iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တုန္းက ေဒါက္တာ (…) ရဲ႕စာအုပ္ကို ဖတ္မိေတာ့ သူ႔ေဆာင္းပါးထဲမွာ အပ်ိဳဆုိတဲ့ ေကာင္မေလးတစ္ေယာက္က ေဆးခန္းလာျပတာ ကေလးပ်က္က်မႈ ျဖစ္ေနတယ္တဲ့။ အဲဒါနဲ႔ သူလည္း ရင္သားေတြကို လွန္ၾကည့္ေတာ့မွ အပ်ိဳ မဟုတ္ဘူးဆုိတာ သိသြားတယ္တဲ့။ အပ်ိဳရဲ႕ ရင္သား၊ အိမ္ေထာင္သည္ ရင္သားနဲ႔ ကေလးအေမ ရင္သားေတြက ဘယ္ေလာက္ေတာင္ ကြာျခားမႈရွိလုိ႔လဲ။ အဲဒါေလးသိခ်င္ပါတယ္ဆရာ။

ကၽြန္ေတာ့္ဆီ ေရာက္လာတဲ့ ေမး(လ္)ေလးတစ္ေစာင္ပါ။ ေတာ္ေတာ္ေတာ့ ဟုတ္ေနၿပီဗ်။ ကေလးပ်က္က်မႈ ျဖစ္ေနတယ္၊ ဒါနဲ႔ သူလည္း ရင္သားကို လွန္ၾကည့္တယ္ဆိုေတာ့ ေတာ္ေတာ္ လန္႔သြားတယ္။ အပ်ိဳလို႔ ေျပာရင္ ရင္သား လွန္ၾကည့္ရမွန္း ကၽြန္ေတာ္ေတာ့ အခုမွ သိရပါတယ္။ အံ့ဘြယ္သုတပါပဲ။ (ကေလး ပ်က္က်တာ သိေနၿပီးမွေတာ့ ဘာျပဳလို႔ ရင္သားကို လွန္ၾကည့္တာလဲ မသိဘူးေနာ္။ ကေလးပ်က္ပါတယ္ဆိုမွ အပ်ိဳမဟုတ္ေတာ့တာ ေသခ်ာေနၿပီပဲဟာ…)

ထားပါေတာ့ေလ… ေမးခြန္းကို ေျဖရရင္ေတာ့ ကေလးပ်က္က်တာလို႔ ဆိုထားတဲ့အတြက္ ကိုယ္၀န္ေဆာင္ မိန္းကေလးျဖစ္ပါလိမ့္မယ္။ ကိုယ္၀န္ေဆာင္ၿပီဆိုတာနဲ႔ သဘာ၀တရားက ကိုယ္၀န္ေဆာင္မိခင္ရဲ႕ ရင္သားကို ျပဳျပင္ပါေတာ့တယ္။ သည္အခါမွာ ရင္သားဟာ မူလကထက္လည္း ႀကီးထြားလာပါတယ္။ အေလးခ်ိန္အားျဖင့္ တစ္ဖက္ကို တစ္ေပါင္ ႏႈန္းေလာက္အထိေတာင္ ႀကီးထြားလာႏိုင္တယ္လို႔ အဆိုရိွတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြမွာ အဲသလို ရင္သား ႀကီးထြားလာလို႔ ရင္သားမွာ အေၾကာျပတ္သလို အရာမ်ိဳးေတြ ရိွလာတတ္တယ္။ (အပ်ိဳေပမယ့္ ၀လြန္း၊ ရင္သား ထြားလြန္းရင္လည္း အလားတူပဲ အေၾကာျပတ္တတ္တာကို သတိခ်ပ္ၾကေစလိုပါတယ္။)
ဒါ့အျပင္ ရင္သားမ်ားဆီကို ေသြးပို႔လႊတ္မႈကလည္း တိုးပြားလာတဲ့အတြက္ ရင္သားေပၚက ေသြးေၾကာေတြရဲ႕ အေရာင္ ပုိရင့္လာသလို ျမင္လည္း ပိုျမင္သာလာပါတယ္။ ဒါ့အျပင္ ႏို႔သီးေခါင္း ေအာက္ေျခက အမည္း၀ိုင္းကလည္း အေရာင္ ပိုရင့္ၿပီး နက္ေမွာင္လာပါတယ္။ ကေလးအေနနဲ႔ မေအ့ႏုိ႔သီးေခါင္းကို အလြယ္တကူ ေတြ႕ႏိုင္ေအာင္ သဘာ၀တရားက ဖန္တီးလိုက္တာပါ။

ကိုယ္၀န္ သံုးလကေန ေျခာက္လအတြင္းမွာေတာ့ ခပ္ပ်စ္ပ်စ္နဲ႔ အ၀ါေရာင္သမ္းတဲ့ ႏို႔ဦးရည္ စထြက္လာတတ္ပါတယ္။ အမ်ားႀကီး မဟုတ္တဲ့အတြက္ တခ်ိဳ႕ဆို သတိေတာင္ မထားမိဘူး။ တခ်ိဳ႕က်ေတာ့လည္း အရည္အေနနဲ႔ သတိထားမိတာ ရိွသလို တခ်ိဳ႕က်ေတာ့လည္း ႏို႔သီးေခါင္းမွာ ေျခာက္ေနတဲ့ အဖတ္ အဖတ္ေလးေတြ အျဖစ္ ေတြ႕ရတတ္တယ္။
အဲဒါေတြဟာ ကိုယ္၀န္ေဆာင္ရဲ႕ ရင္သားမွန္း သိသာေစတဲ့ အေျပာင္းအလဲပါပဲ။ အဲေတာ့ အပ်ိဳ႕ရင္သားနဲ႔ ကိုယ္၀န္ေဆာင့္ရင္သား ကြဲျပားမႈမွာ ကိုယ္၀န္ေဆာင္ရဲ႕ ရင္သားက တအား တင္းေနမယ္၊ ထြားေနမယ္၊ အေၾကာေတြကို သိသိသာသာ ထင္းထင္းႀကီး ျမင္ေနရမယ္၊ ႏို႔သီးေခါင္းနဲ႔ ေအာက္ေျခအမဲ၀ိုင္းတို႔လည္း တအား နက္ေမွာင္ေနမယ္ဆိုတာေလာက္ပဲ မ်က္စိနဲ႔ ၾကည့္ၿပီး ေျပာႏိုင္ပါတယ္။

အိမ္ေထာင္သည့္ရင္သားကေတာ့ တကယ္လို႔သာ ကေလး မေမြးဖူးသူ၊ ကိုယ့္ကိုယ္ကိုယ္လည္း ဂ႐ုစိုက္ မြမ္းမံ ထိန္းသိမ္းတတ္သူမ်ိဳးဆိုရင္ အပ်ိဳ႕ရင္သားနဲ႔ ဘာမွ သိသိသာသာ မကြဲျပားပါဘူး။ ကေလးအေမ ရင္သားျဖစ္ဦးေတာင္မွ ကေလးကို ႏို႔ခြဲၿပီးခ်ိန္ကစၿပီး သူ႔ရင္သား အလွအပကို မြမ္းမံ ထိန္းသိမ္းသြားမယ္ဆိုရင္လည္း အပ်ိဳနဲ႔ မျခားႏိုင္တဲ့ ရင္သားမ်ိဳးကို ျပန္ရႏိုင္ပါတယ္။ (အခုေခတ္မွာ အဲသလို ရင္သားကို ျပဳျပင္ႏိုင္တဲ့ အလွကုန္ေပါင္းစံု ေပၚထြန္းလို႔ ေနပါၿပီ။ ခြဲစိတ္ ကုသနည္းနဲ႔ ရင္သားအလွကို ထိန္းသိမ္းၾကတာမ်ိဳးလည္း ရိွေနပါတယ္။ ဘာအလွကုန္ေတြလဲ၊ ဘယ္မွာ သြားခြဲရမွာလဲေတြေတာ့ ဆက္မေမးၾကပါနဲ႔ေတာ့ဗ်ာ၊ ကိုယ့္ဘာသာ ကိုယ္သာ စံုစမ္းယူၾကပါေတာ့။ ေမးလည္း မေျဖဘူးလို႔ အခုကတည္းက တစ္ခါတည္း ေျပာထားလိုက္မယ္ေနာ္…)

အသက္ကေလး ရလာရင္ေတာ့ ရင္သားက ေပ်ာ့လာတယ္၊ အိတြဲလာပါတယ္။ ေသြးဆံုးခ်ိန္မွာေတာ့ ရင္သားက တျဖည္းျဖည္းနဲ႔ ျပန္က်ံဳ႕သြားတတ္ပါတယ္။ ေယာက္်ားရင္ဘတ္လို လံုးလံုးႀကီး ျပားခ်ပ္ခ်ပ္ေတာ့ ျဖစ္မသြားေပမယ့္ ငယ္တုန္းကထက္ အမ်ားႀကီး က်ံဳ႕သြားတာေတာ့ အမွန္ပါပဲ။
သည္ေလာက္ဆိုရင္ အပ်ိဳ၊ အိမ္  ေထာင္သည္နဲ႔ ကေလးအေမတို႔ၾကားက ရင္သားမ်ား ျခားနားပံုကို သိခ်င္သူမ်ား စိတ္အထာက်ေလာက္ၿပီထင္ပါတယ္။

Credit : New Myanmar News

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါးထဲမှာ အပျိုဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆေးခန်းလာပြတာ ကလေးပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှုရှိလို့လဲ။ အဲဒါလေးသိချင်ပါတယ်ဆရာ။

ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)

ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ဝလွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)
ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။

ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အဝါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။

အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)

အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။
သည်လောက်ဆိုရင် အပျို၊ အိမ်  ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။


Credit : New Myanmar News



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top