iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္ ဆယ္ေက်ာ္သက္အခ်ိဳ႕ဟာ အၾကားအာ႐ံုဆံုး႐ႈံးျခင္းကို ၾကံဳေတြ႕ေနရပါတယ္။ နားထဲကိုနားၾကပ္ထည့္ၿပီး သီခ်င္းနားေထာင္တာေတြက အၾကားအာ႐ံုကို အဓိကပ်က္စီးေစတာပါ။ နားထဲထည့္တဲ့နားၾကပ္ေတြက အၾကားအာ႐ံုကို ဘယ္လိုဒုကၡေပးသလဲဆုိတာကို နယူးေယာ့ခ္တကၠသိုလ္က အၾကားအာ႐ံုဆုိင္ရာကၽြမ္းက်င္သူ တြဲဖက္ပါေမာကၡ ဝီလ်ံ အိတ္ခ်္႐ွာပီ႐ိုက ႐ွင္းျပထားပါတယ္။

နားအတြင္းထဲကို နားၾကပ္ထိုးထည့္လိုက္တဲ့အခါ နားစည္နဲ႔နားၾကပ္က အရမ္းကိုနီးကပ္္သြားပါတယ္။ နားၾကပ္က အသံထုတ္လႊတ္တဲဲ့အခါမွာလည္း နားစည္ကိုဖိအားေတြအမ်ားႀကီးေပးရာေရာက္ေတာ့ အၾကားပိုင္းဆိုင္ရာကို ဒုကၡေပးေတာ့တာပါပဲ။ နားၾကပ္အသံကို ၆၀ ရာခိုင္ႏႈန္းထားၿပီး နားေထာင္မယ္ဆုိရင္ေတာင္မွ နားအတြက္အႏၱရာယ္မ်ားပါတယ္။ ၆၀ ရာခိုင္ႏႈန္းနဲ႔ နားေထာင္ျခင္းဟာ တစ္ေန႔ကို မိနစ္ ၆၀ (တစ္နာရီ)ထက္ မပိုသင့္ဘူးလို႔ ေဒါက္တာဝီလ်ံက အၾကံေပးထားပါတယ္။

ျပင္ပအသံေတြက ဆူေနရင္ နားၾကပ္ကိုပိုၿပီး ရာခိုင္ႏႈန္းျမႇင့္ေလ့႐ွိၾကပါတယ္။ ဒါေၾကာင့္မို႔လို႔ ျပင္ပအသံေတြကို ေလွ်ာ့ခ်လိုက္မယ္ဆုိရင္ နားၾကပ္နဲ႔နားေထာင္တဲဲ့အခါ အသံက်ယ္က်ယ္ထားစရာ လိုမွာမဟုတ္ေတာ့ပါဘူး။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun

#Unicode Version

ယနေ့ခေတ် ဆယ်ကျော်သက်အချို့ဟာ အကြားအာရုံဆုံးရှုံးခြင်းကို ကြုံတွေ့နေရပါတယ်။ နားထဲကိုနားကြပ်ထည့်ပြီး သီချင်းနားထောင်တာတွေက အကြားအာရုံကို အဓိကပျက်စီးစေတာပါ။ နားထဲထည့်တဲ့နားကြပ်တွေက အကြားအာရုံကို ဘယ်လိုဒုက္ခပေးသလဲဆိုတာကို နယူးယော့ခ်တက္ကသိုလ်က အကြားအာရုံဆိုင်ရာကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ ဝီလျံ အိတ်ချ်ရှာပီရိုက ရှင်းပြထားပါတယ်။

နားအတွင်းထဲကို နားကြပ်ထိုးထည့်လိုက်တဲ့အခါ နားစည်နဲ့နားကြပ်က အရမ်းကိုနီးကပ်သွားပါတယ်။ နားကြပ်က အသံထုတ်လွှတ်တဲ့အခါမှာလည်း နားစည်ကိုဖိအားတွေအများကြီးပေးရာရောက်တော့ အကြားပိုင်းဆိုင်ရာကို ဒုက္ခပေးတော့တာပါပဲ။ နားကြပ်အသံကို ၆၀ ရာခိုင်နှုန်းထားပြီး နားထောင်မယ်ဆိုရင်တောင်မှ နားအတွက်အန္တရာယ်များပါတယ်။ ၆၀ ရာခိုင်နှုန်းနဲ့ နားထောင်ခြင်းဟာ တစ်နေ့ကို မိနစ် ၆၀ (တစ်နာရီ)ထက် မပိုသင့်ဘူးလို့ ဒေါက်တာဝီလျံက အကြံပေးထားပါတယ်။

ပြင်ပအသံတွေက ဆူနေရင် နားကြပ်ကိုပိုပြီး ရာခိုင်နှုန်းမြှင့်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့လို့ ပြင်ပအသံတွေကို လျှော့ချလိုက်မယ်ဆိုရင် နားကြပ်နဲ့နားထောင်တဲ့အခါ အသံကျယ်ကျယ်ထားစရာ လိုမှာမဟုတ်တော့ပါဘူး။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top