iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယားအဆုိေတာ္၊ သ႐ုပ္ေဆာင္ ရိန္းဟာ မၾကာခင္ လက္ထပ္ေတာ့မယ့္သတင္းကို ပရိသတ္ကို စာရွည္ႀကီးတစ္ေစာင္ေရးလို႔ အသိေပးေျပာၾကားခဲ့ပါတယ္။

သူေရးထားတာက...

ု"ဟယ္လို..ဒီႏွစ္ေဆာင္းတြင္းက ေအးတယ္ေနာ္။ ဒါေပမဲ့ အားလံုးပဲ က်န္းမာမယ္လို႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္ ဂ်န္ဂ်ီဟြန္းပါ။ ဘာလိုလိုနဲ႔ ကၽြန္ေတာ္ အႏုပညာေလာကထဲကို ဝင္ေရာက္ခဲ့တာ ၁၆ ႏွစ္ေတာင္ ရွိသြားၿပီ။ ကၽြန္ေတာ့္ပရိသတ္က ကၽြန္ေတာ္နဲ႔ပဲ တစ္ခ်ိန္လံုး ရွိေနေပးခဲ့တယ္။ ခင္ဗ်ားတုိ႔အားလံုးလည္း လွပတဲ့ အမ်ဳိးသမီးေတြ ဒါမွမဟုတ္ သားသမီးေတြအတြက္ ေလးစားရတဲ့မိခင္ေတြအျဖစ္ အရြယ္ေရာက္လာၾကၿပီ။

ကၽြန္ေတာ္လည္း ေလးစားေလာက္တဲ့ ခင္ပြန္းနဲ႔ အိမ္ေထာင္ဦးစီး ေယာက္်ားျဖစ္မယ္လို႔ ေမွ်ာ္လင့္တာပဲ။ သူက ကၽြန္ေတာ့္ေဘးမွာေနၿပီး အျမဲတမ္း ကာကြယ္ေပးခဲ့တယ္။ ကၽြန္ေတာ္ေပ်ာ္ရႊင္ေနခ်ိန္ေရာ၊ အခက္အခဲေတြ ၾကံဳေတြ႕ေနခ်ိန္ေရာ ကၽြန္ေတာ့္ေဘးမွာ ရပ္တည္ၿပီး ကၽြန္ေတာ္နဲ႔အတူ အရာရာကို ေက်ာ္ျဖတ္ခဲ့တယ္။

အခု ကၽြန္ေတာ္တုိ႔ရဲ႕ယံုၾကည္မႈနဲ႔ အခ်စ္ေတြက တိုးပြားလာၿပီး လက္တြဲၾကဖို႔ ဆံုးျဖတ္လုိက္ၾကၿပီ။

ႏုိင္ငံအတြက္ မတည္ၿငိမ္မႈေတြနဲ႔ စီးပြားေရးခက္ခဲတဲ့အခ်ိန္ ျဖစ္တဲ့အတြက္ မဂၤလာေဆာင္နဲ႔ အခ်ိန္က တိတ္ဆိတ္ၿပီး အျဖစ္ေလာက္သာ ရွိမွာပါ။ ဒါေၾကာင့္ မဂၤလာေဆာင္နဲ႔ ပတ္သက္ၿပီး မေျပာျပႏုိင္တာ နားလည္ေပးဖို႔ ေတာင္းဆုိပါရေစ။

ၿပီးခဲ့တဲ့ ၁၆ ႏွစ္လံုးလံုး ကၽြန္ေတာ့္ကိုေပးခဲ့တဲ့ ေမတၱာေတြအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

အခုခ်ိန္ကစၿပီး အဆုိေတာ္နဲ႔ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာ္ကအျဖစ္ ျပသႏုိင္ဖို႔ ပိုမို တာဝန္သိစြာ၊ ႏွိမ့္ခ်စြာနဲ႔ အစြမ္းကုန္္ ႀကိဳးစားသြားပါ့မယ္။

သူမက ကၽြန္ေတာ့္အတြက္ အေကာင္းဆံုး လက္ေဆာင္ပါ။

၁၇.၁.၂၀၁၇

ဂ်န္ဂ်ီဟြန္း"

ရိန္းဟာ သူနဲ႔ ၄ ႏွစ္တာ ခ်စ္ႀကိဳးသြယ္ခဲ့တဲ့ မင္းသမီး ကင္မ္ေတးဟီနဲ႔ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က်ရင္ ဘုရားေက်ာင္းတစ္ခုမွာ လက္ထပ္ေတာ့မယ္လို႔ ဒီမနက္ကတည္းက သတင္းေတြ ထြက္ေနခဲ့တာ ျဖစ္ပါတယ္။

ရိန္းနဲ႔ ကင္ေတးဟီတုိ႔ကို Congratulation လုပ္လုိက္ၾကရေအာင္လား။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တောင်ကိုရီးယားအဆိုတော်၊ သရုပ်ဆောင် ရိန်းဟာ မကြာခင် လက်ထပ်တော့မယ့်သတင်းကို ပရိသတ်ကို စာရှည်ကြီးတစ်စောင်ရေးလို့ အသိပေးပြောကြားခဲ့ပါတယ်။

သူရေးထားတာက...

ု"ဟယ်လို..ဒီနှစ်ဆောင်းတွင်းက အေးတယ်နော်။ ဒါပေမဲ့ အားလုံးပဲ ကျန်းမာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဂျန်ဂျီဟွန်းပါ။ ဘာလိုလိုနဲ့ ကျွန်တော် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာ ၁၆ နှစ်တောင် ရှိသွားပြီ။ ကျွန်တော့်ပရိသတ်က ကျွန်တော်နဲ့ပဲ တစ်ချိန်လုံး ရှိနေပေးခဲ့တယ်။ ခင်ဗျားတို့အားလုံးလည်း လှပတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် သားသမီးတွေအတွက် လေးစားရတဲ့မိခင်တွေအဖြစ် အရွယ်ရောက်လာကြပြီ။

ကျွန်တော်လည်း လေးစားလောက်တဲ့ ခင်ပွန်းနဲ့ အိမ်ထောင်ဦးစီး ယောက်ျားဖြစ်မယ်လို့ မျှော်လင့်တာပဲ။ သူက ကျွန်တော့်ဘေးမှာနေပြီး အမြဲတမ်း ကာကွယ်ပေးခဲ့တယ်။ ကျွန်တော်ပျော်ရွှင်နေချိန်ရော၊ အခက်အခဲတွေ ကြုံတွေ့နေချိန်ရော ကျွန်တော့်ဘေးမှာ ရပ်တည်ပြီး ကျွန်တော်နဲ့အတူ အရာရာကို ကျော်ဖြတ်ခဲ့တယ်။

အခု ကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ အချစ်တွေက တိုးပွားလာပြီး လက်တွဲကြဖို့ ဆုံးဖြတ်လိုက်ကြပြီ။

နိုင်ငံအတွက် မတည်ငြိမ်မှုတွေနဲ့ စီးပွားရေးခက်ခဲတဲ့အချိန် ဖြစ်တဲ့အတွက် မင်္ဂလာဆောင်နဲ့ အချိန်က တိတ်ဆိတ်ပြီး အဖြစ်လောက်သာ ရှိမှာပါ။ ဒါကြောင့် မင်္ဂလာဆောင်နဲ့ ပတ်သက်ပြီး မပြောပြနိုင်တာ နားလည်ပေးဖို့ တောင်းဆိုပါရစေ။

ပြီးခဲ့တဲ့ ၁၆ နှစ်လုံးလုံး ကျွန်တော့်ကိုပေးခဲ့တဲ့ မေတ္တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။

အခုချိန်ကစပြီး အဆိုတော်နဲ့ သရုပ်ဆောင်ကောင်းတစ်ယော်ကအဖြစ် ပြသနိုင်ဖို့ ပိုမို တာဝန်သိစွာ၊ နှိမ့်ချစွာနဲ့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။

သူမက ကျွန်တော့်အတွက် အကောင်းဆုံး လက်ဆောင်ပါ။

၁၇.၁.၂၀၁၇

ဂျန်ဂျီဟွန်း"

ရိန်းဟာ သူနဲ့ ၄ နှစ်တာ ချစ်ကြိုးသွယ်ခဲ့တဲ့ မင်းသမီး ကင်မ်တေးဟီနဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကျရင် ဘုရားကျောင်းတစ်ခုမှာ လက်ထပ်တော့မယ်လို့ ဒီမနက်ကတည်းက သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ရိန်းနဲ့ ကင်တေးဟီတို့ကို Congratulation လုပ်လိုက်ကြရအောင်လား။

Credit : duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top