iMyanmarHouse.com - Best Property Website for Myanmar
×
၁။ အပူ/ အအေး ကပ်ထားခြင်း
၂။ အကြောလျှော့
Credit: duwun
#Unicode Version
မတော်တဆ ထိခိုက်မှု၊ ကာယလေ့ကျင့်ခန်းနဲ့ အခြားအကြောင်းရင်းတွေကြောင့် ကြွက်သားနာကျင်မှုတွေ ဖြစ်ပေါ်လာပြီဆိုရင် အတော်လေး ခံရခက်ပါတယ်။ နာကျင်ကိုက်ခဲရာကနေ လူပါ ကိုယ်တွေပူပြီး ဖျားလာတာမျိုးလည်း ကြုံရပါသေးတယ်။ ကြွက်သားတွေ နာကျင်နေပြီရင် ဒီနည်းတွေကို သုံးကြည့်ပါ။
၁။ အပူ/ အအေး ကပ်ထားခြင်း
နာကျင်တဲ့နေရာတွေကို ရေခဲ (သို့မဟုတ်) ရေခဲဝတ်နဲ့ မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ နာကျင်ရောင်ရမ်းမှုတွေ သက်သာသွားပါလိမ့်မယ်။ ရေနွေးဝတ်/ ရေနွေးအိတ် ကပ်ချင်ရင်တော့ ၁၀ မိနစ်လောက် ကပ်နိုင်ပါတယ်။ သတိထားရမှာက ရေခဲကပ်လိုက် ရေနွေးဝတ်ကပ်လိုက်တော့ လုပ်လို့မရပါဘူး။ တစ်မျိုးတည်းပဲလုပ်
၂။ အကြောလျှော့
ကြွက်သားတွေက တင်းရင်းနေရင်လည်း နာကျင်မှုက တော်တော်နဲ့မပျောက်ပါဘူး။ အကြောဆန့်လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ ဖြည်းဖြည်းချင်းလုပ်ပါ။ အရမ်းနာနေတာကို ဖိပြီးမလုပ်ပါနဲ့။ အကြောလျှော့ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်သွားစေပါလိမ့်မယ်။
၃။ ရေပူရေအေးနဲ့ရေချိုးပါ
ရေပူကိုရော ရေအေးကိုပါ တစ်လှည့်စီချိုးပေးပါ။ ဒီလိုချိုးခြင်းက ကြွက်သားနာကျင်မှုကို ပိုမိုလျော့ပါးစေနိုင်ပါတယ်။ နာကျင်တဲ့နေရာကို ရေပူနဲ့အရင်ထိတွေ့စေပြီးမှ ရေအေးနဲ့ ထိတွေ့စေရမှာဖြစ်ပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: duwun
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top