iMyanmarHouse.com - Best Property Website for Myanmar
×







Credit : trend myanmar

#Unicode Version

ကော်ဖီသောက်သူတွေ ဘာကြောင့် ပိုအသက်ရှည်ကြသလဲ။ ကော်ဖီသောက်သူတွေဟာ ကော်ဖီမကြိုက်သူတွေထက် အသက်ပိုရှည်လေ့ရှိတယ်ဆိုတဲ့ တွေ့ရှိချက်က သိပ္ပံပညာရှင်တွေကို ဇဝေဇဝါဖြစ်စေခဲ့ပါတယ်။ ဒါဟာ ကဖိန်းဓာတ်နဲ့ ဆက်စပ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေဟာ သူတို့ အဖြေသိပြီလို့ ယုံကြည်ထားကြပါတယ်။

ကဖိန်းက သွေးတွင်း ရောင်ရမ်းမှုအားပေးတဲ့ chemical တွေ တားဆီးပေးတယ်လို့ ဆိုကြပါတယ်။ ယင်းလေ့လာမှုကို Nature Medicine မှာ ဖော်ပြခဲ့ပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်သောက်တာက နှလုံးရောဂါစတင်ဖြစ်ပွားစေနိုင်တဲ့ သွေးတွင်း chemical တွေကို လျှော့ကျစေပြီး လူကို အသက်ပိုရှည်စေနိုင်တယ်လို့ သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ Stanford တက္ကသိုလ်က သုတေသီတွေဟာ ဘာကြောင့် ကော်ဖီနဲ့ လက်ဖက်ရည်သောက်တာ ကောင်းသလဲဆိုတဲ့ အကြောင်းအရင်းကို သိပြီလို့ လိုက်ခံလိုက်ကြပါတယ်။

သွေးကြောရောင်သူတွေမှာ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ပိုများပါတယ်။ ရောဂါတော်တော်များများမှာ ရောင်ကိုင်းမှုက အဓိကအချက်ဖြစ်တယ်လို့ သုတေသီနလေ့လာမှုက ဆိုပါတယ်။ ရောင်ရမ်းမှုအဖြစ်နည်းသူတွေရဲ့ သွေးစစ်ဆေးမှုမှာ သွေးကြောအတွင်း ကဖိန်းဓာတ်ပိုများကြကြောငး တွေ့ရပါတယ်။

အသက် ၂၀-၃၀ ကြားရှိ စမ်းသပ်ခံသူနဲ့ အသက် ၆၀ အရွယ် အုပ်စုတစ်စုကို စမ်းသပ်မှုမှာ ကဖိန်းဓာတ်ပိုများတဲ့ အဖျော်ယမကာ ပိုသောက်သုံးသူတွေမှာ သွေးထဲ ရောင်ရမ်းစေတဲ့ ဒြပ်စင်ပမာဏပိုနည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ နောက်တစ်ဆင့် လူ့တွေရဲ့ ဆဲလ်နဲ့ စမ်းသပ်မှုမှာ ကဖိန်းဓာတ်ဟာ ရောင်ရမ်းမှုဖြစ်ပွားစေတဲ့ chemical တွေ တွန်းလှန်တိုက်ခိုက်ရာမှာ ထိရောက်တဲ့အခန်းကဏ္ဍတစ်ခု ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top