iMyanmarHouse.com - Best Property Website for Myanmar
×

ဆြဲေဆာင္မႈရိွျခင္းရဲ႕ သေဘာတရားက အမ်ဳိးသားေတြမွာဆိုရင္ စူးစမ္းခ်င္စိတ္ျပင္းျပမႈ လႈံ႔ေဆာ္ေပးပါတယ္။ အမ်ဳိးသမီးေတြမွာလည္း ထုိနည္းလည္းေကာင္းပဲ ျဖစ္ပါတယ္။ သိပၸံနည္းက်ေလ့လာမႈအရ ဘယ္လုိလူေတြ ဆြဲေဆာင္မႈအမ်ားဆုံးလဲဆိုတာ ကြ်န္ေတာ္တုိ႔မွာ သိခ်င္စိတ္အလြန္ျပင္းျပေနၾကပါတယ္။ ကြ်ႏု္ပ္တုိ႔နည္းတူ Business Insider လည္း အမ်ဳိးသားေတြေရာ၊ အမ်ဳိးသမီးေတြကိုပါ ေဆာင္ဆြဲမႈ၊ ညိွဳ႕ဓာတ္ေလွ်ာ့နည္းေစတဲ့ စရုိက္လကၡဏာေတြကို စိတ္ဝင္စားခဲ့ပါတယ္။ Business Insider အဖြဲ႔ ေဖာ္ထုတ္ခဲ့တဲ့ လကၡဏာေတြက…

ဟာသဥာဏ္မရိွျခင္း

ဟာသဥာဏ္ကင္းမဲ့ျခင္း သုိ႔မဟုတ္ ဟာသခံစားတတ္မႈ အတန္အသင့္ေတာင္ မရိွျခင္းက ဟာသဥာဏ္ရႊင္တာထက္ ဆြဲေဆာင္မႈ သိသိသာသာ ေလွ်ာ့နည္းေၾကာင္း ေလ့လာမႈတစ္ခုက ေတြ႔ရိွခဲ့ပါတယ္။

အိပ္ေရးပ်က္ျခင္း

အိပ္ခ်ိန္အလုံအေလာက္မရိွျခင္းက ဒီေလာက္မဆုိးေသးပါဘူး။ အိပ္ခ်ိန္မရတာက သင့္ကို အလားအလာရိွတဲ့ မိမိအနာဂတ္လက္တြဲေဖာ္အဖို႔ စိတ္ဝင္စားမႈ ေလွ်ာ့နည္းေစႏုိင္ပါတယ္။ ဒီအခ်က္ကို The BMJ မွာ ေဖာ္ျပတဲ့ ၂၀၁၀ ခုႏွစ္ ေလ့လာမႈတစ္ခုကေန သက္ေသျပထားတဲ့ အခ်က္ျဖစ္ပါတယ္။ ယင္းေလ့လာမႈမွာ စမ္းသပ္ခံသူေတြကို အိပ္ခ်ိန္ ၈ နာရီရရိွခဲ့သူေတြနဲ႔ ၃၁ နာရီအတြင္း မအိပ္ရေသးသူေတြရဲ႕ ဓာတ္ပုံေတြကို အဆင့္သတ္မွတ္ေစခဲ့ပါတယ္။ အံ့ၾသစရာမေကာင္းတာက ဒုတိယအုပ္စုဟာ ဆြဲေဆာင္မႈသိပ္မရိွ၊ က်န္းမာေရးလည္း ပိုမိုခ်ဳိ႕တဲ့ေနၾကပုံရျပီး ပိုလုိ႔ေဆာင္ ဝမ္းနည္းေနပုံေပါက္ေၾကာင္း သတိထားမိပါတယ္။

ပ်င္းရိျခင္း

အားကိုးရျခင္းနဲ႔ ခြဲေဝေပးထားတဲ့ အလုပ္အတြက္ ကူညီေဖာ္ရျခင္းစတဲ့ လကၡဏာေတြဟာ ဆြဲေဆာင္မႈရိွေစတဲ့  အဓိကအေရးပါတဲ့ အခ်က္ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ဆြဲေဆာင္မႈရိွသူေတြေတာင္ အပ်င္းထူလာရင္ ဆြဲေဆာင္မႈရိွေၾကာင္းသတ္မွတ္မႈအဆင့္ အေတာ္ေလ်ာ့နည္းသြားၾကပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆွဲဆောင်မှုရှိခြင်းရဲ့ သဘောတရားက အမျိုးသားတွေမှာဆိုရင် စူးစမ်းချင်စိတ်ပြင်းပြမှု လှုံ့ဆော်ပေးပါတယ်။ အမျိုးသမီးတွေမှာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ ဘယ်လိုလူတွေ ဆွဲဆောင်မှုအများဆုံးလဲဆိုတာ ကျွန်တော်တို့မှာ သိချင်စိတ်အလွန်ပြင်းပြနေကြပါတယ်။ ကျွနု်ပ်တို့နည်းတူ Business Insider လည်း အမျိုးသားတွေရော၊ အမျိုးသမီးတွေကိုပါ ဆောင်ဆွဲမှု၊ ညှို့ဓာတ်လျှော့နည်းစေတဲ့ စရိုက်လက္ခဏာတွေကို စိတ်ဝင်စားခဲ့ပါတယ်။ Business Insider အဖွဲ့ ဖော်ထုတ်ခဲ့တဲ့ လက္ခဏာတွေက…

ဟာသဉာဏ်မရှိခြင်း

ဟာသဉာဏ်ကင်းမဲ့ခြင်း သို့မဟုတ် ဟာသခံစားတတ်မှု အတန်အသင့်တောင် မရှိခြင်းက ဟာသဉာဏ်ရွှင်တာထက် ဆွဲဆောင်မှု သိသိသာသာ လျှော့နည်းကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

အိပ်ရေးပျက်ခြင်း

အိပ်ချိန်အလုံအလောက်မရှိခြင်းက ဒီလောက်မဆိုးသေးပါဘူး။ အိပ်ချိန်မရတာက သင့်ကို အလားအလာရှိတဲ့ မိမိအနာဂတ်လက်တွဲဖော်အဖို့ စိတ်ဝင်စားမှု လျှော့နည်းစေနိုင်ပါတယ်။ ဒီအချက်ကို The BMJ မှာ ဖော်ပြတဲ့ ၂၀၁၀ ခုနှစ် လေ့လာမှုတစ်ခုကနေ သက်သေပြထားတဲ့ အချက်ဖြစ်ပါတယ်။ ယင်းလေ့လာမှုမှာ စမ်းသပ်ခံသူတွေကို အိပ်ချိန် ၈ နာရီရရှိခဲ့သူတွေနဲ့ ၃၁ နာရီအတွင်း မအိပ်ရသေးသူတွေရဲ့ ဓာတ်ပုံတွေကို အဆင့်သတ်မှတ်စေခဲ့ပါတယ်။ အံ့သြစရာမကောင်းတာက ဒုတိယအုပ်စုဟာ ဆွဲဆောင်မှုသိပ်မရှိ၊ ကျန်းမာရေးလည်း ပိုမိုချို့တဲ့နေကြပုံရပြီး ပိုလို့ဆောင် ဝမ်းနည်းနေပုံပေါက်ကြောင်း သတိထားမိပါတယ်။

ပျင်းရိခြင်း

အားကိုးရခြင်းနဲ့ ခွဲဝေပေးထားတဲ့ အလုပ်အတွက် ကူညီဖော်ရခြင်းစတဲ့ လက္ခဏာတွေဟာ ဆွဲဆောင်မှုရှိစေတဲ့  အဓိကအရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆွဲဆောင်မှုရှိသူတွေတောင် အပျင်းထူလာရင် ဆွဲဆောင်မှုရှိကြောင်းသတ်မှတ်မှုအဆင့် အတော်လျော့နည်းသွားကြပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top