iMyanmarHouse.com - Best Property Website for Myanmar
×

အသက္အရြယ္ႀကီးရင့္ၿပီး အုိမင္း ရင့္ေရာ္လာတယ္ဆိုတာ သဘာ၀ အေလ်ာက္ တျဖည္းျဖည္းေျပာင္း လဲသြားတယ္ဆိုေပမယ့္လည္း စိတ္ဖိစီးမႈေတြ၊ စားေသာက္ပုံ နည္းစနစ္ မမွန္တာေတြ၊ သြား လာေနထုိင္မႈ ဂ႐ုမစိုက္တဲ့အေန အထားမ်ဳိးေတြမွာ ပုိၿပီး အရြယ္ က်လြယ္တတ္ပါတယ္။ ေန႔စဥ္ ဘ၀မွာ အခ်က္ငါးခ်က္အေျပာင္း အလဲ လုပ္လုိက္တာနဲ႔ အရြယ္က် တာကို ေႏွးေကြးေစမယ့္အခ်က္ ေတြကို မွ်ေ၀ေပးလုိက္ပါတယ္။

စိတ္ဖိစီးမႈကို တတ္ႏုိင္သေလာက္ ေလွ်ာ့ခ်ပါ- ေလ့က်င့္ခန္းလုပ္ တာတု႔ိ၊ ေယာဂက်င့္တာတို႔၊ တရားထုိင္တာတို႔လုပ္ၿပီး စိတ္ ပုိင္းဆုိင္ရာ ဖိစီးမႈေတြကို ေလွ်ာ့ ခ်ပါ။

အစိမ္းေရာင္အသီးအရြက္မ်ား စားေပးပါ - ကိုယ္ခံစြမ္းအား ေကာင္းေစၿပီး အစာေခ်ဖ်က္မႈ ေကာင္းေစကာ ကင္ဆာေရာဂါ ေတြကိုပါ ကာကြယ္ေပးႏုိင္တဲ့ အ စိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ား စားသုံးေပးရင္ ႏုပ်ဳိလွပေစတယ္လို႔ ဆုိပါတယ္။

ငါးစားပါ - အိုမီဂါ ၃ ဖက္တီး အက္စစ္ႂကြယ္၀တဲ့ ဆယ္လ္မြန္၊ ဆာဒင္း၊ တူနာငါးစတဲ့ငါးအမ်ဳိး မ်ဳိးစားေပးရင္ အုိမင္းရင့္ေရာ္မႈ ကို ထိန္းေပးႏုိင္တယ္လို႔ ဆုိပါ တယ္။ ဗီတာမင္ဒီနဲ႔ ဓာတ္တုိး ဆန္႔က်င္ဂုဏ္သတၱိေတြလည္း ရွိ တဲ့အတြက္ အရြယ္မတုိင္ခင္ ႐ုပ္ က်တာကိုလည္း ကာကြယ္ၿပီး သား ျဖစ္ေစပါတယ္။

ေရမ်ားမ်ားေသာက္ပါ - ခႏၶာ ကိုယ္ထဲမွာ ေရဓာတ္မလုံေလာက္ ရင္ အေရးအေၾကာင္းေတြ၊ အေရ ျပားတြန္႔တာေတြ ျဖစ္လာႏုိင္တဲ့ အတြက္ တစ္ေန႔ကိုေရ ရွစ္ဖန္ ခြက္နဲ႔ အထက္ေသာက္ေပးဖို႔လုိ ပါတယ္။ ေရဓာတ္ျပည့္၀ေနမွ အ သားအေရစိုျပည္ၿပီး ခႏၶာကိုယ္ လုပ္ငန္းစဥ္ေတြကို ပုံမွန္ျဖစ္ေစ တဲ့အတြက္ ရင့္ေရာ္မႈေတြကို ေႏွးေကြးေစပါတယ္။

ယမကာ ေသာက္သုံးမႈမ်ားေရွာင္ ပါ - ညတုိင္းေသာက္စားေနတာ မ်ဳိးက က်န္းမာေရးအတြက္ မ ေကာင္းသလို အသားအေရစိုစို ျပည္ျပည္ မျဖစ္ေတာ့ဘဲ အေရာင္ ေမွးမိွန္ေစပါတယ္။ တစ္ပတ္ကို တစ္ႀကိမ္၊ ႏွစ္ႀကိမ္ေလာက္ ၀ိုင္နီ တစ္ခြက္ေသာက္ေပးတာဟာ က်န္းမာေရးအတြက္ အက်ဳိးျဖစ္ ေစေပမယ့္ ဒီထက္ပိုလုိ႔ေတာ့ မျဖစ္ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

အသက်အရွယ်ကြီးရင့်ပြီး အိုမင်း ရင့်ရော်လာတယ်ဆိုတာ သဘာ၀ အလျောက် တဖြည်းဖြည်းပြောင်း လဲသွားတယ်ဆိုပေမယ့်လည်း စိတ်ဖိစီးမှုတွေ၊ စားသောက်ပုံ နည်းစနစ် မမှန်တာတွေ၊ သွား လာနေထိုင်မှု ဂရုမစိုက်တဲ့အနေ အထားမျိုးတွေမှာ ပိုပြီး အရွယ် ကျလွယ်တတ်ပါတယ်။ နေ့စဉ် ဘဝမှာ အချက်ငါးချက်အပြောင်း အလဲ လုပ်လိုက်တာနဲ့ အရွယ်ကျ တာကို နှေးကွေးစေမယ့်အချက် တွေကို မျှဝေပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ- လေ့ကျင့်ခန်းလုပ် တာတု့ိ၊ ယောဂကျင့်တာတို့၊ တရားထိုင်တာတို့လုပ်ပြီး စိတ် ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို လျှော့ ချပါ။

အစိမ်းရောင်အသီးအရွက်များ စားပေးပါ - ကိုယ်ခံစွမ်းအား ကောင်းစေပြီး အစာချေဖျက်မှု ကောင်းစေကာ ကင်ဆာရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်တဲ့ အ စိမ်းရောင်ဟင်းသီးဟင်းရွက်တွေ များများ စားသုံးပေးရင် နုပျိုလှပစေတယ်လို့ ဆိုပါတယ်။

ငါးစားပါ - အိုမီဂါ ၃ ဖက်တီး အက်စစ်ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာငါးစတဲ့ငါးအမျိုး မျိုးစားပေးရင် အိုမင်းရင့်ရော်မှု ကို ထိန်းပေးနိုင်တယ်လို့ ဆိုပါ တယ်။ ဗီတာမင်ဒီနဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိတွေလည်း ရှိ တဲ့အတွက် အရွယ်မတိုင်ခင် ရုပ် ကျတာကိုလည်း ကာကွယ်ပြီး သား ဖြစ်စေပါတယ်။

ရေများများသောက်ပါ - ခန္ဓာ ကိုယ်ထဲမှာ ရေဓာတ်မလုံလောက် ရင် အရေးအကြောင်းတွေ၊ အရေ ပြားတွန့်တာတွေ ဖြစ်လာနိုင်တဲ့ အတွက် တစ်နေ့ကိုရေ ရှစ်ဖန် ခွက်နဲ့ အထက်သောက်ပေးဖို့လို ပါတယ်။ ရေဓာတ်ပြည့်ဝနေမှ အ သားအရေစိုပြည်ပြီး ခန္ဓာကိုယ် လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်စေ တဲ့အတွက် ရင့်ရော်မှုတွေကို နှေးကွေးစေပါတယ်။

ယမကာ သောက်သုံးမှုများရှောင် ပါ - ညတိုင်းသောက်စားနေတာ မျိုးက ကျန်းမာရေးအတွက် မ ကောင်းသလို အသားအရေစိုစို ပြည်ပြည် မဖြစ်တော့ဘဲ အရောင် မှေးမှိန်စေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဝိုင်နီ တစ်ခွက်သောက်ပေးတာဟာ ကျန်းမာရေးအတွက် အကျိုးဖြစ် စေပေမယ့် ဒီထက်ပိုလို့တော့ မဖြစ်ပါဘူး။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top