iMyanmarHouse.com - Best Property Website for Myanmar
×

ေတလာဆြစ္နဲ႔ ေဇးေမာလစ္ခ္ဟာ Fifty Shades Darker ဇာတ္ဝင္ေတး I Don’t Wanna Live Forever အတြက္ ဗီဒီယို႐ိုက္ကူးစဥ္မွာ လန္ဒန္ၿမိဳ႕မွာ ဝ႐ုန္းသုန္းကားျဖစ္ေအာင္ ျပဳလုပ္လုိက္ပါတယ္။

သူတုိ႔ႏွစ္ဦးဟာ သီခ်င္းအတြက္ တစ္ည ေဒၚလာ ၃,၀၀၀ (ျမန္မာေငြ က်ပ္ သိန္း ၄၀ ေက်ာ္) တန္တဲ့ အခန္းကို ဖ်က္ဆီးပစ္လိုက္ၾကတယ္လို႔ သိရပါတယ္။

“ေဇးက ဟိုတယ္ခန္းကို အမႈိက္ပံုျဖစ္ေအာင္ လုပ္ပစ္လုိက္တယ္။ ေခါင္းအံုးေတြ စုတ္ျဖဲၿပီး မီးအိမ္ကို နံရံဆီ ပစ္ေပါက္လိုက္တယ္” လို႔ သတင္းေပးတစ္ဦးက ေျပာခဲ့ပါတယ္။

“ေတလာကေတာ့ ခန္းဆီးစေတြကို မီး႐ႈိ႕တယ္။ လန္႔ၿပီး ထြက္ေျပးၾကမွာ စိုးလို႔ အနီးအနားက အထပ္ေတြက မီးသတိေပးသံေတြကို ျဖဳတ္ထားရယ္” လို႔ ထိုသူက ေျပာျပပါတယ္။

“အားလံုးကို ေသခ်ာစီစဥ္ၿပီး ႐ိုက္ကူးခဲ့တာပါ။ အရမ္းကို ဆက္စီက်တဲ့ ဗီဒီယိုတစ္ခု ျဖစ္မွာပါ။ ေဇးက စတုိင္က်က် ဝတ္ဆင္ထားၿပီး ေတလာက သိုင္းႀကိဳးနဲ႔ အတြင္းခံကို ဝတ္ထားၿပီး ေဒါက္ျမင့္ဖိနပ္စီးထားတယ္” လို႔လည္း ေျပာျပခဲ့ပါတယ္။

သတင္းေပးက အဲဒီလုိ ေျပာခဲ့ေပမဲ့ ဇန္နဝါရီလ ၇ ရက္ေန႔ညမွာ One Direction အဆုိေတာ္ေဟာင္း ေဇးေမာလစ္နဲ႔ အဖြဲ႕က လန္ဒန္ရွိ St Pancras Hotel မွာ ဗီဒီယို႐ိုက္ကူးေနတာကို ျမင္ေတြ႕ခဲ့ရေပမဲ့ ေတလာဆြစ္ရဲ႕ အရိပ္အေယာင္ကိုေတာ့ မျမင္ေတြ႕ခဲ့ရပါဘူး။

Link: http://www.duwun.com.mm/

Source & Photos : Mirror

Credit:: duwun
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

တေလာဆွစ်နဲ့ ဇေးမောလစ်ခ်ဟာ Fifty Shades Darker ဇာတ်ဝင်တေး I Don’t Wanna Live Forever အတွက် ဗီဒီယိုရိုက်ကူးစဉ်မှာ လန်ဒန်မြို့မှာ ဝရုန်းသုန်းကားဖြစ်အောင် ပြုလုပ်လိုက်ပါတယ်။

သူတို့နှစ်ဦးဟာ သီချင်းအတွက် တစ်ည ဒေါ်လာ ၃,၀၀၀ (မြန်မာငွေ ကျပ် သိန်း ၄၀ ကျော်) တန်တဲ့ အခန်းကို ဖျက်ဆီးပစ်လိုက်ကြတယ်လို့ သိရပါတယ်။

“ဇေးက ဟိုတယ်ခန်းကို အမှိုက်ပုံဖြစ်အောင် လုပ်ပစ်လိုက်တယ်။ ခေါင်းအုံးတွေ စုတ်ဖြဲပြီး မီးအိမ်ကို နံရံဆီ ပစ်ပေါက်လိုက်တယ်” လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

“တေလာကတော့ ခန်းဆီးစတွေကို မီးရှို့တယ်။ လန့်ပြီး ထွက်ပြေးကြမှာ စိုးလို့ အနီးအနားက အထပ်တွေက မီးသတိပေးသံတွေကို ဖြုတ်ထားရယ်” လို့ ထိုသူက ပြောပြပါတယ်။

“အားလုံးကို သေချာစီစဉ်ပြီး ရိုက်ကူးခဲ့တာပါ။ အရမ်းကို ဆက်စီကျတဲ့ ဗီဒီယိုတစ်ခု ဖြစ်မှာပါ။ ဇေးက စတိုင်ကျကျ ဝတ်ဆင်ထားပြီး တေလာက သိုင်းကြိုးနဲ့ အတွင်းခံကို ဝတ်ထားပြီး ဒေါက်မြင့်ဖိနပ်စီးထားတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်းပေးက အဲဒီလို ပြောခဲ့ပေမဲ့ ဇန်နဝါရီလ ၇ ရက်နေ့ညမှာ One Direction အဆိုတော်ဟောင်း ဇေးမောလစ်နဲ့ အဖွဲ့က လန်ဒန်ရှိ St Pancras Hotel မှာ ဗီဒီယိုရိုက်ကူးနေတာကို မြင်တွေ့ခဲ့ရပေမဲ့ တေလာဆွစ်ရဲ့ အရိပ်အယောင်ကိုတော့ မမြင်တွေ့ခဲ့ရပါဘူး။

Link: http://www.duwun.com.mm/

Source & Photos : Mirror

Credit:: duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top