iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ၀တ္ေတာ္မူေသာ သကၤန္းေတာ္သည္ ဖြပ္ဆိုးရျခင္း၊ ေဟာင္းႏြမ္းျခင္းမရွိျုခင္း။

(၂) ပရိကၡရာ (၈)ပါးကို ေဆာင္ေတာ္မူလွ်င္ ကိုယ္ႏွင့္မထိ လက္ေလးသစ္မွ်ကြာျခင္း။

(၃) ေတာ္ထြက္ေတာ္မူစဥ္က ပယ္ျဖတ္မူေသာဆံေတာ္သည္ လက္ႏွစ္သစ္မွ်သာ တစ္သက္ပတ္လံုး တည္ေတာ္မူျခင္း။

(၄) ဆြမ္းစားျပီးေသာ္ သပိတ္ေတာ္ေဆးလွ်င္ လက္ေတာ္စင္ ၊ လက္ေတာ္ေဆး ၊သပိတ္ေတာ္စင္၏။

(၅) မုန္ညင္းေစ႔မွ်ေသာ ၾကဳတ္ထဲသို႔ ၀င္ႏို္င္ျခင္း။

(၆) ေရာင္ျခည္ေတာ္ (၆)ပါး လႊတ္ေတာ္မူေသာ္ အရပ္(၁၀)မ်က္ႏွာကို ေဖာက္ထြင္းျခင္း။

(၇) ေ၀ေနယ်သတၱ၀ါသို႔လိုက္၍ ကုိယ္ေတာ္မွတစ္ပါး နိမၼိတဘုရားေပါင္းမ်ားစြာ ဖန္ဆင္းႏိုင္ျခင္း။ (အေသေခ်ၤ)

(၈) ေခတ္သံုးပါးတုိ႔၌ အမိုက္တိုက္ကိုလည္းေကာင္း၊ အလင္းကိုလည္းေကာင္း ေပးႏိုင္ျခင္း။

(၉) အထက္ေကာင္းကင္တြင္ လ၀န္းကဲ႔သို႔ ျမင္ေတာ္မူျခင္း။

(၁၀) လူနတ္တို႔၏စိတ္ကို အသာသယာႏုသယဉာဏ္ေတာ္ျဖင့္ သိစြမ္းေတာ္မူျခင္း။

(၁၁) အသံေတာ္ရွစ္ပါးႏွင့္တရားေဟာ္ေတာ္မူရာ အလံုးစံုေသာပရိတ္သတ္တို႔၏အနားသို႔ ကပ္၍ေဟာသကဲ႔သို႔ၾကားရျခင္း။

(၁၂) ကၽြတ္အံ႔ေသာ သတၱ၀ါတို႔ကို မဟာဂရုဏာ သမာပတၱိဉာဏ္ေတာ္ျဖင့္ သိႏိုင္ျခင္း။ ခပ္သိမ္းေသာ သတၱ၀ါတို႔အေပၚတြင္ ကရုဏာတရား ပြားမ်ားအားၾကီးျခင္း။

(၁၃) လူနတ္ျဗဟၼာတို႔၏ ကၽြတ္မည့္အခါတည္းဟူေသာ အိေျႏၵအႏုအရင့္ကို သိေတာ္မူျခင္း။

(၁၄) အထက္ပါ(၁၃)ပါးႏွင့္ ေဥယ်ဓံတရား(၅)ပါးကို သိႏိုင္ျခင္း။

(၁၅) အလိုရွိ၍လက္ေတာ္ကိုဆန္႔လိုက္လွ်င္ သပိတ္ေတာ္အလိုအေလ်ာက္ ေရာက္လာျခင္း။

(၁၆) ေရအစံု ၊ မီးအစံုႏွင့္ တန္ခိုးျဖာဋိကာျပႏို္င္ျခင္း။

(၁၇) တာ၀တႎသာသို႔ အဘိဓမၼာတရားေဟာ္ေတာ္မူရန္ ပကတိ သံုးဖ၀ါးႏွစ္လွမ္းတည္းျဖင့္ ၾကြေတာ္မူႏိုင္ျခင္း။

(၁၈)ေဒသစာရီၾကြခ်ီေတာ္မူလွ်င္ေျခရာမတင္သည့္အျပင္ေျမအညီအညြတ္ျဖစ္ရျခင္း။
ျမတ္ဗုဒၶ၏ တန္ခိုးေတာ္မ်ားသည္ အံ့ဖြယ္မ်ားျပားလွေပေတာ့သည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

အရွင္ဝိမလအား Credit ပူေဇာ္ပါ၏၊၊

#Unicode Version
(၁) ဝတ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိြုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ဝင်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တဝါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေချေၤ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လဝန်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖဝါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
မြတ်ဗုဒ္ဓ၏ တန်ခိုးတော်များသည် အံ့ဖွယ်များပြားလှပေတော့သည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


အရှင်ဝိမလအား Credit ပူဇော်ပါ၏၊၊
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top