iMyanmarHouse.com - Best Property Website for Myanmar
×








Credit:7day daily





Unicode Version


အစစ အရာရာကျန်းမာရေး ဂရုစိုက်ရတဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ရင်သွေးငယ်ကျန်းမာပြီး အာဟာရပြည့်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့သစ်သီးဖျော်ရည်တွေ သောက်တာကလည်း အလေ့အကျင့်ကောင်း တစ်ခုပါ။

ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဘယ်လိုသစ်သီးဖျော်ရည်တွေ သောက်သုံးဖို့လိုအပ်လဲဆိုရင် -

ပန်းသီးဖျော်ရည်- ပန်းသီးနှစ်လုံး၊သုံးလုံးကို အခွံနွှာပြီး ရေနွေးဆူ ဆူနဲ့ ပြုတ်ပါ။ အအေးခံပြီးရင် အ သီးဖျော်စက်ထဲထည့်ကြိတ်ပါ။ ပန်းသီးဖျော်ရည်ထဲကို သံပရာ ရည်လေးညှစ်ပြီး ရေခဲသေတ္တာ ထဲမှာ တစ်နာရီလောက် အအေး ခံထားပြီး သောက်ပေးမယ်ဆိုရင် လန်းဆန်းကျန်းမာနေစေပါတယ်။

မာလကာဖျော်ရည်- မာလကာ သီးနှစ်လုံး၊ သကြားနှစ်ဇွန်း၊ သံပ ရာရည်၊ ချင်းရည်တို့အသင့်ပြင် ထားပါ။ မာလကာသီးကို ပြုတ် လိုက်ပြီးအအေးခံကာ အသီးဖျော် စက်ထဲ ကြိတ်ပါ။ မာလကာဖျော် ရည်ထဲကို သံပရာရည်နဲ့ ချင်းရည် အနည်းငယ်ထည့်ပြီးရင် ရေခဲ လေးနည်းနည်းထည့်ပြီး သောက် နိုင်ပါပြီ။ ဒီဖျော်ရည်က ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာမဖြစ်ရအောင်ကာကွယ်နိုင်ပါတယ်။

စပျစ်သီးဖျော်ရည်- လတ်လတ် ဆတ်ဆတ် စပျစ်သီး ၅၀၀ ဂရမ် လောက်ကိုယူပြီး ဖိခြေကာ အသီး ဖျော်စက်ထဲထည့်ကြိတ်ပါ။ ဖန် ခွက်တစ်ခုထဲအရည်စစ်ထည့်ပြီး သံပရာရည်အနည်းငယ်ညှစ်ပါ။ ရေခဲသေတ္တာထဲ အအေးခံထား ပြီး သောက်ပေးရင် ခံတွင်းပျက် ပြီး စားမကောင်းတာတွေ ပျောက် ကင်းစေပါတယ်။

သကြားမုန်လာ(ဗီတွတ်)ဖျော် ရည် - မုန်လာဥနီလေးလုံး၊ သကြားမုန်လာ နှစ်လုံး၊ ပန်းသီး တစ်လုံးအသင့်ပြင်ထားပြီးရင် အားလုံးကို အခွံနွှာပြီး အတုံးသေး လေးတွေ လှီးကာ အသီးဖျော်စက် ထဲထည့်ကြိတ်ပါ။ ရေခဲအနည်း ငယ်ကို ကြိတ်ခြေပြီး ဖျော်ရည်ထဲ ထည့်ကာ ချက်ချင်းသောက်သုံး ပါ။

ငှက်ပျောသီးပျားရည်ဖျော်ရည် - နွားနို့လက်ဖက်ရည်ပန်းကန် လုံးတစ်ဝက်၊ ဒိန်ချဉ်လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်၊ ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်လက်ဖက်ရည်တစ်ဇွန်းစာကို အသီးဖျော်စက်ထဲထည့်ကြိတ်ပါ။ဖန်ခွက်တစ်ခုထဲထည့်ပြီး ရေခဲအနည်းငယ်ထည့်ကာ အေးအေး လေး သောက်သုံးနိုင်ပါတယ်။


Credit:7day daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top