iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုးႏွစ္လံုး ပြင့္ခ်ိန္ကစၿပီး ပိတ္ခ်ိန္အထိ ခ်စ္သူကို ျမင္ေတြ႕ခြင့္ရဖို႔ ျဖစ္ႏုိင္တယ္ဆုိရင္ေတာင္ အျမဲတမ္း ေတြ႕ခ်င္စိတ္မ်ဳိး မျဖစ္သင့္ပါဘူး။ သူ႔ကို ခ်စ္တာနဲ႔ သူ႔ကို အျမဲတမ္း ျမင္ခ်င္တာ ဘာမွ မဆိုင္ပါဘူး။ ခုိင္ျမဲတဲ့ အခ်စ္တစ္ခုျဖစ္ဖို႔ ကိုယ္ပိုင္အခ်ိန္ဆုိတာ ႏွစ္ဦးစလံုးမွာ ရွိသင့္ပါတယ္။

၁။ ခြဲခြာခ်ိန္ေလးေတြက အခ်စ္ကို တုိးပြားေစတယ္

ေဝးေလေလ ပိုခ်စ္မိေလေလဆုိတဲ့ စကားအတုိင္းေပါ့။ ေဝးကြာေနခ်ိန္မွာ သူ႔ကို လြမ္းေနလိုက္ပါ။

၂။ ကိုယ္ပိုင္ဘဝဆုိတာ လူတုိင္းမွာ ရွိသင့္တယ္

ႏွစ္ဖက္စလံုးမွာ သူငယ္ခ်င္းေတြ၊ အလုပ္ေတြနဲ႔ ဝါသနာေတြ ရွိရပါမယ္။ အဲဒီလို ေနထုိင္လိုက္ရင္ သင္ဟာ ေယာက္်ားတစ္ေယာက္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ လႈပ္ရွားေနရတဲ့ အမ်ဳိးသမီးမဟုတ္ဘဲ အမွီအခုိကင္းတဲ့ အမ်ဳိးသမီးအျဖစ္ ယံုၾကည္စိတ္ တုိးပြားေစပါတယ္။

၃။ သူ႔ကို ယံုၾကည္သင့္တယ္

သင္မပါဘဲ သူတစ္ေနရာသြားတုိင္း စိတ္မခုသင့္ပါဘူး။ သင့္မ်က္စိေအာက္က ေပ်ာက္သြားတာနဲ႔ သူေဖာက္ျပန္ေတာ့မယ္လို႔ ထင္ေနရင္ အစကတည္းက သူနဲ႔ မတြဲသင့္ပါဘူး။

၄။ သူ႔အသံကို ၾကားရ႐ံုနဲ႔ ေက်နပ္သင့္တယ္

သင္တုိ႔ေတြ မုိင္ေပါင္းမ်ားစြာ ေဝးေနရင္ေတာင္ မက္ေဆ့ပို႔၊ ဖုန္းဆက္၊ Skype နဲ႔ ေျပာၿပီး အဆက္အသြယ္မျပတ္ေအာင္ ေနလို႔ရတာပဲ။ သင္တုိ႔အခ်စ္က ခုိင္ျမဲေနရင္ ဘာေတြးပူစရာ လုိမွာလဲ။

၅။ သင့္တုိ႔ႏွစ္ေယာက္ အတူရွိေနခ်ိန္ေတြကို ပိုၿပီး အမွတ္တရ ျဖစ္ေစတယ္

အျမဲအတူရွိေနမယ္ဆုိရင္ အမွတ္ရစရာအခ်ိန္ေတြဆုိတာ သီးသန္႔ရွိေနမွာမဟုတ္ဘူးေလ။ ခြဲခြာခ်ိန္ေတြမွာ အတူရွိေနခ်ိန္က ပိုၿပီး တန္ဖိုးရွိတယ္လို႔ ခံစားရပါတယ္။

၆။ သူ႔အေပၚ အားမကိုးသင့္ဘူး

သူနဲ႔အတူ ရွိေနခ်င္တာ ျပႆနာမဟုတ္ပါဘူး။ ဒါေပမဲ့ သင့္ရဲ႕ကိစၥ၀ိစၥေတြကို လုပ္ကိုင္ဖို႔ သူ႔ကို လိုအပ္ေနမိၿပီ ဆုိရင္ေတာ့ သင့္စိတ္ကို ေျပာင္းလဲသင့္ပါၿပီ။ သူက သင့္ရဲ႕ခ်စ္သူပါ။ အခုိင္းအေစ မဟုတ္ပါဘူး။

၇။ အျမဲအတူရွိေနရင္ ျပႆနာမ်ားတယ္

အျမဲအတူရွိေနတဲ့အတြက္ ရန္ျဖစ္ဖို႔ အခြင့္အေရးက ပိုမ်ားပါတယ္။ ေဒါသထြက္ခ်ိန္မွာ သူနဲ႔ ခဏေလာက္ ေဝးေဝးေနဖုိ႔ အခ်ိန္ရွိေနတာ ႏွစ္ဖက္စလံုးအတြက္ ေကာင္းပါတယ္။

၈။ သူကို အျမဲျမင္ခ်င္တာ အဓိပၸာယ္မရွိဘူး

သင္က သူ႔ကို သင့္အနားမွာ အတူရွိေနေစခ်င္ေပမဲ့လုိ႔ သူက သင့္ကို အခ်ိန္ျပည့္ ျမင္ခ်င္မွာ မဟုတ္ဘူးဆုိတဲ့ အခ်က္ကို ေက်ေက်နပ္နပ္ လက္ခံေပးပါ။ ဒါက သင့္ကို မခ်စ္တာမဟုတ္ဘူး။ သူ႔အတြက္ ကိုယ္ပိုင္အခ်ိန္ လိုအပ္လို႔ပါ။

၉။ သင့္ဘဝကလည္း ပိုၿပီး ေပ်ာ္စရာေကာင္းလာပါမယ္

သင့္စိတ္ကိုသင္ ျပင္ဆင္ထားရင္ တကယ္လို႔ အလုပ္ေၾကာင့္ ခြဲခြာရတာမ်ဳိး ျဖစ္လာရင္ ဝမ္းမနည္းေတာ့ပါဘူး။ သင္တုိ႔ရဲ႕ အနာဂတ္လွပဖို႔ အလုပ္ကိုလည္း ဦးစားေပးဖို႔ လိုတယ္မဟုတ္လား။

၁၀။ ဘယ္လိုအေၾကာင္းေၾကာင္းနဲ႔မွ မပ်က္ႏိုင္တဲ့ အခ်စ္မ်ဳိး ျဖစ္သင့္တယ္

ခဏေလးခြဲရတာေတာင္ သင့္အတြက္ ျပႆနာႀကီး ျဖစ္ေနရင္ တျခားျပႆနာေတြကို သင္ဘယ္လို ရင္ဆုိင္ေျဖရွင္းမလဲ။ သူ႔ကို ဘဝတစ္သက္တာ လက္တြဲခ်င္တယ္ဆုိရင္ အခက္ခဲဆံုးအခ်ိန္ေတြကို ျဖတ္ေက်ာ္ႏိုင္ဖို႔ နည္းလမ္းရွာရပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

မျက်လုံးနှစ်လုံး ပွင့်ချိန်ကစပြီး ပိတ်ချိန်အထိ ချစ်သူကို မြင်တွေ့ခွင့်ရဖို့ ဖြစ်နိုင်တယ်ဆိုရင်တောင် အမြဲတမ်း တွေ့ချင်စိတ်မျိုး မဖြစ်သင့်ပါဘူး။ သူ့ကို ချစ်တာနဲ့ သူ့ကို အမြဲတမ်း မြင်ချင်တာ ဘာမှ မဆိုင်ပါဘူး။ ခိုင်မြဲတဲ့ အချစ်တစ်ခုဖြစ်ဖို့ ကိုယ်ပိုင်အချိန်ဆိုတာ နှစ်ဦးစလုံးမှာ ရှိသင့်ပါတယ်။

၁။ ခွဲခွာချိန်လေးတွေက အချစ်ကို တိုးပွားစေတယ်

ဝေးလေလေ ပိုချစ်မိလေလေဆိုတဲ့ စကားအတိုင်းပေါ့။ ဝေးကွာနေချိန်မှာ သူ့ကို လွမ်းနေလိုက်ပါ။

၂။ ကိုယ်ပိုင်ဘဝဆိုတာ လူတိုင်းမှာ ရှိသင့်တယ်

နှစ်ဖက်စလုံးမှာ သူငယ်ချင်းတွေ၊ အလုပ်တွေနဲ့ ဝါသနာတွေ ရှိရပါမယ်။ အဲဒီလို နေထိုင်လိုက်ရင် သင်ဟာ ယောက်ျားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ လှုပ်ရှားနေရတဲ့ အမျိုးသမီးမဟုတ်ဘဲ အမှီအခိုကင်းတဲ့ အမျိုးသမီးအဖြစ် ယုံကြည်စိတ် တိုးပွားစေပါတယ်။

၃။ သူ့ကို ယုံကြည်သင့်တယ်

သင်မပါဘဲ သူတစ်နေရာသွားတိုင်း စိတ်မခုသင့်ပါဘူး။ သင့်မျက်စိအောက်က ပျောက်သွားတာနဲ့ သူဖောက်ပြန်တော့မယ်လို့ ထင်နေရင် အစကတည်းက သူနဲ့ မတွဲသင့်ပါဘူး။

၄။ သူ့အသံကို ကြားရရုံနဲ့ ကျေနပ်သင့်တယ်

သင်တို့တွေ မိုင်ပေါင်းများစွာ ဝေးနေရင်တောင် မက်ဆေ့ပို့၊ ဖုန်းဆက်၊ Skype နဲ့ ပြောပြီး အဆက်အသွယ်မပြတ်အောင် နေလို့ရတာပဲ။ သင်တို့အချစ်က ခိုင်မြဲနေရင် ဘာတွေးပူစရာ လိုမှာလဲ။

၅။ သင့်တို့နှစ်ယောက် အတူရှိနေချိန်တွေကို ပိုပြီး အမှတ်တရ ဖြစ်စေတယ်

အမြဲအတူရှိနေမယ်ဆိုရင် အမှတ်ရစရာအချိန်တွေဆိုတာ သီးသန့်ရှိနေမှာမဟုတ်ဘူးလေ။ ခွဲခွာချိန်တွေမှာ အတူရှိနေချိန်က ပိုပြီး တန်ဖိုးရှိတယ်လို့ ခံစားရပါတယ်။

၆။ သူ့အပေါ် အားမကိုးသင့်ဘူး

သူနဲ့အတူ ရှိနေချင်တာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ကိစ္စဝိစ္စတွေကို လုပ်ကိုင်ဖို့ သူ့ကို လိုအပ်နေမိပြီ ဆိုရင်တော့ သင့်စိတ်ကို ပြောင်းလဲသင့်ပါပြီ။ သူက သင့်ရဲ့ချစ်သူပါ။ အခိုင်းအစေ မဟုတ်ပါဘူး။

၇။ အမြဲအတူရှိနေရင် ပြဿနာများတယ်

အမြဲအတူရှိနေတဲ့အတွက် ရန်ဖြစ်ဖို့ အခွင့်အရေးက ပိုများပါတယ်။ ဒေါသထွက်ချိန်မှာ သူနဲ့ ခဏလောက် ဝေးဝေးနေဖို့ အချိန်ရှိနေတာ နှစ်ဖက်စလုံးအတွက် ကောင်းပါတယ်။

၈။ သူကို အမြဲမြင်ချင်တာ အဓိပ္ပာယ်မရှိဘူး

သင်က သူ့ကို သင့်အနားမှာ အတူရှိနေစေချင်ပေမဲ့လို့ သူက သင့်ကို အချိန်ပြည့် မြင်ချင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ကျေကျေနပ်နပ် လက်ခံပေးပါ။ ဒါက သင့်ကို မချစ်တာမဟုတ်ဘူး။ သူ့အတွက် ကိုယ်ပိုင်အချိန် လိုအပ်လို့ပါ။

၉။ သင့်ဘဝကလည်း ပိုပြီး ပျော်စရာကောင်းလာပါမယ်

သင့်စိတ်ကိုသင် ပြင်ဆင်ထားရင် တကယ်လို့ အလုပ်ကြောင့် ခွဲခွာရတာမျိုး ဖြစ်လာရင် ဝမ်းမနည်းတော့ပါဘူး။ သင်တို့ရဲ့ အနာဂတ်လှပဖို့ အလုပ်ကိုလည်း ဦးစားပေးဖို့ လိုတယ်မဟုတ်လား။

၁၀။ ဘယ်လိုအကြောင်းကြောင်းနဲ့မှ မပျက်နိုင်တဲ့ အချစ်မျိုး ဖြစ်သင့်တယ်

ခဏလေးခွဲရတာတောင် သင့်အတွက် ပြဿနာကြီး ဖြစ်နေရင် တခြားပြဿနာတွေကို သင်ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ သူ့ကို ဘဝတစ်သက်တာ လက်တွဲချင်တယ်ဆိုရင် အခက်ခဲဆုံးအချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းရှာရပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top