iMyanmarHouse.com - Best Property Website for Myanmar
×

၀မ္းခ်ဳပ္ျခင္းက လူအမ်ားစုမွာ ျဖစ္တတ္တဲ့ က်န္းမာေရးဆိုင္ရာ ျပႆနာ တစ္ရပ္ ျဖစ္ပါတယ္။ အေၾကာင္းရင္းေတြ ကေတာ့ ဖိုက္ဘာဓာတ္မရိွျခင္း၊ ေရေသာက္သံုးမႈ နည္းျခင္း၊ တခိ်ဳ႕ေသာ ေဆး၀ါးမ်ားကို သံုးစဲြျခင္း စသည္တို႔ ျဖစ္နိုင္ပါတယ္။ ထိုခံရခက္တဲ့ ေ၀ဒနာကို သက္သာေစနိုင္ဖို႔ ေဘးကင္း လြယ္ကူတဲ့ သဘာ၀ ေဆးနည္းမ်ားစြာက ကုသ ေပးနိုင္ပါလိမ့္မယ္။

၁။ လတ္ဆတ္တဲ့ ေရွာက္သီး တစ္လံုးက အစာအိမ္ကိုပါ အကိ်ဳးျပဳေစနိုင္တယ္ ဆိုတာ သိပါသလား။ ေရွာက္သီးမွာပါတဲ့ citric acid က အစာေခ်ဖ်က္မႈစနစ္ကို လံႈ႕ေဆာ္ ေပးနိုင္ပါတယ္။ ဒါ့အျပင္ ၀မ္းတြင္း အပူအပုပ္မ်ား၊ မေခ်ဖ်က္နိုင္ေသာ အစာမ်ားကိုပါ ကူညီရွင္းထုတ္ နိုင္ပါတယ္။

နည္းလမ္းကေတာ့- ေရေႏြးတစ္ခြက္ထဲသို႔ ေရွာက္သီးတစ္လံုးကို ညွစ္ထည့္ျပီး ေသာက္သံုးပါ။

၂။ သံလြင္ဆီစစ္က အရသာရိွတဲ့ အဆီတစ္မိ်ဳး ျဖစ္ရံုသာမက ၀မ္းခ်ဳပ္ျခင္းကိုပါ သက္သာေစပါတယ္။ ၎က အစာေခ်ဖ်က္မႈ စနစ္ကု ျမွင့္တင္ေပးပါတယ္။

နည္းလမ္းကေတာ့- မနက္ပိုင္းမွာ သံလြင္ဆီ တစ္ဇြန္း ေသာက္ေပးပါ။ အစာ မစားရေသးခင္ ေသာက္သံုးရင္ ပိုထိေရာက္မႈ ရိွေစပါတယ္။ အရသာ ပိုေကာင္းေစခ်င္ရင္ ေရွာက္သီးညွစ္ျပီး ေသာက္သံုးနိုင္ပါတယ္။(ေရွာက္သီးကလည္း ၀မ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။)

၃။ တစ္ခါ တစ္ရံမွာေတာ့ ေကာ္ဖီက မိတ္ေဆြေကာင္း တစ္ေယာက္ ျဖစ္ေနပါတယ္။ ဆိုလိုတာ ကေတာ့ ေကာ္ဖီက ေမႊးပံ်႕လန္းဆန္းေစတဲ့ ရနံ႔ကို ေပးစြမ္းနိုင္ရံု သာမက ၎မွာပါ၀င္တဲ့ ကဖင္းဓာတ္က အစာေခ်ဖ်က္ျခင္းကို ကူညီေပးပါတယ္။ တစ္ခြက္ နွစ္ခြက္ ေသာက္ေပးတာက ျပႆနာ မရိွေပမယ့္ အလြန္အကံြ် မေသာက္မိဖို႔ေတာ့ သတိထားသင့္ပါတယ္။

၄။ သင့္၀မ္းတြင္းက အစာေခ်ဖ်က္မႈကို ပံုမွန္လည္ပတ္ေစခ်င္ရင္ သင္ကိုယ္တိုင္ ကလည္း ပံုမွန္ကိုယ္လက္ လႈပ္ရွားေပးဖို႔ လိုအပ္ပါတယ္။ ကိုယ္လက္ ေလ့က်င့္ခန္းလုပ္ျခင္းက ၀မ္းခ်ဳပ္ျခင္းနဲ႔ စပ္ဆက္မႈ ရိွမရိွ ဆိုတာကို သိပၸံနည္းက် အတည္မျပဳ ရေသးေသာ္လည္း အူမၾကီးရဲ႕ ၾကြက္သားေတြကို ေျပေလ်ာ့ေပးတယ္လို႔ ယူဆနိုင္ပါတယ္။ တစ္ခု သတိထားရမွာကေတာ့ ကိုယ္လက္ ေလ့က်င့္ခန္းကို အစာစားျပီး တစ္နာရီေလာက္ၾကာမွသာ လုပ္သင့္တယ္ ဆိုတာပါပဲ။

၅။ ဖိုက္ဘာဓာတ္ပါတဲ့ အစားအစာေတြကို မ်ားမ်ားစားေပးပါ။ ဒီသဘာ၀ နည္းလမ္းကေတာ့ အေကာင္းဆံုးပါပဲ။ ဖိုက္ဘာဓာတ္က ေခ်ဖ်က္လို႔ မရတဲ့ ပစၥည္းျဖစ္ျပီး၊ ၎က ေရျမုပ္ကဲ့သို႔ လုပ္ေဆာင္ပါတယ္။ ၎ကေရကို အျပည့္အ၀ စုပ္ယူကာ ၀မ္းတြင္းမွာရိွတဲ့ စြန္႔ထုတ္ပစၥည္းေတြကို ေပ်ာ့သြားေစျပီး လြယ္ကူစြာ ထြက္ေစပါတယ္။ ဖိုက္ဘာဓာတ္ ၾကြယ္၀တဲ့ အစား အစာေတြကေတာ့ ပဲ၊ တရုတ္ဆီးသီး၊ ဂံ်ဳၾကမ္းေပါင္မုန္႔ ၊ ဘယ္ရီသီး၊ ပန္းေဂၚဖီစိမ္း၊ ဆီးသီး၊ သစ္ေတာ္သီး၊ ပန္းသီး၊ သစ္ေစ့၊ အာလူး စတာေတြ ျဖစ္ပါတယ္။

၆။ ရွားေစာင္း လက္ပတ္က အသားအေရလွဖို႔ တစ္ခုတည္း အတြက္ မဟုတ္ပါဘူး၊ ၀မ္းတြင္း အစာလွည့္ပတ္မႈကိုပါ ေကာင္းမြန္ေစပါတယ္။ ရွားေစာင္းလက္ပတ္ကေန ခ်က္ခ်င္း ရယူထားတဲ့ အနွစ္က အေကာင္းဆံုး ျဖစ္ပါတယ္။ ဒါေပမဲ့ ထိုအနွစ္က ျပဳျပင္ထားတဲ့ ရွားေစာင္းလက္ပတ္ ေဖ်ာ္ရည္ထက္ ပါ၀င္မႈဓာတ္ ပိုမ်ားတာေၾကာင့္ နွစ္ဇြန္းထက္ပိုျပီး မသံုးသင့္ပါဘူး။

နည္းလမ္းကေတာ့- သစ္သီးေဖ်ာ္ရည္ထဲမွာ သန္႔ရွင္းတဲ့ ရွားေစာင္း လက္ပတ္အနွစ္ နွစ္ဇြန္းေရာစပ္ျပီး မနက္တိုင္း ေသာက္သံုးေပးပါ။ (သို႔) ျပဳျပင္ျပီးသား ရွားေစာင္း လက္ပတ္ေဖ်ာ္ရည္ တစ္ခြက္ေသာက္ပါ။

Credit: The Messenger

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

၀မ်းချုပ်ခြင်းက လူအများစုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ အကြောင်းရင်းတွေ ကတော့ ဖိုက်ဘာဓာတ်မရှိခြင်း၊ ရေသောက်သုံးမှု နည်းခြင်း၊ တချို့သော ဆေးဝါးများကို သုံးစွဲခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ထိုခံရခက်တဲ့ ဝေဒနာကို သက်သာစေနိုင်ဖို့ ဘေးကင်း လွယ်ကူတဲ့ သဘာ၀ ဆေးနည်းများစွာက ကုသ ပေးနိုင်ပါလိမ့်မယ်။

၁။ လတ်ဆတ်တဲ့ ရှောက်သီး တစ်လုံးက အစာအိမ်ကိုပါ အကျိုးပြုစေနိုင်တယ် ဆိုတာ သိပါသလား။ ရှောက်သီးမှာပါတဲ့ citric acid က အစာချေဖျက်မှုစနစ်ကို လှုံ့ဆော် ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းတွင်း အပူအပုပ်များ၊ မချေဖျက်နိုင်သော အစာများကိုပါ ကူညီရှင်းထုတ် နိုင်ပါတယ်။

နည်းလမ်းကတော့- ရေနွေးတစ်ခွက်ထဲသို့ ရှောက်သီးတစ်လုံးကို ညှစ်ထည့်ပြီး သောက်သုံးပါ။

၂။ သံလွင်ဆီစစ်က အရသာရှိတဲ့ အဆီတစ်မျိုး ဖြစ်ရုံသာမက ဝမ်းချုပ်ခြင်းကိုပါ သက်သာစေပါတယ်။ ၎င်းက အစာချေဖျက်မှု စနစ်ကု မြှင့်တင်ပေးပါတယ်။

နည်းလမ်းကတော့- မနက်ပိုင်းမှာ သံလွင်ဆီ တစ်ဇွန်း သောက်ပေးပါ။ အစာ မစားရသေးခင် သောက်သုံးရင် ပိုထိရောက်မှု ရှိစေပါတယ်။ အရသာ ပိုကောင်းစေချင်ရင် ရှောက်သီးညှစ်ပြီး သောက်သုံးနိုင်ပါတယ်။(ရှောက်သီးကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။)

၃။ တစ်ခါ တစ်ရံမှာတော့ ကော်ဖီက မိတ်ဆွေကောင်း တစ်ယောက် ဖြစ်နေပါတယ်။ ဆိုလိုတာ ကတော့ ကော်ဖီက မွှေးပံျ့လန်းဆန်းစေတဲ့ ရနံ့ကို ပေးစွမ်းနိုင်ရုံ သာမက ၎င်းမှာပါဝင်တဲ့ ကဖင်းဓာတ်က အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်။ တစ်ခွက် နှစ်ခွက် သောက်ပေးတာက ပြဿနာ မရှိပေမယ့် အလွန်အကံျွ မသောက်မိဖို့တော့ သတိထားသင့်ပါတယ်။

၄။ သင့်ဝမ်းတွင်းက အစာချေဖျက်မှုကို ပုံမှန်လည်ပတ်စေချင်ရင် သင်ကိုယ်တိုင် ကလည်း ပုံမှန်ကိုယ်လက် လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်းက ဝမ်းချုပ်ခြင်းနဲ့ စပ်ဆက်မှု ရှိမရှိ ဆိုတာကို သိပ္ပံနည်းကျ အတည်မပြု ရသေးသော်လည်း အူမကြီးရဲ့ ကြွက်သားတွေကို ပြေလျော့ပေးတယ်လို့ ယူဆနိုင်ပါတယ်။ တစ်ခု သတိထားရမှာကတော့ ကိုယ်လက် လေ့ကျင့်ခန်းကို အစာစားပြီး တစ်နာရီလောက်ကြာမှသာ လုပ်သင့်တယ် ဆိုတာပါပဲ။

၅။ ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ ဒီသဘာ၀ နည်းလမ်းကတော့ အကောင်းဆုံးပါပဲ။ ဖိုက်ဘာဓာတ်က ချေဖျက်လို့ မရတဲ့ ပစ္စည်းဖြစ်ပြီး၊ ၎င်းက ရေမြုပ်ကဲ့သို့ လုပ်ဆောင်ပါတယ်။ ၎င်းကရေကို အပြည့်အ၀ စုပ်ယူကာ ဝမ်းတွင်းမှာရှိတဲ့ စွန့်ထုတ်ပစ္စည်းတွေကို ပျော့သွားစေပြီး လွယ်ကူစွာ ထွက်စေပါတယ်။ ဖိုက်ဘာဓာတ် ကြွယ်ဝတဲ့ အစား အစာတွေကတော့ ပဲ၊ တရုတ်ဆီးသီး၊ ဂံျုကြမ်းပေါင်မုန့် ၊ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆီးသီး၊ သစ်တော်သီး၊ ပန်းသီး၊ သစ်စေ့၊ အာလူး စတာတွေ ဖြစ်ပါတယ်။

၆။ ရှားစောင်း လက်ပတ်က အသားအရေလှဖို့ တစ်ခုတည်း အတွက် မဟုတ်ပါဘူး၊ ဝမ်းတွင်း အစာလှည့်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။ ရှားစောင်းလက်ပတ်ကနေ ချက်ချင်း ရယူထားတဲ့ အနှစ်က အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုအနှစ်က ပြုပြင်ထားတဲ့ ရှားစောင်းလက်ပတ် ဖျော်ရည်ထက် ပါဝင်မှုဓာတ် ပိုများတာကြောင့် နှစ်ဇွန်းထက်ပိုပြီး မသုံးသင့်ပါဘူး။

နည်းလမ်းကတော့- သစ်သီးဖျော်ရည်ထဲမှာ သန့်ရှင်းတဲ့ ရှားစောင်း လက်ပတ်အနှစ် နှစ်ဇွန်းရောစပ်ပြီး မနက်တိုင်း သောက်သုံးပေးပါ။ (သို့) ပြုပြင်ပြီးသား ရှားစောင်း လက်ပတ်ဖျော်ရည် တစ်ခွက်သောက်ပါ။

Credit: The Messenger



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top