iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္မွာ မၾကာခဏဆီးသြားရျခင္းဟာ အသက္ႀကီးသူေတြမွာ ပိုျဖစ္မ်ားပါတယ္။ အထူးသျဖင့္ အသက္ႀကီးတဲ့အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားပါတယ္။ အေၾကာင္းကေတာ့ အသက္ႀကီးအမ်ိဳးသားေတြမွာ ဆီးက်ိတ္ႀကီးတာေၾကာင့္ ျဖစ္ပါတယ္။ ႀကီးေနတဲ့ဆီးက်ိတ္ဟာ ဆီးႁပြန္ေခ်ာင္းလို႔ေခၚတဲ့ ႁပြန္မွာ ဖိထားခံရၿပီး ဆီးအိတ္ကေန ဆီးေတြကို အကုန္အစင္မထုတ္နိုင္ေအာင္ တားဆီးထားပါတယ္။ ဒါေၾကာင့္မၾကာခဏဆီးသြားခ်င္စိတ္ျဖစ္ေပၚၿပီး ဆီးသြားေနရတာပဲျဖစ္ပါတယ္။

မၾကာခဏဆီးသြားခ်င္ရသည့္ အေၾကာင္းရင္းမ်ား

မၾကာခဏဆီးသြားခ်င္စိတ္ျဖစ္ေပၚရတဲ့ တျခားအေၾကာင္းရင္းေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

-ႏွလုံးေရာဂါအေျခအေနနဲ႕ ဆက္စပ္ေနေသာ ေျခေထာက္ေယာင္ရမ္းျခင္း

-ဆီးသြားျခင္းကို ပိုမိုျဖစ္ေစတဲ့ ဆီးေဆးေသာက္ေနရျခင္း

-ခႏၶာကိုယ္ရဲ႕ ဇီဝနရီေျပာင္းလဲျခင္း

-ဆီးအိတ္ေယာင္တာေၾကာင့္ ဆီးအိတ္မွာ ေဝဒနာခံစားရျခင္း

-ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိၿပီး ေရာဂါကို မထိန္းခ်ဳပ္နိုင္ျခင္း (ဆီးခ်ိဳေသြးခ်ိဳေရာဂါကို မထိန္းခ်ဳပ္နိုင္တာေၾကာင့္ ဆီးထဲမွာ သၾကားဓာတ္မ်ားလာကာ ဆီးသြားခ်င္စိတ္ကို ပိုမိုျဖစ္ေအာင္ လႈံ႕ေဆာ္ေပးပါတယ္။)

မၾကာခဏ ဆီးသြားလိုသည့္ ျပႆနာကို ထိန္းခ်ဳပ္နိုင္ေစရန္

ညဘက္မွာ မၾကာခဏဆီးသြားခ်င္ၿပီး ဆီးသြားေနရတာေၾကာင့္ အိပ္ေရးပ်က္ရတတ္ပါတယ္။ ဒါေၾကာင့္ အဲဒီျပႆနာကို ေျဖရွင္းနိုင္ေအာင္ ေအာက္ပါနည္းလမ္းေတြကို လိုက္နာေပးပါ။

-သင္ဟာ ဆီးေဆးေသာက္ေနရသူျဖစ္ရင္ မနက္ခင္းမွာပဲ ဆီးေဆးကိုေသာက္ပါ။

-တစ္ေန႕တာေသာက္သင့္တဲ့ ေရကိုေသာက္ပါ။ မနကိပိုင္းမွာ ပိုေသာက္ၿပီး ညပိုင္းမွာ ေလ်ာ့ေသာက္ေပးပါ။

-ညပိုင္းမွာ လက္ဖက္ရည္၊ ေကာ္ဖီ၊ ဘီယာစတဲ့ ဆီး႐ႊင္ေစတဲ့ အရည္ေတြကို မေသာက္ပါနဲ႕။

-သင့္အေနနဲ႕ အရည္ေတြကို ဘယ္ေလာက္မ်ားမ်ားေသာက္တယ္၊ ဘယ္အခ်ိန္မွာ ေသာက္တယ္ စတာေတြကို ဒိုင္ယာရီမွာ ေရးမွတ္ထားပါ။ ဒါဆိုရင္ ဘယ္အရာက သင့္ကို ဆီးသြားခ်င္စိတ္ ပိုမိုျဖစ္ေပၚေစလဲဆိုတာကို သိလာပါလိမ့္မယ္။
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ဆန္သစ္ျမန္မာ
Link:https://www.sunthitmyanmar.com/urine-output-per-hour-at-night/

#Unicode Version

 ညဘက်မှာ မကြာခဏဆီးသွားရခြင်းဟာ အသက်ကြီးသူတွေမှာ ပိုဖြစ်များပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ အသက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်ပါတယ်။ ကြီးနေတဲ့ဆီးကျိတ်ဟာ ဆီးပြွန်ချောင်းလို့ခေါ်တဲ့ ပြွန်မှာ ဖိထားခံရပြီး ဆီးအိတ်ကနေ ဆီးတွေကို အကုန်အစင်မထုတ်နိုင်အောင် တားဆီးထားပါတယ်။ ဒါကြောင့်မကြာခဏဆီးသွားချင်စိတ်ဖြစ်ပေါ်ပြီး ဆီးသွားနေရတာပဲဖြစ်ပါတယ်။

မကြာခဏဆီးသွားချင်ရသည့် အကြောင်းရင်းများ

မကြာခဏဆီးသွားချင်စိတ်ဖြစ်ပေါ်ရတဲ့ တခြားအကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

-နှလုံးရောဂါအခြေအနေနဲ့ ဆက်စပ်နေသော ခြေထောက်ယောင်ရမ်းခြင်း

-ဆီးသွားခြင်းကို ပိုမိုဖြစ်စေတဲ့ ဆီးဆေးသောက်နေရခြင်း

-ခန္ဓာကိုယ်ရဲ့ ဇီဝနရီပြောင်းလဲခြင်း

-ဆီးအိတ်ယောင်တာကြောင့် ဆီးအိတ်မှာ ဝေဒနာခံစားရခြင်း

-ဆီးချိုသွေးချိုရောဂါရှိပြီး ရောဂါကို မထိန်းချုပ်နိုင်ခြင်း (ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်တာကြောင့် ဆီးထဲမှာ သကြားဓာတ်များလာကာ ဆီးသွားချင်စိတ်ကို ပိုမိုဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။)

မကြာခဏ ဆီးသွားလိုသည့် ပြဿနာကို ထိန်းချုပ်နိုင်စေရန်

ညဘက်မှာ မကြာခဏဆီးသွားချင်ပြီး ဆီးသွားနေရတာကြောင့် အိပ်ရေးပျက်ရတတ်ပါတယ်။ ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းနိုင်အောင် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။

-သင်ဟာ ဆီးဆေးသောက်နေရသူဖြစ်ရင် မနက်ခင်းမှာပဲ ဆီးဆေးကိုသောက်ပါ။

-တစ်နေ့တာသောက်သင့်တဲ့ ရေကိုသောက်ပါ။ မနကိပိုင်းမှာ ပိုသောက်ပြီး ညပိုင်းမှာ လျော့သောက်ပေးပါ။

-ညပိုင်းမှာ လက်ဖက်ရည်၊ ကော်ဖီ၊ ဘီယာစတဲ့ ဆီးရွှင်စေတဲ့ အရည်တွေကို မသောက်ပါနဲ့။

-သင့်အနေနဲ့ အရည်တွေကို ဘယ်လောက်များများသောက်တယ်၊ ဘယ်အချိန်မှာ သောက်တယ် စတာတွေကို ဒိုင်ယာရီမှာ ရေးမှတ်ထားပါ။ ဒါဆိုရင် ဘယ်အရာက သင့်ကို ဆီးသွားချင်စိတ် ပိုမိုဖြစ်ပေါ်စေလဲဆိုတာကို သိလာပါလိမ့်မယ်။
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 Credit:ဆန်သစ်မြန်မာ
Link:https://www.sunthitmyanmar.com/urine-output-per-hour-at-night/




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top