iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားနဲ႕ ျပတ္ျပီး ခံစားရတဲ့ ေ၀ဒနာေတြ သက္သာသြားျပီမုိ႕ အခ်စ္သစ္ရွာဖုိ႕ စိတ္ကူးေနျပီလား။ ေနာက္တစ္ေယာက္နဲ႕ ဒိတ္မလုပ္ခင္ အခ်ိန္မွာ သင့္အေနနဲ႕ သိထားရမယ့္ အခ်က္ကေလးေတြ ရွိေနပါတယ္။ ဒီအခ်က္ေတြက အရင္တစ္ခါကလို ေၾကာက္စရာေကာင္းတဲ့ အဆံုးသတ္ေတြအစား ေပ်ာ္ရႊင္စရာေကာင္းတဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ကို ဖန္တီးေပးႏိုင္ပါလိမ့္မယ္။

၁။သင္ အဆင္သင့္ျဖစ္ေနျပီဆုိတာ ေသခ်ာပါေစ။
ေနာက္တစ္ေယာက္ထားေတာ့မယ္ဆိုတာနဲ႕ သင့္ခံစားခ်က္ေတြဟာ အရင္လို ပံုမွန္ျပန္ျဖစ္ေနမွသာ အဆင္ေျပပါလိမ့္မယ္။ အရင္တစ္ေယာက္ကို လြမ္းေနတုန္း၊ သတိရေနတုန္း၊ တမ္းတမိေနတုန္းဆုိရင္ ေနာက္တစ္ေယာက္ကို ထပ္သြားျပီး မအီလိုက္ပါနဲ႕။ ဒါသင့္အတြက္ ပိုစိတ္ရႈပ္စရာအေျခအေနကို ဖန္တီးလိုက္သလို ျဖစ္သြားပါလိမ့္မယ္။ ဒီေတာ့ တစ္ေယာက္နဲ႕ျပတ္သြားတာနဲ႕ ေနာက္တစ္ေယာက္လွမ္းခ်ိတ္လိုက္မယ္ဆုိတဲ့ အေတြးမ်ိဳးေတြကို ဖယ္ထားလိုက္ပါ။ ဘ၀ကို ေအးေဆးတစ္ေယာက္တည္း ျဖတ္သန္းၾကည့္လိုက္ပါဦး။ အားလံုးတည္ျငိမ္ အနည္ထုိင္သြားျပီဆိုမွသာ ေနာက္ထပ္အခ်စ္သစ္ကုိ ရွာေဖြပါ။

၂။သင္လိုခ်င္တာ ဘာဆုိတာ သင့္ကိုယ္သင္ သိပါေစ။
သင္ဟာ ဘယ္လိုခ်စ္သူရည္းစားမ်ိဳးကို လိုခ်င္တာပါပဲ။ ဘ၀လက္တြဲေဖာ္ထိ ရည္ရြယ္ထားျပီဆုိရင္ေတာ့ သင္လိုခ်င္တဲ့ စံႏႈန္းရွိတဲ့သူကိုသာ စဥ္းစားေရြးခ်ယ္ဖုိ႕ လိုပါတယ္။ သင္ဟာ ဘယ္လိုအရည္အခ်င္းရွိတဲ့သူကို စိတ္ကူးထား ပါသလဲ။ လံုး၀ကြက္တိမဟုတ္ေတာင္ အနီးစပ္ဆံုးသူကိုသာ ေရြးခ်ယ္ပါ။ သင့္ကိုယ္သူ ဘယ္လိုခ်စ္သူမ်ိဳး လိုခ်င္မွန္းမသိဘူးဆုိရင္ အရင္တစ္ခါလိုပဲ မေသခ်ာ မေရရာတာေတြနဲ႕ အဆုံးသတ္သြားပါလိမ့္မယ္။

၃။ကိုယ့္ကိုယ္ကို ျပင္ျပင္ဆင္ဆင္ေလးနဲ႕ ဆြဲေဆာင္မႈရွိရွိေလးေနပါ။
ရည္းစားနဲ႕ျပတ္သြားကတည္းက အလွမျပင္ခ်င္ေတာ့ဘူးလား၊ ေရွာ့ပင္မသြားတာ ၾကာေနျပီလား၊ အမွန္ေတာ့ ရည္းစားနဲ႕ျပတ္သြားလည္းပဲ သင္ဟာ ကိုယ့္ဘာသာကိုယ္ ယံုၾကည္မႈရွိေနေစဖုိ႕ ျပင္ျပင္ဆင္ဆင္ေလး ေနဖုိ႕ ပိုလို႕ေတာင္ ႀကိဳးစားသင့္တာပါ။ အရင္လို အလွျပင္ပါ။ အထာက်ေအာင္ေနပါ။ သူငယ္ခ်င္းေတြနဲ႕ အတူတူ အျပင္သြား ေရွာ့ပင္ထြက္ပါ။ ကိုယ့္ဘ၀ႀကီးကို ကုိယ္ သာယာေအာင္ ေနမယ္ဆုိရင္ သင္ဟာ ကိုယ့္ကိုယ္ကို ပုိယံုၾကည္မႈရွိလာသလို ဆြဲေဆာင္မႈလည္း ပိုရွိလာပါလိမ့္မယ္။

၄။စိတ္ကိုတင္းထားတာမ်ိဳး မလုပ္ပါနဲ႕။ လြတ္လြတ္လပ္လပ္ေနပါ။
ေနာက္တစ္ေယာက္နဲ႕ ေတြ႔မယ္လို႕ ဆံုးျဖတ္ထားတယ္ဆုိရင္ စိတ္ကိုတင္းျပီး အရင္လိုျဖစ္ရင္ဆုိတာေတြ ေဖ်ာက္ထားသင့္ပါတယ္။ အရင္တစ္ခါ အခ်စ္ေရး အဆင္မေျပတုိင္း ေနာက္တစ္ခါလည္း ဒီလိုျဖစ္မယ္လုိ႕ ပံုေသတြက္လို႕ မရပါဘူး။ စိတ္ကို လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါး ထားျပီး ကိုယ္နဲ႕ေတြ႔မယ့္သူအေပၚ လ်ွိဳ႔၀ွက္မႈကင္းကင္း ေျပာဆုိ ဆက္ဆံပါ။ သင္ဟာ ပြင့္လင္းျပီး ရိုးသားထက္ျမက္တဲ့လူ ျဖစ္ေနပါေစ။

၅။ပထမဆံုး ဒိတ္မွာ ဘာေတြေျပာမယ္ဆုိတာ အၾကမ္းဖ်င္းေတာ့ျပင္ဆင္သြားပါ။
ကိုယ္နဲ႕ေတြ႔မယ့္ ေနာက္ထပ္တစ္ေယာက္ရဲ႕ ေရွ႔မွာ ဘာမွမေျပာပဲ ဆြံ႕အေနတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ လြတ္လပ္စြာ ေျပာဆုိပါ။ ရယ္ေမာပါ။ ဟာသဥာဏ္လည္း ရွိပါေစ။ သူ႔ကို အေပၚစီးကေန ေျပာဆုိတာမ်ိဳး မလုပ္ပဲ ကုိယ္က ဘယ္လုိအရာေတြ သေဘာက်တယ္၊ မက်ဘူးဆုိတာမ်ိဳး နည္းနည္းခ်င္းစီ ေျပာသြားလိုက္ပါ။ အတင္းအၾကပ္ေျပာဆုိတာမ်ိဳးေတြလညး္ မလုပ္ပါနဲ႕။ စိတ္ကို ေပါ့ပါးစြာထားလိုက္ပါ။ ရယ္ေမာေပ်ာ္ရႊင္ျခင္းဟာ သင့္ကို ဆြဲေဆာင္မႈပိုရွိေစလိမ့္မယ္ဆုိတာ မေမ့ပါနဲ႕။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ရည်းစားနဲ့ ပြတ်ပြီး ခံစားရတဲ့ ဝေဒနာတွေ သက်သာသွားပြီမို့ အချစ်သစ်ရှာဖို့ စိတ်ကူးနေပြီလား။ နောက်တစ်ယောက်နဲ့ ဒိတ်မလုပ်ခင် အချိန်မှာ သင့်အနေနဲ့ သိထားရမယ့် အချက်ကလေးတွေ ရှိနေပါတယ်။ ဒီအချက်တွေက အရင်တစ်ခါကလို ကြောက်စရာကောင်းတဲ့ အဆုံးသတ်တွေအစား ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။

၁။သင် အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာပါစေ။
နောက်တစ်ယောက်ထားတော့မယ်ဆိုတာနဲ့ သင့်ခံစားချက်တွေဟာ အရင်လို ပုံမှန်ပြန်ဖြစ်နေမှသာ အဆင်ပြေပါလိမ့်မယ်။ အရင်တစ်ယောက်ကို လွမ်းနေတုန်း၊ သတိရနေတုန်း၊ တမ်းတမိနေတုန်းဆိုရင် နောက်တစ်ယောက်ကို ထပ်သွားပြီး မအီလိုက်ပါနဲ့။ ဒါသင့်အတွက် ပိုစိတ်ရှုပ်စရာအခြေအနေကို ဖန်တီးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ တစ်ယောက်နဲ့ပြတ်သွားတာနဲ့ နောက်တစ်ယောက်လှမ်းချိတ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးတွေကို ဖယ်ထားလိုက်ပါ။ ဘဝကို အေးဆေးတစ်ယောက်တည်း ဖြတ်သန်းကြည့်လိုက်ပါဦး။ အားလုံးတည်ငြိမ် အနည်ထိုင်သွားပြီဆိုမှသာ နောက်ထပ်အချစ်သစ်ကို ရှာဖွေပါ။

၂။သင်လိုချင်တာ ဘာဆိုတာ သင့်ကိုယ်သင် သိပါစေ။
သင်ဟာ ဘယ်လိုချစ်သူရည်းစားမျိုးကို လိုချင်တာပါပဲ။ ဘဝလက်တွဲဖော်ထိ ရည်ရွယ်ထားပြီဆိုရင်တော့ သင်လိုချင်တဲ့ စံနှုန်းရှိတဲ့သူကိုသာ စဉ်းစားရွေးချယ်ဖို့ လိုပါတယ်။ သင်ဟာ ဘယ်လိုအရည်အချင်းရှိတဲ့သူကို စိတ်ကူးထား ပါသလဲ။ လုံးဝကွက်တိမဟုတ်တောင် အနီးစပ်ဆုံးသူကိုသာ ရွေးချယ်ပါ။ သင့်ကိုယ်သူ ဘယ်လိုချစ်သူမျိုး လိုချင်မှန်းမသိဘူးဆိုရင် အရင်တစ်ခါလိုပဲ မသေချာ မရေရာတာတွေနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။

၃။ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်လေးနဲ့ ဆွဲဆောင်မှုရှိရှိလေးနေပါ။
ရည်းစားနဲ့ပြတ်သွားကတည်းက အလှမပြင်ချင်တော့ဘူးလား၊ ရှော့ပင်မသွားတာ ကြာနေပြီလား၊ အမှန်တော့ ရည်းစားနဲ့ပြတ်သွားလည်းပဲ သင်ဟာ ကိုယ့်ဘာသာကိုယ် ယုံကြည်မှုရှိနေစေဖို့ ပြင်ပြင်ဆင်ဆင်လေး နေဖို့ ပိုလို့တောင် ကြိုးစားသင့်တာပါ။ အရင်လို အလှပြင်ပါ။ အထာကျအောင်နေပါ။ သူငယ်ချင်းတွေနဲ့ အတူတူ အပြင်သွား ရှော့ပင်ထွက်ပါ။ ကိုယ့်ဘဝကြီးကို ကိုယ် သာယာအောင် နေမယ်ဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိလာသလို ဆွဲဆောင်မှုလည်း ပိုရှိလာပါလိမ့်မယ်။

၄။စိတ်ကိုတင်းထားတာမျိုး မလုပ်ပါနဲ့။ လွတ်လွတ်လပ်လပ်နေပါ။
နောက်တစ်ယောက်နဲ့ တွေ့မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် စိတ်ကိုတင်းပြီး အရင်လိုဖြစ်ရင်ဆိုတာတွေ ဖျောက်ထားသင့်ပါတယ်။ အရင်တစ်ခါ အချစ်ရေး အဆင်မပြေတိုင်း နောက်တစ်ခါလည်း ဒီလိုဖြစ်မယ်လို့ ပုံသေတွက်လို့ မရပါဘူး။ စိတ်ကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ထားပြီး ကိုယ်နဲ့တွေ့မယ့်သူအပေါ် လျှို့ဝှက်မှုကင်းကင်း ပြောဆို ဆက်ဆံပါ။ သင်ဟာ ပွင့်လင်းပြီး ရိုးသားထက်မြက်တဲ့လူ ဖြစ်နေပါစေ။

၅။ပထမဆုံး ဒိတ်မှာ ဘာတွေပြောမယ်ဆိုတာ အကြမ်းဖျင်းတော့ပြင်ဆင်သွားပါ။
ကိုယ်နဲ့တွေ့မယ့် နောက်ထပ်တစ်ယောက်ရဲ့ ရှေ့မှာ ဘာမှမပြောပဲ ဆွံ့အနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ လွတ်လပ်စွာ ပြောဆိုပါ။ ရယ်မောပါ။ ဟာသဉာဏ်လည်း ရှိပါစေ။ သူ့ကို အပေါ်စီးကနေ ပြောဆိုတာမျိုး မလုပ်ပဲ ကိုယ်က ဘယ်လိုအရာတွေ သဘောကျတယ်၊ မကျဘူးဆိုတာမျိုး နည်းနည်းချင်းစီ ပြောသွားလိုက်ပါ။ အတင်းအကြပ်ပြောဆိုတာမျိုးတွေလည်း မလုပ်ပါနဲ့။ စိတ်ကို ပေါ့ပါးစွာထားလိုက်ပါ။ ရယ်မောပျော်ရွှင်ခြင်းဟာ သင့်ကို ဆွဲဆောင်မှုပိုရှိစေလိမ့်မယ်ဆိုတာ မမေ့ပါနဲ့။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top