iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ (ျပာသိုလျပည့္)ဟာ ျမန္မာႏိုင္ရဲ႕ အေမေန႔ ျဖစ္ပါတယ္။ မိခင္ရဲ႕ႀကီးမားလွတဲ့ေမတၱာကို ေဖာ္ညႊန္းၿပီး မိခင္ေမတၱာ ေက်းဇူးတရားကို ေအာက္ေမ့သိတတ္တဲ့အေနနဲ႔ အေမကို ဂါရဝျပဳၾကတဲ့ေန႔လည္း ျဖစ္ပါတယ္။ အေမ့ကို လက္ေဆာင္ေတြေပးၾက၊ အေမေပ်ာ္႐ႊင္ေအာင္ ဂ႐ုစိုက္ေပးၾကသလို ေဖ့စ္ဘြတ္ေပၚမွာလည္း အေမနဲ႔အတူ တြဲ႐ိုက္ထားတဲ့ ဓာတ္ပံုေတြ တင္ၾကတဲ့ေန႔ပါ။

အေမေန႔ရယ္လို႔ ျဖစ္ေပၚလာတာကေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ စာေရးဆရာ၊ ဒါ႐ိုက္တာ ဦးသုခက စတင္ခဲ့တယ္လို႔ သိရပါတယ္။ ၁၉၉၅ ခုႏွစ္ ျပာသိုလျပည့္ေန႔က မႏၱေလးမွာ အေမေန႔အမွတ္တရအျဖစ္ ဆရာႀကီးဦးသုခက စာေပေဟာေျပာခဲ့ၿပီး မိခင္ေမတၱာအေၾကာင္းေတြကို ဖြဲ႔ႏြဲ႕ကာ သူ႔ရဲ႕အေမအေၾကာင္းကိုလည္း ထည့္္သြင္းေျပာခဲ့ရာကေန ျမန္မာႏိုင္ငံရဲ႕ အေမေန႔ စတင္ျဖစ္ေပၚခဲ့ပါတယ္။ ျပာသိုလဟာ ျမန္မာႏိုင္ငံမွာ အခ်မ္းဆံုးရာသီဥတုလည္းျဖစ္တာနဲ႔အညီ မိခင္ေမတၱာရဲ႕ေအးခ်မ္းမႈကိုကိုယ္စားျပဳတဲ့အေနနဲ႔ ျပာသိုလျပည့္ေန႔ကို အေမေန႔အျဖစ္ သတ္မွတ္က်င္းပဖို႔ကိုလည္း ဆရာႀကီးဦးသုခက ဦးေဆာင္လႈံံ႕ေဆာ္ခဲ့ပါတယ္။ ၁၉၉၆ ခုႏွစ္မွာေတာ့ ဆရာႀကီးရဲ႕တိုက္တြန္းမႈနဲ႔ ျပာသိုလျပည့္ေန႔မွာ စာေရးဆရာခ်စ္စံဝင္းက အေမေန႔အမွတ္တရ စာေပေဟာေျပာပြဲကို ေ႐ႊတိဂံုဘုရားမွာ ျပဳလုပ္ခဲ့ပါတယ္။

ယေန႔အခ်ိန္ထိေအာင္ ျပာသိုလျပည့္ေန႔တုိင္း အေမေန႔အမွတ္တရ စာေပေဟာေျပာပြဲေတြ ျပဳလုပ္ေနၾကသလို သားသမီးေတြကလည္း မိခင္ကို ဂါရဝျပဳရင္း လက္ေဆာင္ေတြလည္း ေပးအပ္ၾကတဲ့အေလ့အထေကာင္းကို ျပဳလုပ္ကာ အေမေန႔ကို ဆင္ႏႊဲေနၾကပါတယ္။ ကမၻာ့့အေမမ်ားေန႔ကေတာ့ ေမလရဲ႕ ဒုတိယေျမာက္တနဂၤေႏြေန႔ျဖစ္ပါတယ္။ ယင္းေန႔မွာလည္း အေမမ်ားေန႔အမွတ္တရအျဖစ္ ပါဝင္ဆင္ႏႊဲၾကပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ယနေ့ (ပြာသိုလပြည့်)ဟာ မြန်မာနိုင်ရဲ့ အမေနေ့ ဖြစ်ပါတယ်။ မိခင်ရဲ့ကြီးမားလှတဲ့မေတ္တာကို ဖော်ညွှန်းပြီး မိခင်မေတ္တာ ကျေးဇူးတရားကို အောက်မေ့သိတတ်တဲ့အနေနဲ့ အမေကို ဂါရဝပြုကြတဲ့နေ့လည်း ဖြစ်ပါတယ်။ အမေ့ကို လက်ဆောင်တွေပေးကြ၊ အမေပျော်ရွှင်အောင် ဂရုစိုက်ပေးကြသလို ဖေ့စ်ဘွတ်ပေါ်မှာလည်း အမေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ကြတဲ့နေ့ပါ။

အမေနေ့ရယ်လို့ ဖြစ်ပေါ်လာတာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခက စတင်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၅ ခုနှစ် ပြာသိုလပြည့်နေ့က မန္တလေးမှာ အမေနေ့အမှတ်တရအဖြစ် ဆရာကြီးဦးသုခက စာပေဟောပြောခဲ့ပြီး မိခင်မေတ္တာအကြောင်းတွေကို ဖွဲ့နွဲ့ကာ သူ့ရဲ့အမေအကြောင်းကိုလည်း ထည့််သွင်းပြောခဲ့ရာကနေ မြန်မာနိုင်ငံရဲ့ အမေနေ့ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ပြာသိုလဟာ မြန်မာနိုင်ငံမှာ အချမ်းဆုံးရာသီဥတုလည်းဖြစ်တာနဲ့အညီ မိခင်မေတ္တာရဲ့အေးချမ်းမှုကိုကိုယ်စားပြုတဲ့အနေနဲ့ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ကိုလည်း ဆရာကြီးဦးသုခက ဦးဆောင်လှုံံ့ဆော်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဆရာကြီးရဲ့တိုက်တွန်းမှုနဲ့ ပြာသိုလပြည့်နေ့မှာ စာရေးဆရာချစ်စံဝင်းက အမေနေ့အမှတ်တရ စာပေဟောပြောပွဲကို ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။

ယနေ့အချိန်ထိအောင် ပြာသိုလပြည့်နေ့တိုင်း အမေနေ့အမှတ်တရ စာပေဟောပြောပွဲတွေ ပြုလုပ်နေကြသလို သားသမီးတွေကလည်း မိခင်ကို ဂါရဝပြုရင်း လက်ဆောင်တွေလည်း ပေးအပ်ကြတဲ့အလေ့အထကောင်းကို ပြုလုပ်ကာ အမေနေ့ကို ဆင်နွှဲနေကြပါတယ်။ ကမ္ဘာ့အမေများနေ့ကတော့ မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ယင်းနေ့မှာလည်း အမေများနေ့အမှတ်တရအဖြစ် ပါဝင်ဆင်နွှဲကြပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top