iMyanmarHouse.com - Best Property Website for Myanmar
×

၁) အရင္ရည္စားနဲ႕ဘာကြာလဲ
မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ခ်စ္သူရဲ႕ အရင္ရည္းစားအေၾကာင္းကို စိတ္၀င္စားတတ္ၾကျပီး သူမနဲ႕ကိုယ္နဲ႕ဘာကြာျခားခ်က္ ရွိသလဲဆိုတာကို အျမဲလိုလို တိုင္းတာျပီး ေမးျမန္းေမးတတ္ၾကပါတယ္။ ဒီေမးခြန္းေမးလုိက္တဲ့အတြက္ ကိုယ့္ခ်စ္သူက ေတာ့ ျပန္ေျဖမွာပဲ မင္းကသာတာေပ့ါကြာ ဘာညာေပ့ါ။ တကယ္တမ္းလည္း မိန္းကေလးေတြက ဒီအေျဖပဲလုိခ်င္ၾကတာပါပဲ။ အရင္ရည္းစားက ပိုသာပါတယ္ သူ႕ကို ပိုခ်စ္ခဲ့တာလို႕ ေျဖမဲ့ငတိေတာ့ ရွိမယ္မထင္ပါဘူးေနာ္။

တကယ္တမ္း လိမ္မာပါးနပ္တဲ့ မိန္းကေလးေတြဟာ ကိုယ့္ခ်စ္သူရဲ႕ အတိတ္ကို ျပန္လည္တူးဆြျပီး သူရဲ႕ အရင္ရည္းစားနဲ႕သြားခဲ့လာခဲ့ ခ်ိဳျမိန္ခဲ့တဲ့ ေနာက္ေၾကာင္းကို ျပန္လည္ စဥ္းစားေစမွာ မဟုတ္ပဲ လက္ရွိဘ၀ကို အေကာင္းဆံုးဖန္တီးျပီး အရင္တစ္ေယာက္ထက္သာေအာင္သာ ၾကိဳးစားသြားပါလိမ့္မယ္။

၂) ဘာမွကိုမေျပာခ်င္ေတာ့ဘူး
ခ်စ္သူျခင္း ရန္ေတြျဖစ္လုိ႕ ၊ စိတ္ေကာက္ၾကလုိ႕ ကိုယ့္ခ်စ္သူကို ေတာ္ျပီ ဘာမွကို ေျပာခ်င္စိတ္မရွိေတာ့ဘူး ဆိုတဲ့ စကားတစ္ခြန္းဟာ ဘာကိုေဖၚျပသလဲဆိုေတာ့ ကိုယ္ကကိုယ့္ခ်စ္သူေပၚ စိတ္ကုန္ေနျပီ၊ ဘယ္လုိမွဆက္တြဲ လုိ႕မရေတာ့ပဲ လမ္းဆံုးေရာက္ေနလုိ႕ လမ္းခြဲရမဲ့အေနထားေရာက္ေနျပီလုိ႕ ထင္သြားေစပါတယ္။ ဒီစကားတစ္ခြန္းေလးဟာ ျပႆနာကို ေျဖရွႈင္းရာ မေရာက္ဘဲ ပိုမိုဆိုးရြားမဲ့ အေျခအေနတစ္ခုကို သာ တြန္းပို႕လုိက္ေစမွာျဖစ္ပါတယ္။

၃) အရမ္းမ်ားရုပ္ဆိုးေနသလား
မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ခ်စ္သူရဲ႕ ပါးစပ္ဖ်ားကေန အရမ္းလွတာပဲကြာ ဆိုတဲ့ ခ်ီးက်ဴးစကားကို လိုခ်င္ၾကလို႕ ကိုယ္ကေတာ့ ေတာ္ေတာ္ရုပ္ဆိုးေနျပီေနာ္၊ သူမ်ားေလာက္ မလွေတာ့ဘူးေနာ္ ဆိုျပီး ခ်စ္သူဆီက ခ်ိဳျမိန္တဲ့ ခ်ီးက်ဴးသံၾကားရဖုိ႕ အတြက္ ထပ္ခါထပ္ခါ မိမိကုိယ္ကို မလွေၾကာင္းအရင္ေျပာျပီး ႏိႈက္ယူေလ့ရွိၾကပါတယ္။

ဒါေပမဲ့ ဒီလုိ မၾကာခဏေျပာလုိက္တဲ့အတြက္ ေျပာဖန္မ်ားေတာ့ ကိုယ့္ခ်စ္သူရဲ႕ အျမင္မွာ ကိုယ္ဟာ ၾကာလာရင္ ကိုယ့္ရဲ႕စကားအတုိုင္း မလွဘူးလုိ႕ ျမင္လာပါလိမ့္ယ္။

၄) သူမ်ားရည္းစားေတြဆိုရင္
သူမ်ားရည္းစားေတြၾကည့္စမ္း ဘယ္လုိလုပ္ေပးတာ ။ ဘယ္လိုခ်စ္တာ အစရွိသျဖင့္ အျမဲလိုလို မိန္းကေလးေတြက တိုင္းတာေလ့ရွိၾကပါတယ္။ ဘယ္လုိျဖည့္ျဖည့္ မျပည့္တဲ့အိုးေတြလုိေပ့ါ။ သူမ်ားေကာင္ေလးေတြ ေကာင္မေလးေပၚ ျပဳမႈတာေတြပဲျမင္ၾကပါတယ္။ တကယ္တမ္းသူတို႕ေနာက္ကြယ္မွာ ဘယ္လုိ ျပႆနာေတြရွိတာကိုေတာ့ မဆန္းစစ္ပါဘူး ။
အေပၚယံေလးေတြၾကည့္ျပီး ကိုယ့္ခ်စ္သူကို စိတ္ဆိုးတုိင္း စကားနာ ထိုးေလ့ရွိပါတယ္။

တကယ္လုိ႕ ဒီေလာက္ေတာင္ သူလုိလူမ်ိဳးကို အားက်တယ္ဆိုရင္ သူ႕သြားၾကိဳက္ပါလားဆိုရင္ ကိုယ္လည္းစိတ္မေကာင္းျဖစ္ရပါတယ္။
တကယ္တမ္း သင္ဟာ ပါးနပ္တဲ့မိန္းကေလးတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ေယာက်ာ္းေတြဟာ သူတို႕ကို တျခားေယာက်ာ္းေတြနဲ႕ ယွဥ္ျပီးေျပာတာကို လံုး၀မၾကိဳက္တာကို သိထားရင္ သူတို႕မၾကိဳက္တဲ့ ဒီလုိစကားမ်ိဳးကို ေရွာင္ၾကဥ္ျပီး အေကာင္းမြန္ဆံုး ေလွ်ာက္လွမ္းရမဲ့ လမ္းေတြကို ခင္းက်င္းသြားပါလိမ့္မယ္။

ကဲ ဒီေန႕ကစျပီး မိမိတို႕ခ်စ္ခင္တဲ့သူနဲ႕ ျငိမ္းခ်မ္းစြာ လက္တြဲသြားႏုိင္ပါေစလုိ႕ မႏုႆ မွ ေရွာင္ၾကဥ္ရမဲ့စကားေလးကိုေတြ လက္ေဆာင္ေပးရင္း ဆုေတာင္းလုိက္ပါတယ္ေနာ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:မႏုႆ ရဲ႕ စာမ်က္ႏွာေလးမ်ား

Unicode Version

၁) အရင်ရည်စားနဲ့ဘာကွာလဲ
မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားအကြောင်းကို စိတ်ဝင်စားတတ်ကြပြီး သူမနဲ့ကိုယ်နဲ့ဘာကွာခြားချက် ရှိသလဲဆိုတာကို အမြဲလိုလို တိုင်းတာပြီး မေးမြန်းမေးတတ်ကြပါတယ်။ ဒီမေးခွန်းမေးလိုက်တဲ့အတွက် ကိုယ့်ချစ်သူက တော့ ပြန်ဖြေမှာပဲ မင်းကသာတာပေ့ါကွာ ဘာညာပေ့ါ။ တကယ်တမ်းလည်း မိန်းကလေးတွေက ဒီအဖြေပဲလိုချင်ကြတာပါပဲ။ အရင်ရည်းစားက ပိုသာပါတယ် သူ့ကို ပိုချစ်ခဲ့တာလို့ ဖြေမဲ့ငတိတော့ ရှိမယ်မထင်ပါဘူးနော်။

တကယ်တမ်း လိမ်မာပါးနပ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူရဲ့ အတိတ်ကို ပြန်လည်တူးဆွပြီး သူရဲ့ အရင်ရည်းစားနဲ့သွားခဲ့လာခဲ့ ချိုမြိန်ခဲ့တဲ့ နောက်ကြောင်းကို ပြန်လည် စဉ်းစားစေမှာ မဟုတ်ပဲ လက်ရှိဘဝကို အကောင်းဆုံးဖန်တီးပြီး အရင်တစ်ယောက်ထက်သာအောင်သာ ကြိုးစားသွားပါလိမ့်မယ်။

၂) ဘာမှကိုမပြောချင်တော့ဘူး
ချစ်သူခြင်း ရန်တွေဖြစ်လို့ ၊ စိတ်ကောက်ကြလို့ ကိုယ့်ချစ်သူကို တော်ပြီ ဘာမှကို ပြောချင်စိတ်မရှိတော့ဘူး ဆိုတဲ့ စကားတစ်ခွန်းဟာ ဘာကိုဖေါ်ပြသလဲဆိုတော့ ကိုယ်ကကိုယ့်ချစ်သူပေါ် စိတ်ကုန်နေပြီ၊ ဘယ်လိုမှဆက်တွဲ လို့မရတော့ပဲ လမ်းဆုံးရောက်နေလို့ လမ်းခွဲရမဲ့အနေထားရောက်နေပြီလို့ ထင်သွားစေပါတယ်။ ဒီစကားတစ်ခွန်းလေးဟာ ပြဿနာကို ဖြေရှှုင်းရာ မရောက်ဘဲ ပိုမိုဆိုးရွားမဲ့ အခြေအနေတစ်ခုကို သာ တွန်းပို့လိုက်စေမှာဖြစ်ပါတယ်။

၃) အရမ်းများရုပ်ဆိုးနေသလား
မိန်းကလေးတွေ တော်တော်များများဟာ ကိုယ့်ချစ်သူရဲ့ ပါးစပ်ဖျားကနေ အရမ်းလှတာပဲကွာ ဆိုတဲ့ ချီးကျူးစကားကို လိုချင်ကြလို့ ကိုယ်ကတော့ တော်တော်ရုပ်ဆိုးနေပြီနော်၊ သူများလောက် မလှတော့ဘူးနော် ဆိုပြီး ချစ်သူဆီက ချိုမြိန်တဲ့ ချီးကျူးသံကြားရဖို့ အတွက် ထပ်ခါထပ်ခါ မိမိကိုယ်ကို မလှကြောင်းအရင်ပြောပြီး နှိုက်ယူလေ့ရှိကြပါတယ်။

ဒါပေမဲ့ ဒီလို မကြာခဏပြောလိုက်တဲ့အတွက် ပြောဖန်များတော့ ကိုယ့်ချစ်သူရဲ့ အမြင်မှာ ကိုယ်ဟာ ကြာလာရင် ကိုယ့်ရဲ့စကားအတိုင်း မလှဘူးလို့ မြင်လာပါလိမ့်ယ်။

၄) သူများရည်းစားတွေဆိုရင်
သူများရည်းစားတွေကြည့်စမ်း ဘယ်လိုလုပ်ပေးတာ ။ ဘယ်လိုချစ်တာ အစရှိသဖြင့် အမြဲလိုလို မိန်းကလေးတွေက တိုင်းတာလေ့ရှိကြပါတယ်။ ဘယ်လိုဖြည့်ဖြည့် မပြည့်တဲ့အိုးတွေလိုပေ့ါ။ သူများကောင်လေးတွေ ကောင်မလေးပေါ် ပြုမှုတာတွေပဲမြင်ကြပါတယ်။ တကယ်တမ်းသူတို့နောက်ကွယ်မှာ ဘယ်လို ပြဿနာတွေရှိတာကိုတော့ မဆန်းစစ်ပါဘူး ။
အပေါ်ယံလေးတွေကြည့်ပြီး ကိုယ့်ချစ်သူကို စိတ်ဆိုးတိုင်း စကားနာ ထိုးလေ့ရှိပါတယ်။

တကယ်လို့ ဒီလောက်တောင် သူလိုလူမျိုးကို အားကျတယ်ဆိုရင် သူ့သွားကြိုက်ပါလားဆိုရင် ကိုယ်လည်းစိတ်မကောင်းဖြစ်ရပါတယ်။
တကယ်တမ်း သင်ဟာ ပါးနပ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ယောကျာ်းတွေဟာ သူတို့ကို တခြားယောကျာ်းတွေနဲ့ ယှဉ်ပြီးပြောတာကို လုံးဝမကြိုက်တာကို သိထားရင် သူတို့မကြိုက်တဲ့ ဒီလိုစကားမျိုးကို ရှောင်ကြဉ်ပြီး အကောင်းမွန်ဆုံး လျှောက်လှမ်းရမဲ့ လမ်းတွေကို ခင်းကျင်းသွားပါလိမ့်မယ်။

ကဲ ဒီနေ့ကစပြီး မိမိတို့ချစ်ခင်တဲ့သူနဲ့ ငြိမ်းချမ်းစွာ လက်တွဲသွားနိုင်ပါစေလို့ မနုဿ မှ ရှောင်ကြဉ်ရမဲ့စကားလေးကိုတွေ လက်ဆောင်ပေးရင်း ဆုတောင်းလိုက်ပါတယ်နော်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:မနုဿ ရဲ့ စာမျက်နှာလေးများ 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top