iMyanmarHouse.com - Best Property Website for Myanmar
×

ႏြားႏုိ႔တြင္ကယ္လစီယမ္ဓာတ္ပါ၀င္ေသာေၾကာင့္လူမ်ားစြာကအ႐ိုးမ်ားသန္မာေစရန္
 ႏုိ႔ေသာက္ေလ့ရွိၾကသည္။ သို႔ေသာ္ အမွန္တကယ္တြင္ ႏုိ႔ေသာက္ျခင္းေၾကာင့္ အ႐ိုးမ်ား
ကို ပိုက်ဳိးလြယ္ေစေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ယင္းေလ့လာမႈကို ဆြီဒင္ႏုိင္ငံရွိ အက္ပ္ဆာလာတကၠသိုလ္က ျပဳ လုပ္ခဲ့ျခင္းျဖစ္ၿပီး ၿဗိတိန္ေဆးပညာဂ်ာနယ္တြင္ ေဖာ္ျပထားသည္။ ႏြားႏုိ႔ေသာက္ျခင္းေၾကာင့္ အမ်ဳိးသမီး
မ်ားသာ အ႐ိုးက်ဳိးႏုိင္ေျခ ပိုမ်ား သည္မဟုတ္ဘဲ အမ်ဳိးသားမ်ား၊ အမ်ဳိးသမီးမ်ား ေသဆုံးႏုိ
င္ေျခလည္း ပိုျမင့္မားေၾကာင္း သိရသည္။

လူမ်ား၏ ႏုိ႔ထြက္ပစၥည္းစားသုံးမႈ အေလ့အထအေပၚ အဓိကထားၿပီး အုပ္စုႏွစ္စုခဲြ၍ သုေတသီမ်ားက ေလ့လာကာ၎တို႔၏အေလ့အထမ်ား၊က်န္းမာေရးႏွင့္ထိခိုက္ဒဏ္ရာ
ရရွိမႈႏႈန္းတုိ႔ကို ႏႈိင္းယွဥ္ေလ့လာခဲ့သည္။ တစ္ေန႔လွ်င္ ႏုိ႔သုံးႀကိမ္ေသာက္သည့္ အမ်ဳိးသားမ်ားမွာ ႏွလုံးေသြးေၾကာဆုိင္ရာ ျပႆနာမ်ား ပိုမ်ားၿပီး အမ်ဳိးသားႏွင့္ အမ်ဳိးသမီး
မ်ားတြင္ ကင္ဆာေရာဂါရွင္မ်ား (သို႔မဟုတ္) သက္ႀကီးရြယ္အိုမ်ားအျဖစ္မ်ားသည့္ စိတ္
ဖိစီးမႈအဆင့္ ပိုျမင့္မားေၾကာင္း သိရသည္။

ေသဆုံးႏုိင္ေျခ ျမင့္မားရျခင္းႏွင့္ အ႐ိုးက်ဳိးႏုိင္ေျခပိုမ်ားလာေစ ျခင္းမွာ D-galactose ဟုေခၚေသာ ႏုိ႔ထဲတြင္ပါ၀င္သည့္ သၾကားဓာတ္ေၾကာင့္ ျဖစ္ဖြယ္ရွိသည္။ D-galactose
ဓာတ္မွာ စိတ္ဖိစီးမႈ၊ ခႏၶာကိုယ္ ေရာင္ရမ္းမႈတို႔ႏွင့္ ဆက္ႏႊယ္ေနသည္။ ႏုိ႔တစ္ခြက္တြင္ အျခားေသာ ႏုိ႔ထြက္ပစၥည္းမ်ားထက္ Galactose မ်ား ပို၍ပါ၀င္သည္။

ျပဳျပင္ေျပာင္းလဲထားေသာ ခ်ိစ္မ်ားတြင္ Galactose ပါ၀င္မႈမ်ားစြာနည္းပါးၿပီး ဒိန္ခ်ဥ္တြင္
လည္း က်န္းမာေစေသာ ဘက္တီးရီးယားမ်ား ပါ၀င္ေၾကာင္း ေလ့လာမႈကို ဦးေဆာင္သူ အက္ပ္ဆာလာတကၠသိုလ္ပါေမာကၡကားလ္မုိက္ကယ္ဆင္က၀ါရွင္တန္ပို႔စ္သတင္းဌာန
သို႔ ေျပာၾကားသည္။

Credit :  7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နွားနို့တွင်ကယ်လစီယမ်ဓာတ်ပါဝင်သောကြောင့်လူများစွာကအရိုးများသန်မာစေရန်
 နို့သောက်လေ့ရှိကြသည်။ သို့သော် အမှန်တကယ်တွင် နို့သောက်ခြင်းကြောင့် အရိုးများ
ကို ပိုကျိုးလွယ်စေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ယင်းလေ့လာမှုကို ဆွီဒင်နိုင်ငံရှိ အက်ပ်ဆာလာတက္ကသိုလ်က ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။ နွားနို့သောက်ခြင်းကြောင့် အမျိုးသမီး
များသာ အရိုးကျိုးနိုင်ခြေ ပိုများ သည်မဟုတ်ဘဲ အမျိုးသားများ၊ အမျိုးသမီးများ သေဆုံးနို
င်ခြေလည်း ပိုမြင့်မားကြောင်း သိရသည်။

လူများ၏ နို့ထွက်ပစ္စည်းစားသုံးမှု အလေ့အထအပေါ် အဓိကထားပြီး အုပ်စုနှစ်စုခွဲ၍ သုတေသီများက လေ့လာကာ၎င်းတို့၏အလေ့အထများ၊ကျန်းမာရေးနှင့်ထိခိုက်ဒဏ်ရာ
ရရှိမှုနှုန်းတို့ကို နှိုင်းယှဉ်လေ့လာခဲ့သည်။ တစ်နေ့လျှင် နို့သုံးကြိမ်သောက်သည့် အမျိုးသားများမှာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ပိုများပြီး အမျိုးသားနှင့် အမျိုးသမီး
များတွင် ကင်ဆာရောဂါရှင်များ (သို့မဟုတ်) သက်ကြီးရွယ်အိုများအဖြစ်များသည့် စိတ်
ဖိစီးမှုအဆင့် ပိုမြင့်မားကြောင်း သိရသည်။

သေဆုံးနိုင်ခြေ မြင့်မားရခြင်းနှင့် အရိုးကျိုးနိုင်ခြေပိုများလာစေ ခြင်းမှာ D-galactose ဟုခေါ်သော နို့ထဲတွင်ပါဝင်သည့် သကြားဓာတ်ကြောင့် ဖြစ်ဖွယ်ရှိသည်။ D-galactose
ဓာတ်မှာ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ် ရောင်ရမ်းမှုတို့နှင့် ဆက်နွှယ်နေသည်။ နို့တစ်ခွက်တွင် အခြားသော နို့ထွက်ပစ္စည်းများထက် Galactose များ ပို၍ပါဝင်သည်။

ပြုပြင်ပြောင်းလဲထားသော ချိစ်များတွင် Galactose ပါဝင်မှုများစွာနည်းပါးပြီး ဒိန်ချဉ်တွင်
လည်း ကျန်းမာစေသော ဘက်တီးရီးယားများ ပါဝင်ကြောင်း လေ့လာမှုကို ဦးဆောင်သူ အက်ပ်ဆာလာတက္ကသိုလ်ပါမောက္ခကားလ်မိုက်ကယ်ဆင်ကဝါရှင်တန်ပို့စ်သတင်းဌာန
သို့ ပြောကြားသည်။

Credit :  7Day Daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top