ့ဒီလိုေလးေတြစဥ္းစားထားတယ္။ ၀ိုင္းစုတို႕လုပ္စရာေတြအမ်ားၾကီးရွိပါတယ္။

-ႏွစ္ေယာက္တြဲၿပီး သီခ်င္းဖန္တီးရင္ ပရိသတ္ေတြေတာ္ေတာ္ၾကိဳက္ၾကမယ္ေနာ္။

သီခ်င္းတြဲလုပ္ဖို႕ေတာ့ မသိေသးဘူး။ လုပ္ျဖစ္ရင္လဲလုပ္ျဖစ္မွာေပါ့။

-ငယ္ရည္းစားျဖစ္တဲ့ သူ႕အေပၚမွာထားတဲ့ ၀ိုင္းစုရဲ႕ စိတ္ခံစားခ်က္ကေရာ ဘယ္လိုရွိလဲ။

အေစာၾကီးကတည္းက သူနဲ႕၀ိုင္းစုနဲ႕က လမ္းခြဲေပးလိုက္ရတာပါ။ လမ္းခြဲေပးလိုက္ရတဲ့အေပၚမွာ အခု၀ိုင္းစုတို႕ေရွ႕မွာရွိခဲ့တဲ့အရာေတြအားလံုးကုိရပ္တန္းကရပ္ၿပီးေတာ့ ႏွစ္ေယာက္စလံုးျပန္လက္တြဲတယ္။ ဘာမွေတာ့ေထြေထြထူးထူးမရွိပါဘူး။ အဓိက အခ်စ္ေပါ့။ သူက၀ိုင္းစုကိုတကယ္ခ်စ္တယ္။ ၀ိုင္းစုကလဲသူ႕ကိုတကယ္ခ်စ္တယ္။ အဲ့ဒါေၾကာင့္ ျပန္လက္တြဲျဖစ္တယ္။ တျခားေတာ့ေထြေထြထူးထူးမရွိဘူး။ နားလည္မႈဆိုတာက ခ်စ္ရင္ဘာမဆိုနားလည္ႏုိင္ပါတယ္။

-အျပန္အလွန္တစ္ေယာက္နဲ႕တစ္ေယာက္ျပန္ေရြးခ်ယ္ၾကတဲ့အေပၚမွာလဲ တခ်ိဳ႕ေသာလူေတြရဲ႕ ေ၀ဖန္မႈကို ခံရတဲ့အေပၚမွာေရာ ဘယ္လုိျမင္မိလဲ။

မလိုတဲ့သူကေတာ့ ၊ မုန္းတဲ့သူကမုန္းတဲ့မ်က္စိနဲ႕ၾကည့္မယ္။ ခ်စ္တဲ့သူကခ်စ္တဲ့မ်က္စိနဲ႕ၾကည့္မယ္။ ခ်စ္တဲ့သူကအေကာင္းျမင္ၿပီးေတာ့ မုန္းတဲ့သူကေတာ့ မေကာင္းျမင္မွာပဲ။ အဲ့ဒီေတာ့ ၀ိုင္းစုတုိ႕ကိုမၾကိဳက္တဲ့သူလဲရွိမယ္။ မလိုတဲ့သူလဲရွိမယ္။ တျခားတစ္ဖက္ကအသိုင္းအ၀ိုင္းေတြလဲရွိမယ္။ အဲ့ဒီေတာ့ တျခားဖက္ကအသိုင္းအ၀ိုင္းကေတာ့ ၀ိုင္းစုကိုမေကာင္းေျပာမွာပဲ။ မေကာင္းေျပာတာကို လိုက္ၿပီးခံစားေနမဲ့အစား၀ိုင္းစုကေတာ့ ကိုယ့္အလုပ္ကိုပဲ အေကာင္းဆံုးၾကိဳးစားၿပီးလုပ္မယ္။ ပရိသတ္မၾကိဳက္လို႕လက္မခံတာကသူတို႕အပိုင္းၾကိဳးစားေနရမွာက ၀ိုင္းစုအပိုင္းေပါ့။ ၀ိုင္းစုအပုိင္းကို ၀ိုင္းစုတာ၀န္ေက်ေအာင္လုပ္မယ္။ အဲ့ဒါပဲ၀ိုင္းစုေခါင္းထဲထည့္ထားတယ္။

-ရင္ဘတ္မွာ ေအာင္လဆုိၿပီး တက္တူးထုိးျဖစ္တဲ့ စိတ္ကူးကိုလဲသိခ်င္ပါတယ္။

တက္တူးနဲ႕ပတ္သက္ၿပီး သူမ်ားနာမည္ကို အစ္မခႏၶာကိုယ္ေပၚမွာ ထိုးမယ္လို႕ဘယ္တုန္းကမွ စိတ္ကူးမရွိခဲ့ဘူး။ ရည္ရြယ္ခ်က္လဲလံုး၀မရွိဘူး။ ဒါေပမဲ့ အစ္မတကယ္ခ်စ္လို႕ တက္တူးကို အစ္မခႏၶာကိုယ္ေပၚမွာထုိးတာပါ။ မခ်စ္ရင္လံုး၀ထိုးမွာမဟုတ္ပါဘူး။ အစ္မရည္ရြယ္ထားတာကအစ္မကေလးေမြးလာရင္အဲ့ဒီကေလးနာမည္ကိုတက္တူးထုိးမယ္လို႕ရည္ရြယ္ထားဖူးတယ္။ ဒါေပမဲ့ ကိုယ့္ကေလးကုိယ့္ေသြးသား မဟုတ္ပဲနဲ႕ကုိယ့္ခႏၶာကိုယ္ေပၚမွာထိုးဖို႕ဆိုတာ ေတာ္ရံုနဲ႕ေတာ့မရဘူး။ အဲ့ဒီေတာ့ ဒီဟာက၀ိုင္းစုတို႕poppin လုပ္ေနတာလဲမဟုတ္ဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္တကယ္ခ်စ္လို႕ကို အစ္မနာမည္ကိုသူထုိးတယ္။ သူ႕နာမည္ကို အစ္မထိုးတယ္။ ဒါပါပဲ။

-ကားရိုက္ပိုင္းမွာလဲ သိပ္မေတြ႕ရတာၾကာၿပီေနာ္။

ကားရိုက္ပိုင္းက ၀ိုင္းစုနားထားတာ ၂ ႏွစ္ခြဲေလာက္ရွိၿပီ။ ရိုက္မယ္ဆိုရင္ေတာ ၀ိုင္းစုေသခ်ာစီစဥ္ၿပီးေတာ့ ရိုက္ေနက် သမာရိုးက်ပံုစံမဟုတ္ပဲ ေသေသခ်ာခ်ာေလး ရုိက္ဖို႕ေတာ့ အစီအစဥ္ရွိပါတယ္။ အစီအစဥ္ရွိေပမဲ့လဲ ေလာေလာဆယ္ေတာ့ ၀ိုင္းစု စၿပီးလုပ္ေနတုန္းပဲေပါ့။ ဒါေပမဲ့ကားတိုင္းေတာ့မရိုက္ျဖစ္ေတာ့ပါဘူး။

Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီး ၂ နှစ်ကျော်နီးပါး မရိုက်ဖြစ်တော့တဲ့ ဝိုင်းစုခိုင်သိန်းဟာ နယ်ရှိုးတွေမှာသီချင်းတွေဆို အခွေတွေထုတ်ကာ ဂီတဖက်မှာပဲစီးမျောနေပြန်ပါတယ်။ ဂီတနဲ့ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းဟာ ၂ လပိုင်းထဲမှာ ဂါအမ်တီဗီရိုက်တော့မှာဖြစ်ပြီး Mini Album အတွက်လဲ ပြင်ဆင်နေတယ်လို့သိရပါသေးတယ်။ ဒါ့အပြင် ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ အဆိုတော်အောင်လနဲ့အချစ်ရေးကိုလဲ လူမှုကွန်ယက်ပေါ်မှာဖွင့်ဟဝန်ခံလိုက်တာမို့သူမရဲ့ အချစ်ရေးနဲ့လက်ရှိမှာဖန်တီးဖြစ်နေတ့ ဂီတအကြောင်းအရာများအကြောင်းကို အခုလိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-လတ်တလောက အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

အခုလတ်တလောက ဝိုင်းစု ဂါ အခွေရဲ့ မြူးဆစ် ဗီဒီယိုရိုက်ဖို့ရှိမယ်။ နောက်ရှိုးပွဲတွေကတော့ ဆက်တိုက်ရှိနေတယ်။ နောက်ဝိုင်းစု Mini Album လေးလုပ်ဖို့စီစဉ်နေတယ်။ တစ်ယောက်တည်းပါပဲ။ Featuring ပါလဲတစ်ယောက်လောက်ပဲပေါ့။ ၆ပုဒ် ( သို့မဟုတ် ) ၇ပုဒ်လောက်တော့ ပါပါမယ်။ သင်္ကြန်အပြီးလောက်တော့ထွက်ဖြစ်မယ်။ ပုံစံလေးတွေနည်းနည်းချိန်းပြီး တချို့သီချင်းတွေကို ဝိုင်းစုလုပ်နေကြ ပုံစံမဟုတ်တာလေးတွေလုပ်ချင်လို့ပါ။

-မလေးမှာ သီချင်းသွားဆိုမယ်လို့လဲသိရတယ်။

ဟုတ်ပါတယ်။ မလေးမှာပါ။ ၃ ညအိပ် ၄ ရက်ပေါ့။ အလည်အပတ်အနေနဲ့ မလေးမှာတော့မနေဘူး။ မလေးက အပြန် ဘန်ကောက်ကို ခဏဝင်ပါမယ်။

-ဂါအခွေထဲက သီချင်းတော်တော်များများကိုလဲ ပရိသတ်လက်ခံကြတယ်နော်။

ကြိုက်ကြပါတယ်။ များသောအားဖြင့်နဲ့က လှည့်စားပါနဲ့ ကောင်းကင်နဲ့ကိုပိုကြိုက်ကြတယ်။ တခြားအပုဒ်တွေလဲမျှပြီးကြိုက်ကြတယ်။

-ဂါသီချင်းက ကော်ပီသီချင်းလို့ပြောနေကြတဲ့အပေါ် ကိုနေဝင်းကတော့ အမ်တီဗီထွက်ရင်တီးလုံးတွေပြန်ပြောင်းမယ်လို့ပြောတယ်။ အဲ့ဒီအပေါ် ဝိုင်းစုအမြင်ကိုလဲသိချင်ပါတယ်။

အဲ့ဒါဆိုရင်တော့ သူပြောင်းမယ်ထင်တယ်။ သူတို့ရေးတာဆိုတော့ ဟုတ်မှာပါ။ ဒီမှာကတော့ များသောအားဖြင့် Reference တွေယူတာများတာပေါ့။ ကော်ပီတော့တိုက်ရိုက်ကြီးတော့မယူပါဘူး။ ဒါပေမဲ့ တီးလုံးပြန်ပြောင်းမယ်ဆိုရင်လဲ ဘယ်လိုလုပ်မလဲတော့မသိဘူး။ ဝိုင်းစုနဲ့တော့မပြောရသေးဘူး။

-သီချင်းရွေးတဲ့နေရာမှာလဲ ဝိုင်းစုက အနေအထားပေါ်မူတည်ပြီးရွေးတတ်တာကိုတွေ့ရတယ်။

သီချင်းရွေးတာကတော့ ဒီအချိန်မှာဘာဖြစ်မယ်ဆိုပြီးရွေးလို့မရဘူး။ သီချင်းတစ်ခွေလုပ်တယ်ဆိုတာ အနည်းဆုံးတစ်နှစ်လောက်တော့ အချိန်ယူရတယ်။ တစ်ခါတစ်လေ နှစ်နှစ်၊ သုံးနှစ်ကြာသွားတာမျိုးလဲရှိတယ်။ ကြိုပြီးရွေးရတာပေါ့။ ဒီအချိန်မှာဘာဖြစ်မယ်ဆိုပြီးတော့ သီချင်းကိုကြိုရွေးလို့မရဘူး။ အဓိကကတော့ ဝိုင်းစုဘယ်လိုယှဉ်လဲဆိုတော့ အရင်အခွေတုန်းက ဘာပါပြီးပြီလဲ။ ဘာအကြောင်းလဲ။ ဘယ်လိုပုံစံမျိုးလဲပေါ့။ အဲ့ဒီဟာတွေနဲ့မတူတဲ့ဟာမျိုးကို တတ်နိုင်သမျှရွေးပြီးထည့်တာပေါ့။

-သီချင်းရွေးရင် ဂျီးများတယ်လို့လဲကြားတယ်။ ဒါပေမဲ့ ထုတ်သမျှအခွေတိုင်းက ပေါက်တယ်ဆိုတော့ ဂျီးများရကျိုးနပ်တယ်လို့ပြောလို့ရမလား။

သီချင်းကရွေးနိုင်မှတော်ကာကျတယ်ပေါ့။ တချို့သီချင်းတွေကျတော့ မကောင်းဘူးမဟုတ်ဘူး။ ကောင်းတယ်။ ဒါပေမဲ့ ဝိုင်းစုနဲ့မလိုက်ဖက်ဘူး။ ကိုယ်ဆိုမဲ့အစား တခြားသူတစ်ယောက်ဆိုရင်ဒီသီချင်းကပေါက်ရင်ပေါက်သွားမယ်။ အဲ့ဒီလိုမျိုးလေးတွေကိုရွေးရတာပေါ့။ တစ်ခါတစ်လေကျရင်လဲ တချို့သီချင်းတွေကိုဝယ်ထားတယ်။ ဒါပေမဲ့ပုံစံတူနေရင်နောက်တစ်ခွေကျမှထပ်ထည့်တယ်။ ပုံစံအရမ်းတူတဲ့သီချင်းမျိုးတစ်ခွေထဲမှာထည့်လိုက်ရင်လဲ မပေါက်ပြန်ဘူးပေါ့။ စိစစ်ပြီးထည့်ရတာပေါ့။

-အဲ့ဒါဆို အခုဖန်တီးနေတဲ့ Mini Album မှာရော ဘယ်လိုပုံစံမျိုးတွေဖန်တီးဖြစ်မလဲ။

သီချင်းကလောလောဆယ် ၂ ပုဒ်ပဲရသေးတယ်။ နောက်ထပ် ၄ ပုဒ်တော့ လိုသေးတယ်။ Mini Album ဖြစ်တဲ့အတွက် နည်းနည်း ပုံစံလေးလဲပြောင်းချင်တယ်။ ကိုရွှေဆီမှာအပ်ထားပြီး အရင်အခွေမှာမထည့်ဖြစ်တဲ့တစ်ပုဒ်ရှိတယ်။ မြူးဆစ်ပုံစံချိန်းပြီးတီးရမဲ့ဟာပေါ့။ အဲ့ဒီလိုမျိုးနောက်ထပ် ၁ပုဒ်၊ ၂ပုဒ်လောက်ထပ်ထည့်ချင်တယ်။ နည်းနည်းလေးတော့ပြင်ဆင်ရတာပေါ့။

-ကိုအောင်လနဲ့ပုံကို Public တင်ထားတောတွေ့ရတယ်။

အဲ့ဒါကတော့ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး။ ဝိုင်းစုတို့ ဒီအတိုင်းပဲ Relationship တင်လိုက်တဲ့သဘောပါ။

-ပွင့်ပွင့်လင်းလင်းတွဲလိုက်တဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဝိုင်းစုအစကတည်းက ပရိသတ်ကို ဘာမှမလိမ်ထားဘူး။ ဝိုင်းစုအိမ်ထောင်ကွဲတယ်ဆိုလဲကွဲတယ်။ ကြားထဲမှာလဲဘာမှမလိမ်ထားဘူး။ ဒါပေမဲ့ ကြားထဲမှာ ပြောကြတယ်။ ဆိုကြတယ်ဆိုတာကလဲ page တွေက ဘုမသိ၊ ဘမသိရေးတဲ့ဟာတွေကို နယ်ကလူတွေကယုံတယ်။ ပရိသတ်အားလုံးကလဲ ကိုယ်နဲ့ထိတွေ့နေတာမဟုတ်ဘူးလေ။ ကိုယ့်အကြောင်းမသိကြတော့ယုံကြတယ်။ ထင်ယောင်ထင်မှားဖြစ်ကြတယ်။ Page တွေကပြောတာတွေကိုယုံပြီးရေးကြတာပဲရှိတယ်။ ဝိုင်းစုကတော့ ခိုးကြောင်ခိုးဝှက်ဘာတစ်ခုမှမလုပ်ထားပါဘူး။ အဲ့ဒီတော့ အဲ့ဒီအပေါ်မှာလဲ ဘာမှတော့ခံစားချက်မရှိပါဘူး။ သူ့ဟာသူနားလည်လာမှာပါ။

-ဝိုင်းစုအခုလက်တွဲထားတဲ့ သူအပေါ်မှာရော စိတ်ကျေနပ်မှုအပြည့်အဝရှိရဲ့လား။

ရှိပါတယ်။ အစောကြီးကတည်းက သူနဲ့ဝိုင်းစုကငယ်ရည်းစားတွေပါ။ ဟိုးအရင်ကတည်းကအကြောင်းကြောင်း ကြောင့်လမ်းခွဲပေးလိုက်ရတာပဲရှိတယ်။ အခုချိန်မှာသူရော၊ ဝိုင်းစုရော ဘာမှအနှောင်အဖွဲ့မရှိတော့ဘူးဆိုတော့ ပြန်လက်တွဲတယ်။ ဒါပါပဲ။ ဘာမှထူးထူးဆန်းဆန်းထွေထွေထူးထူးမရှိပါဘူး။ ပြောရမယ်ဆိုရင် Celebrity ဆိုတော့ အားလုံးက ကရုဏာ ဒေါသောနဲ့ပြောတာပေါ့။ မဖြစ်စေချင်ကြဘူး။။ အိမ်ထောင်မကွဲစေချင်ကြဘူး။ ဒါပေမဲ့ အဆင်မပြေတဲ့ အရာတစ်ခုကိုတော့ ဝိုင်းစုလဲဆက်မသွားချင်ဘူး။ အဲ့ဒါကြောင့်ရပ်တန်းကရပ်လိုက်တယ်။ ရှေ့တံခါးတစ်ချပ်ကို ပိတ်ပြီးမှ နောက်တံခါးတစ်ချက်ကိုဖွင့်တာပါ။ ဝိုင်းစုပေါက်တတ်ကရလုပ်တာလဲမဟုတ်ဘူး။ အဲ့ဒီတော့ တဖြည်းဖြည်းချင်းနားလည်လာမှာပါ။ နောက်ပြီးတော့ အိမ်ထောင်ကွဲတယ်ဆိုတာကလဲ ဝိုင်းစုမှစဖြစ်တာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာဖြစ်နေကြတာပဲ။ အိမ်ထောင်ကွဲပြီးရင်နောက်ထပ်လက်တွဲဖော်ရှာတာလဲ ဝိုင်းစုမှပထမဦးဆုံးမဟုတ်ဘူး။ ဒါပေမဲ့ Celebrity ဖြစ်နေတဲ့အတွက်ထူးဆန်းပြီးပြောကြတာပေါ့။ ပြောကြတယ်ဆိုတာကလဲ ခဏတာအတွက်ပေါ့။ ခဏတာအတွက်ကတော့ အဓိကက သူတို့က ဒီလိုမဖြစ်စေချင်လို့ပြောကြတာ ပိုများတယ်။ အဲ့ဒီအတွက်လဲ နားလည်တယ်။ ဝိုင်းစုကတော့ ဝိုင်းစုရွေးချယ်ထားတဲ့သူနဲ့ဘဝတစ်သက်တာလုံး သာသာယာယာလက်တွဲသွားမယ်။ ဝိုင်းစုတို့အလုပ်တွေအတူတူကြိုးစားပြီးလုပ်ကြမယ်။ အဲ့ဒီအပေါ်မှာတဖြည်းဖြည်းချင်းပရိသတ်တွေနားလည်လာမယ်။ အခုကတော့ Page တွေကဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လျှောက်ရေးတဲ့အပေါ်မှာယုံပြီးတော့ဖြစ်နေကြတာပေါ့။ အဲ့ဒီအပေါ်မှာဘာသက်သေအထောက်အထားမှလဲမရှိဘူးလေ။ သူတို့ပြောတဲ့အပေါ်မှာ ယုံတဲ့သူတွေကလဲယုံမှာပဲ။ အဲ့ဒီအပေါ်မှာ ဝိုင်းစုလိုက်ပြီးဖြေရှင်းနေရင်ဖြေရှင်းလေ၊ ပိုဆိုးလေ၊ ဖြေရှင်းလေပိုရေးလေဖြစ်နေလိမ့်မယ်။ သူတို့အတွက်သတင်းဖန်တီးပေးသလိုဖြစ်နေတာပေါ့။

-ဝိုင်းစုတို့နှစ်ယောက် ရဲ့ ကိုယ်ပိုင်ဘဝလေးကိုရော ဘယ်တော့လောက်တည်ထောင်ဖြစ်မလဲ။

အဲ့ဒီလိုတော့မမှန်းထားပါဘူး။ ဘယ်သူမဆိုဒီနေ့နဲ့နောက်နေ့တောင်ဘာဖြစ်မလဲမသိတာကြိုတော့မပြောတတ်သေးဘူးပေါ့။ အကောင်အထည်ဖော်မယ်ဆိုရင်တော့ပြောမှာပါ။

-အနုပညာသမားအချင်းချင်းဆိုတော့ သူကရော ဝိုင်းစုကိုဘယ်လိုအကူအညီတွေပေးလဲ။

သူကလဲ ဝိုင်းစုကို အများကြီးသင်ပေးတယ်။ တချို့မသိတဲ့နေရာလေးတွေပေါ့။ ဝိုင်းစုအတွက်ပိုပြီးတော့အထောက်အကူပိုဖြစ်ပါတယ်။

-ဖေဖော်ဝါရီ ၁၄ အတွက်ရော ဘာအစီအစဉ်ရှိမလဲ။

ဘာမှမရှိသေးဘူး။

-သူ့အတွက် Surprise တစ်ခုခုလုပ်ပေးဖို့ရောစဉ်းစားထားသေးလား။

အဲ့ဒီလိုတော့ မစဉ်းစားထားသေးဘူး။ အဲ့ဒီနေ့က အရမ်းကြီးတော့လဲမဟုတ်ဘူး။ အဓိကက တစ်ယောက်အပေါ်တစ်ယောက်စိတ်ရှိဖို့ပဲလိုတာလေ။ ချစ်သူများနေ့ရယ်လို့မဟုတ်ဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် တစ်ယောက်အပေါ် တစ်ယောက်စိတ်ရှိဖို့ပဲလိုပါတယ်။ တကယ်ချစ်နေဖို့ပဲလိုပါတယ်။

-၂၀၁၇ ချစ်သူများနေ့ကို ကိုယ့်ရဲ့ ငယ်ရည်းစားနဲ့ဖြတ်သန်းရမဲ့ ခံစားချက်ကရော ဘယ်လိုရှိလဲ။

ခံစားချက်ကတော့ ဝိုင်းစုအခုပျော်နေတယ်။ ဝိုင်းစုတကယ်ချစ်တဲ့သူနဲ့ဝိုင်းစုအတူတူသွားမယ်။ ဝိုင်းစုတို့နှစ်ယောက်လုံးစိတ်ညစ်တာတွေလဲမရှိဘူး။ ကိုယ့်ဟာကိုယ်အလုပ်ကိုကောင်းကောင်းလုပ်မယ်။ ဘာလုပ်မယ်။ ဘာလုပ်မယ်ဆိုပြီး ဝိုင်းစုတို့မှာ plan တွေရှိတယ်။ အလှူတွေလဲလုပ်မယ်။ ရတဲ့ အနုပညာကြေးကနေ ဆယ်ပုံပုံတစ်ပုံခွဲပြီးလှူသွားမယ်။ အဲ့ဒီလိုလေးတွေစဉ်းစားထားတယ်။ ဝိုင်းစုတို့လုပ်စရာတွေအများကြီးရှိပါတယ်။

-နှစ်ယောက်တွဲပြီး သီချင်းဖန်တီးရင် ပရိသတ်တွေတော်တော်ကြိုက်ကြမယ်နော်။

သီချင်းတွဲလုပ်ဖို့တော့ မသိသေးဘူး။ လုပ်ဖြစ်ရင်လဲလုပ်ဖြစ်မှာပေါ့။

-ငယ်ရည်းစားဖြစ်တဲ့ သူ့အပေါ်မှာထားတဲ့ ဝိုင်းစုရဲ့ စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ။

အစောကြီးကတည်းက သူနဲ့ဝိုင်းစုနဲ့က လမ်းခွဲပေးလိုက်ရတာပါ။ လမ်းခွဲပေးလိုက်ရတဲ့အပေါ်မှာ အခုဝိုင်းစုတို့ရှေ့မှာရှိခဲ့တဲ့အရာတွေအားလုံးကိုရပ်တန်းကရပ်ပြီးတော့ နှစ်ယောက်စလုံးပြန်လက်တွဲတယ်။ ဘာမှတော့ထွေထွေထူးထူးမရှိပါဘူး။ အဓိက အချစ်ပေါ့။ သူကဝိုင်းစုကိုတကယ်ချစ်တယ်။ ဝိုင်းစုကလဲသူ့ကိုတကယ်ချစ်တယ်။ အဲ့ဒါကြောင့် ပြန်လက်တွဲဖြစ်တယ်။ တခြားတော့ထွေထွေထူးထူးမရှိဘူး။ နားလည်မှုဆိုတာက ချစ်ရင်ဘာမဆိုနားလည်နိုင်ပါတယ်။

-အပြန်အလှန်တစ်ယောက်နဲ့တစ်ယောက်ပြန်ရွေးချယ်ကြတဲ့အပေါ်မှာလဲ တချို့သောလူတွေရဲ့ ဝေဖန်မှုကို ခံရတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။

မလိုတဲ့သူကတော့ ၊ မုန်းတဲ့သူကမုန်းတဲ့မျက်စိနဲ့ကြည့်မယ်။ ချစ်တဲ့သူကချစ်တဲ့မျက်စိနဲ့ကြည့်မယ်။ ချစ်တဲ့သူကအကောင်းမြင်ပြီးတော့ မုန်းတဲ့သူကတော့ မကောင်းမြင်မှာပဲ။ အဲ့ဒီတော့ ဝိုင်းစုတို့ကိုမကြိုက်တဲ့သူလဲရှိမယ်။ မလိုတဲ့သူလဲရှိမယ်။ တခြားတစ်ဖက်ကအသိုင်းအဝိုင်းတွေလဲရှိမယ်။ အဲ့ဒီတော့ တခြားဖက်ကအသိုင်းအဝိုင်းကတော့ ဝိုင်းစုကိုမကောင်းပြောမှာပဲ။ မကောင်းပြောတာကို လိုက်ပြီးခံစားနေမဲ့အစားဝိုင်းစုကတော့ ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံးကြိုးစားပြီးလုပ်မယ်။ ပရိသတ်မကြိုက်လို့လက်မခံတာကသူတို့အပိုင်းကြိုးစားနေရမှာက ဝိုင်းစုအပိုင်းပေါ့။ ဝိုင်းစုအပိုင်းကို ဝိုင်းစုတာဝန်ကျေအောင်လုပ်မယ်။ အဲ့ဒါပဲဝိုင်းစုခေါင်းထဲထည့်ထားတယ်။

-ရင်ဘတ်မှာ အောင်လဆိုပြီး တက်တူးထိုးဖြစ်တဲ့ စိတ်ကူးကိုလဲသိချင်ပါတယ်။

တက်တူးနဲ့ပတ်သက်ပြီး သူများနာမည်ကို အစ်မခန္ဓာကိုယ်ပေါ်မှာ ထိုးမယ်လို့ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး။ ရည်ရွယ်ချက်လဲလုံးဝမရှိဘူး။ ဒါပေမဲ့ အစ်မတကယ်ချစ်လို့ တက်တူးကို အစ်မခန္ဓာကိုယ်ပေါ်မှာထိုးတာပါ။ မချစ်ရင်လုံးဝထိုးမှာမဟုတ်ပါဘူး။ အစ်မရည်ရွယ်ထားတာကအစ်မကလေးမွေးလာရင်အဲ့ဒီကလေးနာမည်ကိုတက်တူးထိုးမယ်လို့ရည်ရွယ်ထားဖူးတယ်။ ဒါပေမဲ့ ကိုယ့်ကလေးကိုယ့်သွေးသား မဟုတ်ပဲနဲ့ကိုယ့်ခန္ဓာကိုယ်ပေါ်မှာထိုးဖို့ဆိုတာ တော်ရုံနဲ့တော့မရဘူး။ အဲ့ဒီတော့ ဒီဟာကဝိုင်းစုတို့poppin လုပ်နေတာလဲမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်လို့ကို အစ်မနာမည်ကိုသူထိုးတယ်။ သူ့နာမည်ကို အစ်မထိုးတယ်။ ဒါပါပဲ။

-ကားရိုက်ပိုင်းမှာလဲ သိပ်မတွေ့ရတာကြာပြီနော်။

ကားရိုက်ပိုင်းက ဝိုင်းစုနားထားတာ ၂ နှစ်ခွဲလောက်ရှိပြီ။ ရိုက်မယ်ဆိုရင်တော ဝိုင်းစုသေချာစီစဉ်ပြီးတော့ ရိုက်နေကျ သမာရိုးကျပုံစံမဟုတ်ပဲ သေသေချာချာလေး ရိုက်ဖို့တော့ အစီအစဉ်ရှိပါတယ်။ အစီအစဉ်ရှိပေမဲ့လဲ လောလောဆယ်တော့ ဝိုင်းစု စပြီးလုပ်နေတုန်းပဲပေါ့။ ဒါပေမဲ့ကားတိုင်းတော့မရိုက်ဖြစ်တော့ပါဘူး။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top