iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူ ရည္စားေတြ ဆိုေပမဲ့ ကိုယ့္ဘက္က လုပ္ေပးစရာ မလိုတဲ့ အရာေတြ ရွိပါတယ္။
တစ္စံုတစ္ေယာက္နဲ႔ ခ်စ္သူသမီးရည္းစား ျဖစ္တဲ့အခါ အကုန္လုိက္လုပ္ေပးေနစရာေတာ့ မလိုပါဘူး။ ႏွစ္ဦးသေဘာတူ လက္တြဲၾကတဲ့ ခရီးလမ္းမွာဆိုရင္ ပိုလို႔ေတာင္ မလိုပါေသးတယ္။
ေအာက္ပါ (၆)ခ်က္ဟာ သမီးရည္းစားဘဝမွာ လုပ္ေပးစရာ မလိုတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။

၁။ သူေပ်ာ္႐ႊင္မႈရဖို႔ သင္က အလံုးစံု အာမခံေပးစရာ မလိုပါဘူး။ အခက္အခဲေတြ႔ခ်ိန္မွာ ကူညီေဖးမေပးရင္ ရပါၿပီ။

၂။ တစ္ဖက္မိဘေတြကိုလည္း သူ႔ထက္ပိုၿပီး ခ်စ္ျပစရာ၊ ဂ႐ုစိုက္ေပးစရာ မလိုပါဘူး။ ေလးေလးစားစားနဲ႔ အေလးထား ဆက္ဆံေပးရင္ လံုေလာက္ပါတယ္။

၃။ သူ႔ျပႆနာေတြ အကုန္လံုးလည္း လို္က္ရွင္းေပးစရာ မလိုပါဘူး။ သူ႔ေဘးက ကူညီၿပီး အႀကံေပးရင္ အဆင္ေျပပါတယ္။

၄။ ကုိယ္က အမွားနည္းနည္းလုပ္မိတဲ့ အခါမ်ိဳးလည္း အလြန္အကၽြံ လိုက္ေတာင္းပန္ရတာမ်ိဳး ျဖစ္စရာ မလိုပါဘူး။ လက္မခံႏုိင္တဲ့ အမွားမ်ိဳးသာ မျဖစ္ပါေစနဲ႔။

၅။ မိခင္တစ္ေယာက္လို ဂ႐ုစိုက္ေပးစရာလည္း မလိုပါဘူး။ သင့္ခ်စ္သူက အ႐ြယ္ေရာက္ၿပီးသား ျဖစ္ေနၿပီဆုိတာ သတိရပါ။

၆။ သူ႔ရဲ႕အမွားေတြကို ကုိယ့္ရဲ႕အမွားအျဖစ္ ယူေပးစရာလည္း မလုိအပ္ပါဘူး။ ဘာျဖစ္ျဖစ္ ကိုယ့္ေၾကာင့္ျဖစ္ရတယ္လို႔ ေတြးမိေနရင္ ရပ္တန္႔ပစ္လုိက္ပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ချစ်သူ ရည်စားတွေ ဆိုပေမဲ့ ကိုယ့်ဘက်က လုပ်ပေးစရာ မလိုတဲ့ အရာတွေ ရှိပါတယ်။
တစ်စုံတစ်ယောက်နဲ့ ချစ်သူသမီးရည်းစား ဖြစ်တဲ့အခါ အကုန်လိုက်လုပ်ပေးနေစရာတော့ မလိုပါဘူး။ နှစ်ဦးသဘောတူ လက်တွဲကြတဲ့ ခရီးလမ်းမှာဆိုရင် ပိုလို့တောင် မလိုပါသေးတယ်။
အောက်ပါ (၆)ချက်ဟာ သမီးရည်းစားဘဝမှာ လုပ်ပေးစရာ မလိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ သူပျော်ရွှင်မှုရဖို့ သင်က အလုံးစုံ အာမခံပေးစရာ မလိုပါဘူး။ အခက်အခဲတွေ့ချိန်မှာ ကူညီဖေးမပေးရင် ရပါပြီ။

၂။ တစ်ဖက်မိဘတွေကိုလည်း သူ့ထက်ပိုပြီး ချစ်ပြစရာ၊ ဂရုစိုက်ပေးစရာ မလိုပါဘူး။ လေးလေးစားစားနဲ့ အလေးထား ဆက်ဆံပေးရင် လုံလောက်ပါတယ်။

၃။ သူ့ပြဿနာတွေ အကုန်လုံးလည်း လိုက်ရှင်းပေးစရာ မလိုပါဘူး။ သူ့ဘေးက ကူညီပြီး အကြံပေးရင် အဆင်ပြေပါတယ်။

၄။ ကိုယ်က အမှားနည်းနည်းလုပ်မိတဲ့ အခါမျိုးလည်း အလွန်အကျွံ လိုက်တောင်းပန်ရတာမျိုး ဖြစ်စရာ မလိုပါဘူး။ လက်မခံနိုင်တဲ့ အမှားမျိုးသာ မဖြစ်ပါစေနဲ့။

၅။ မိခင်တစ်ယောက်လို ဂရုစိုက်ပေးစရာလည်း မလိုပါဘူး။ သင့်ချစ်သူက အရွယ်ရောက်ပြီးသား ဖြစ်နေပြီဆိုတာ သတိရပါ။

၆။ သူ့ရဲ့အမှားတွေကို ကိုယ့်ရဲ့အမှားအဖြစ် ယူပေးစရာလည်း မလိုအပ်ပါဘူး။ ဘာဖြစ်ဖြစ် ကိုယ့်ကြောင့်ဖြစ်ရတယ်လို့ တွေးမိနေရင် ရပ်တန့်ပစ်လိုက်ပါ။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top