iMyanmarHouse.com - Best Property Website for Myanmar
×









(၈) အလုပ်မသွားမီ မိမိဇနီးကို အနမ်းပေးလေ့ရှိတဲ့ ယောက်ျားတွေဟာ အသက် (၅) နှစ် ပိုရှည်ကြောင်း လေ့လာမှုတစ်ရပ်မှ ဖော်ပြခဲ့ပါတယ်။

Credit : Trend Myanmar
ပို့သပေးပါတယ်။


Unicode Version


တစ်ဦးနဲ့တစ်ဦး အနမ်းပေးခြင်းဖြင့် အတွင်းကျကျ ရင်းနှီးမှု၊ ရမ္မက်သွေးကြွစေခြင်းနဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်ပါတယ်။ နှစ်ဦးသားအတူမနေခင် အနမ်းခြွေတတ်လေ၊ နှစ်ဦးသားဆက်ဆံတဲ့အခါ ပိုကောင်းလေဖြစ်ပါတယ်။ အနမ်းခြွေခြင်းနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်ကလေးတွေ နည်းနည်းပြောပြပေးချင်ပါတယ်။

(၁) မနုဿဗေဒပညာရှင်တွေရဲ့ ပြောဆိုချက်အရ လူ ၉၀% ဟာ တစ်ယောက်နဲ့တစ်ယောက် အနမ်းပေးကြတယ်။ ဒါပေမယ့် လူအားလုံးရဲ့ နမ်းရှိုက်ပုံချင်း တူညီတယ်လို့ မဆိုလိုပါ။ တစ်ယောက်နဲ့ တစ်ယောက်နမ်းကြပုံက ကမ္ဘာတစ်ဝှမ်း ကွဲပြားကြပါတယ်။

(၂) ဟိုးအရင် အီတလီလူမျိုးတွေရဲ့ဟာလောက် အပြစ်ဒဏ်မှုက သိပ်မပြင်းထန်ပေမယ့် အမေရိကန် နိုင်ငံရဲ့တချို့နေရာတွေမှာ တစ်ယောက်နဲ့ တစ်ယောက်အနမ်းခြွေခြင်းကို တရားမဝင် တားမြစ်နေဆဲဖြစ်ပါတယ်။

(၃) ယျေဘုယျအားဖြင့် အနမ်းခြွေတယ်ဆိုတာ orbicularis oris လို့ခေါ်တဲ့ ကြွက်သား တင်းလိုက်၊ ကျုံ့လိုက်နဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတစ်မျိုးလို့ ပြောနိုင်ပါတယ်။

(၄) နာရီပေါင်း (၃၀) နဲ့ ၅၉ မိနစ်ကြာ တဆက်တည်း မရပ်မနား နမ်းခဲ့ကြတဲ့ အမေရိကန်နိုင်ငံမှ Rich Langley နဲ့ Louisa Almedovar တို့ အချိန်အကြာဆုံး အနမ်းခြွေတဲ့သူတွေအဖြစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရရှိခဲ့တယ်။

(၅) (၁) မိနစ် နမ်းရှိုက်လိုက်ခြင်းဖြင့် ကယ်လိုရီ၂၆ ပမာဏ လျော့ကျစေပါတယ်။

(၆) ပျှမ်းမျှအနေနဲ့ လူ (၃) ယောက်မှာ(၁) ယောက်က အနမ်းခြွေကြတဲ့အခါ ဦးခေါင်းကို ညာဘက် ယိုင်ကြပါတယ်။

(၇) နှုတ်ခမ်းချင်းဆက် နမ်းခြင်းဖြင့် အသက်ရှည်စေနိုင်ပါတယ်။

(၈) အလုပ်မသွားမီ မိမိဇနီးကို အနမ်းပေးလေ့ရှိတဲ့ ယောကျ်ားတွေဟာ အသက် (၅) နှစ် ပိုရှည်ကြောင်း လေ့လာမှုတစ်ရပ်မှ ဖော်ပြခဲ့ပါတယ်။


Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top