iMyanmarHouse.com - Best Property Website for Myanmar
×

ပါးႏုေသြး၊ နီျမန္းေစခ်င္ရင္

တခ်ိဳ႕ပ်ိဳေလးေတြရဲ႕ ပါးေလးေတြဟာ နီးျမန္းၿပီး ႏွင္းဆီေရာင္ သမ္းေနတတ္ပါတယ္။ ဒီလိုမ်ိဳး ျဖစ္ခ်င္ရင္ ခရမ္းခ်ဥ္သီးကို မ်ားမ်ားစားေပးပါ။ ပါးျပင္ကို ပန္းႏုေရာင္ သမ္း႐ံုမွ်မက အသားရည္ကို ရႊန္းစိုဝင္းလဲ့ေစပါတယ္။ ခရမ္းခ်ဥ္သီးကို ဒီအတိုင္း စားေပးရင္ ပါးျပင္ ပန္းႏုေရာင္သန္း႐ံုမွ်မက မ်က္လံုး၊ သြား၊ အရည္ျပားေတြပါ ေကာင္းမြန္ေစပါတယ္။

မ်က္ႏွာသန္႔စင္ေစခ်င္ရင္

အိပ္ရာမဝင္ခင္နဲ႔ အိပ္ရာထၿပီး ဆယ္ငါးမိနစ္၊ စုစုေပါင္း တစ္ေန႔ကို မိနစ္ ၃၀ ေလာက္ အခ်ိန္ေပးရင္ ရပါၿပီ။ အိပ္ရာမဝင္ခင္မွာ မ်က္ႏွာကို ခရမ္းခ်ဥ္သီးတစ္ဝက္နဲ႔ (တစ္လံုးကို လွီးၿပီး) မ်က္ႏွာကို ပြတ္သပ္ေပးပါ။ လည္ပင္းတစ္ဝိုက္ေနရာေတြကိုပါ ပြတ္ေပးပါ။ ၿပီးရင္ေတာ့ ဆယ္ငါးမိနစ္ခန္႔ထားၿပီး ေရနဲ႔ ျပန္ေဆးေပးပါ။ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ လုပ္ေပးပါ။ မ်က္ႏွာကို သန္႔စင္ဝင္းပေစပါတယ္။

အဆီျပန္ေသာ အသားအေရအတြက္

ပ်ားရည္နဲ႔ ခရမ္းခ်ဥ္သီးဟာ အဆီျပန္တဲ့ အသားအရည္အတြက္ အရမ္းကို ေဆးဖက္ဝင္တဲ့ ပစၥည္းမ်ားပဲ ျဖစ္ပါတယ္။ ပ်ားရည္တစ္ဇြန္း(လက္ဖက္ရည္ဇြန္း) နဲ႔ ခရမ္းခ်ဥ္သီး အလတ္စား အရြယ္တစ္လံုးကို ယူၿပီးေရာစပ္ေခ်ႏွယ္ေပးပါ။ ၿပီးရင္ အဲဒီ့ ပ်ားရည္ေရာ ခရမ္းခ်ဥ္သီးရည္ကို မ်က္လံုးကလြဲၿပီး မ်က္ႏွာအျပင္ အႏွံ႔လိမ္းေပးပါ။ လိမ္းၿပီး အသားထဲ စိမ့္ဝင္သြားေအာင္ ၁၅ မိနစ္ခန္႔ ေစာင့္ဆိုင္းေပးပါ။ ၁၅ မိနစ္ျပည့္မွ ေရနဲ႔ ျပန္ေဆးေပးပါ။ ႏွစ္ပတ္ေလာက္ လုပ္ၾကည့္တာနဲ႔ သိသာလာပါလိမ့္မယ္။ ဒါေပမယ့္ ခရမ္းခ်ဥ္သီးနဲ႔ ဓာတ္မတည့္တဲ့ သူမ်ားအေနနဲ႔ေတာ့ မသံုးပါနဲ႔။

ေရေႏြးပူေလာင္ျခင္းႏွင့္ ဝက္ၿခံ

ေရေႏြးပူေလာင္လို႔ ေဘးနားမွာတစ္ခုခုနဲ႔ သက္သာေအာင္ လုပ္စရာပစၥည္း၊ ေဆးဝါးမရွိရင္ ခရမ္းခ်ဥ္သီးနဲ႔ အုပ္ထားေပးပါ။ အပူသက္သာေစပါတယ္။ အျမန္ဆံုး သက္သာ ေပ်ာက္ကင္း ေစပါတယ္။ ဝက္ၿခံကိုလည္း ေျပေလ်ာ့ေစပါတယ္။

ဆံပင္အနံ႔ဆိုးျခင္း

တစ္ခါတစ္ေလ ကိုယ့္ေခါင္းက ဆံပင္ရဲ႕ အနံ႔ဟာ ဆိုးရြားေနတတ္ပါတယ္။ အဲဒီလို အခါမ်ိဳးမွာ ခရမ္းခ်ဥ္သီးအရည္နဲ႔ ေခါင္းကို လိမ္းၿပီး မိနစ္ငါးဆယ္ေလာက္ထားၿပီး ေရနဲ႔ ျပန္ေလွ်ာ္လိုက္ရင္ အနံ႔အသက္လည္း ကင္းၿပီး ဒက္ေတြပါ ေပ်ာက္ကင္းသြားေစပါတယ္။ ေနာက္ၿပီး ဗီတာမင္ေအ ပါဝင္တာမို႔ ဆံသားကို ေတာက္ေျပာက္သန္မာေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : ygnnews

#Unicode Version

ပါးနုသွေး၊ နီမြန်းစေချင်ရင်

တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။

မျက်နှာသန့်စင်စေချင်ရင်

အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။

အဆီပြန်သော အသားအရေအတွက်

ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။

ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ

ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။

ဆံပင်အနံ့ဆိုးခြင်း

တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : ygnnews
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top