iMyanmarHouse.com - Best Property Website for Myanmar
×





ပြားကပ်၊အူကိုဖွင့်ပြီးမာမာအလုံးလေးကိုဆွဲ ထုတ်လိုက်တော့ ဂျယ်လီတွေထွက်လာပါတယ်၊

ထင်တာပဲ၊






Credit: lyhealthcare

Unicode Version

ဂျယ်လီကြိုက်တဲ့ သမီးလေးတွေအတွက်…..ကျွန်မ သမီးလေးနှစ်ယောက်နဲ့ စတိုးဆိုင် သွားတိုင်း သမီးတွေက ဂျယ်လီဝယ်ပေးဖို့အမြဲတမ်းပူစာပါတယ်။

ကလေးတွေက ဂျယ်လီအရမ်းကြိုက်ပါတယ်၊အရောင်လေး
တွေကလည်းစုံ ၊ချိုကလည်းချိုတော့ကလေး
တွေကြိုက်တာ မဆန်းပါဘူး၊

ဒါပေမဲ့ အဲဒီအရောင်လှလှအရသာချိုချိုဂျယ်လီလေး ကြောင့် ၂နှစ်အရွယ် ကလေးလေးကတော့ ကံကောင်းလို့ မသေပေမဲ့ နောက်ဆက်
တွဲတွေတော့ခံရအုံးမယ်ထင်ပါတယ်။

မနေ့ ကဆုန်လပြည့်နေ့က အရေးပေါ် Laprotomyတယောက် ရှိလို့တဲ့ဖုန်းနဲ့
အကြောင်းကြားပါတယ်၊ကလေးက ၂နှစ် BWက ၇Kg Intestional obstructionနဲ့
ဗိုက်တင်းတာက ၇ရက် ဝမ်းချုပ်တာနဲ့အန် တာက ၇ရက်၊ဆေးရုံရောက်တော့မျက်တွင်း ဟောက်ပက် လျှာခြောက်ကပ်ဖြစ်နေပြီ။

ဖြည့်သင့်တာဖြည့်ပြီး ဗိုက်ဖွင့်ကြတော့ အူထဲမှာ မာမာအလုံးလေးက ဟိုပြေးဒီပြေး
မာမာ အလုံးလေးရှိတဲ့ဘက်က အူတွေက ဖောင်းကားပြီးကျန်တဲ့အပိုင်းကအူတွေက
ပြားကပ်၊အူကိုဖွင့်ပြီးမာမာအလုံုးလေးကိုဆွဲ ထုတ်လိုက်တော့ ဂျယ်လီတွေထွက်လာပါတယ်၊

ခွဲစိပ်မှုပြီးမှ ကလေးအဖေကိုသေချာ မေးကြည့်တော့ မဖြစ်ခင် တရက်က ကလေးက ဂျယ်လီစားတယ်တဲ့၊ကလေး ဆိုတော့ ဂျယ်လီကို ဝါးမစားပဲမြိုချပြစ်တယ်
ထင်တာပဲ၊

အာဟာရတန်ဖိုး မရှိပဲ ကျောင်းဈေးတန်း တွေမှာ ကလေးတွေကိုနည်းမျိုးစုံနဲ့
စွဲဆောင်နေတဲ့ အရောင်လှလှဂျယ်လီတွေ အိမ်နီးချင်းနိုင်ငံ ကနည်းမျိုးစုံနဲ့ဝင်ရောက်
လာတဲ့အစပ်ချောင်းစတဲ့ မုန့်မျိုးစုံကြောင့်

တိုင်းပြည်ရဲ့ရင်သွေးငယ်တွေ ဘယ်လောက်များဆုံးရှုံးနေပြီလဲ…………….

Posted From San Thidar Hla

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: lyhealthcare
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top