iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
Credit : trend myanmar
#Unicode Version
 အချစ်ရေးတစ်ခုမှာ သင့်အပေါ်သူက ဘာတွေလုပ်ခဲ့ပေးဖူးသူဆိုရင် သူကတော့ဖြင့် သင့်ကိုဘယ်တော့မှ လမ်းခွဲပြတ်စဲတော့မှာ မဟုတ်ဘူးဆိုပြီး ကြိုတင်ခန့်မှန်းထားတတ်ကြပါတယ်။  တစ်ခါတစ်လေ ကတိကဝတ်လို ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူတွေကြောင့် သင်တို့နှစ်ဦး ပြတ်မှာ မဟုတ်တော့ဘူးလို့ ထင်ပေမယ့် အဲ့ဒီအရာတွေက တကယ်ပြတ်ချင်ပြီဆို ဘာဆိုဘာမှ မဟုတ်တော့ပါဘူး။
ဒါ့ကြောင့် အောက်မှာဖော်ပြထားတဲ့အရာတွေ သူကလုပ်ပေးဖူးတာပဲဆိုပြီး ဖီးလ်တက်မနေပဲ လက်ရှိသူ့အခြေအနေက ဘယ်လိုရှိတယ်၊ သင့်အပေါ်ဘယ်လိုပုံမျိုး ပြောင်းလဲဆက်ဆံလာတယ်ဆိုတာနဲ့ သင့်အပေါ် အလေးထားမထားစတာတွေကိုပဲ သင်တွေးရတော့မှာပါ။ ဒီတော့ ဘယ်အခြေအနေတွေကို ပြန်တွေးပြီး စိတ်ပျော့မသွားသင့်ဘူးလဲဆိုတာ ကြည့်လိုက်ရအောင်။
၁။သူက သင့်ကို အမြဲအရင် sms ပို့တတ်တယ်ဆိုရင်လည်း ဒါကို ဖီးလ်ဖြစ်နေုလို့ မရပါဘူး။ ဒါကို ကြည့်ပြီး သူကိုယ့်အပေါ် တကယ်ချစ်မချစ် ဆုံးဖြတ်လို့ မရပါဘူး။
၂။သင့်မိသားစုနဲ့ သူ ခင်မင်ရင်းနှီးအောင် ဆက်ဆံတတ်တာမျိုးကလည်း သင့်ဆီကို အဝင်အထွက် ပိုအဆင်ပြေသွားအောင် ဖြစ်ချင်ဖြစ်မှာပါ။
၃။သူ့နေတဲ့ တိုက်ခန်းမှာ သင့်အဝတ်တွေ ရှိနေသေးတာမျိုးကိုလည်း သိပ် ဖီးလ်ဖြစ်မနေပါနဲ့။ သင်ကလည်း သင့်အကျီတွေ ပြန်ယူဖို့ မေ့နေတယ်။ သူကလည်းလျျှော်ဖွတ်ပေးဖို့ ပျင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။
၄။သူ့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ပြီးသွားပြီမို့ ငါကတော့ သူ့အတွက် အတည်ပါလို့ ထင်နေမယ့်အစား တစ်ခါတစ်လေ အဲ့ဒီလို ဘယ်နှစ်ယောက်လောက်ကိုများ သူ့သူငယ်ချင်ေးတွနဲ့ ပေးဆုံခဲ့ဖူးသလဲဆိုတာ တွေးရမှာပါ။
၅။ဖေ့စ်ဘွတ်ခ်မှာ သူနဲ့ကိုယ် relationship တင်ထားပြီးပြီမို့ စိတ်အေးသွားပြီဆိုရင်လည်း ဒါဟာ စိတ်ချလို့မရသေးတဲ့ အခြေအနေပါပဲ။
၆။မိတ်ကပ်မလိမ်းထားတဲ့ သင့်မျက်နှာကို သူမြင်ဖူးပြီးပြီမို့ အရှိအရှိအတိုင်း မြင်ပြီးပြီမို့ သရုပ်မှန်သိပြီး ပိုချစ်လာလိမ့်မယ်ဆိုတာကလည်း အပိုပါပဲ။
၇။သင့်အတွက် ဟင်းချက်ပေးတာမို့ ကိုယ့်ကိုသူသိပ်ချစ်နေပြီလို့ တွေးမယ့်အစား သူအိမ်မှာလည်း ချက်နေကျပဲလား၊ သူ့ဝါသနာကိုက ချက်ပြုတ်တာများလားလို့ တွေးပါ။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : trend myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top