iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ငယ္က ကိုယ္အရမ္း သေဘာက်ခဲ့ဖူးတာ တစ္ခုရွိတယ္။ အခုေခတ္ေလာက္ တက္တူးေတြ ေခတ္မစားေသးတဲ့အခ်ိန္မွာ ကုိယ့္သူငယ္ခ်င္းရဲ႕ အေဖက သူ႔သမီးေလးနာမည္ကုိ ရင္ဘတ္မွာ တက္တူး ထိုးထားတာကို ျမင္ေတာ့ အရမ္းကိုအားက်ခဲ့ရဖူးတယ္။ သူငယ္ခ်င္းကေလ သူ႔အေဖကို အေမထက္ ပိုရင္းတယ္။ အေဖလုုပ္သူကလည္း သူ႔သမီးအလိုက် အရာအားလုံး ျဖစ္ေစသလို သမီးအတြက္ သူ႔ကိုယ္သူ အျမဲအသင့္ရွိတဲ့ပုံစံကုိ သိပ္သေဘာက်ခဲ့ရတာအေမာ။ ကုိယ့္အေဖက မခ်စ္ဘူးလို႔ ေျပာတာမဟုတ္ပါဘူး။ အေဖကလည္း ကၽြန္မတို႔ကို အရမ္းခ်စ္ေပမဲ့ မ်က္ႏွာထားက တည္ေနတာမ်ားတာရယ္၊ ဆူစရာရွိရင္ အေမထက္ အေဖကို ပိုေၾကာက္ရတာရယ္၊ အေဖကလည္း ေမတၱာကို သိပ္ျပေလ့မရွိတာရယ္ေၾကာင့္ စိတ္ထဲမွာ ရင္းႏွီးတြယ္တာစိတ္ထက္ ယုံၾကည္အားကိုးတဲ့အခ်စ္စိတ္ကသာ ပိုမ်ားခဲ့ရပါတယ္။ ကုိယ္တစ္ခ်ိန္ အိမ္ေထာင္ျပဳတဲ့အခါက်ရင္ေတာ့ ကိုယ့္သားသမီးေတြကို အရမ္းကို သဲသဲလႈပ္ခ်စ္တတ္မယ့္ သူမ်ဳိးကို လက္တြဲေဖာ္အျဖစ္တြဲမယ္လို႔ စိတ္ကူးခဲ့တယ္။ ဒီလိုစိတ္ကူးရွိတဲ့ မိန္းကေလးမ်ားအတြက္ ကိုယ့္ခင္ပြန္းေလာင္း ျဖစ္ျဖစ္၊ သားသမီးမရေသးတဲ့ ခင္ပြန္းျဖစ္သူျဖစ္ျဖစ္ အလုပ္အေပၚမွာပဲ အာရုံမထားဘဲ သားသမီးကို သဲသဲလႈပ္ခ်စ္တတ္တဲ့ ဖခင္ေကာင္းတစ္ေယာက္ျဖစ္လာမလားဆုိတာ သိႏုိင္မယ့္အခ်က္ေတြကို ေျပာျပေပးခ်င္ပါတယ္။

သူ့မွာ ကေလးေတြရယ္ေအာင္ ေျပာႏုိင္တဲ့ ဟာသေတြရွိတယ္။  ျဖတ္သန္းမႈအမ်ဳိးမ်ဳိးၾကဳံခဲ့ရတဲ့ လူၾကီးေတြရဲ႕ ဟာသတုိင္းက ကေလးေတြကုိ ရယ္ေမာေအာင္ မလုပ္ႏုိင္ပါဘူး။ သူတို႔ရဲ႕ ျဖဴစင္တဲ့ဦးေႏွာက္၊ ႏုနယ္တဲ့ ႏွလုံးသားေလးေတြနဲ႔ လိုက္ေလ်ာညီေထြရွိတဲ့ ရယ္စရာေတြကိုမွ သူတို႔ရယ္ေမာတတ္တာပါ။ သင့္ရဲ႕ အမ်ဳိးသားက ကေလးေတြကို ရယ္ေမာေပ်ာ္ရႊင္ေစတာကို သင္ျမင္ရင္ေတာ့ စိတ္ခ်လိုက္ပါ။ သူ႔ရဲ႕ ကုိယ္ပိုင္သားသမီးေတြက်ရင္ သူပိုျပီးေပ်ာ္ရႊင္ေအာင္ထားႏုိင္မွာပါလုိ႔။

သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္ေတြ၊ တြစ္တာအေကာင့္ေတြမွာ ကေလးပုံေတြကို မၾကာခဏ တင္တတ္တဲ့၊ ရွဲတတ္တဲ့ ေယာက္်ားေလးတစ္ေယာက္ကလည္း ႏူးညံ့တဲ့ႏွလုံးသားရွိျပီး ေမတၱကို လႈိက္လိႈက္လွဲလွဲျပတတ္တဲ့ ဖခင္မ်ဳိးျဖစ္ႏုိင္ပါတယ္။

ကေလးေတြကို အျပစ္မျမင္တတ္ဘူး။ ကေလးေတြဆိုတာ အေဆာ့သန္ပါတယ္။ အဖြသန္ပါတယ္။ ကေလးေတြရဲ႕ အက်င့္စရုိက္ကို နားလည္တတ္ျပီး သန္႔ရွင္းေရးကူလုပ္ေပးတတ္သူ၊ ကူညီေပးတတ္သူတစ္ေယာက္ဆုိရင္ ကေလးရဲ႕ အႏြံတာခံျပီး ကေလးတာဝန္ဆုိတာ အေမတစ္ေယာက္တည္းရဲ႕ တာဝန္လို႔ယူဆတတ္တဲ့ ေယာက္်ားမ်ဳိးမျဖစ္ႏုိင္ဘူးလို႔ ယူဆႏုိင္ပါတယ္။

ကေလးေတြရဲ႕ သူငယ္ခ်င္းနံမည္ေတြကအစ သိတယ္။ ကေလးေတြကို လူၾကီးတစ္ေယာက္လို အေလးေပးဆက္ဆံတတ္ရုံမက သူတို႔ရဲ႕ ျပႆနာေတြ၊ သူတုိ႔ သူငယ္ခ်င္းနံမည္ေတြကအစ စိတ္ဝင္တစားနဲ႔ သိေနတတ္တဲ့ ေယာက္်ားေလးေတြက သားသမီးအေပၚ အရမ္းကို တြယ္တာ ဂရုစုိက္တတ္တဲ့ ဖခင္ေကာင္းေတြရဲ႔ လကၡဏာျဖစ္ပါတယ္။

ကေလးေတြကို ပုံျပင္ေျပာျပတတ္တာ၊ စာဖတ္ျပတတ္တာ  စိတ္မရွည္တတ္တဲ့လူတစ္ေယာက္က ဘယ္လိုမွ ကေလးတစ္ေယာက္ရဲ႕ စူးစမ္းလိုစိတ္၊ သိလိုစိတ္ေတြကို အေျဖရွာမေပးႏုိင္ပါဘူး။ ကေလးေတြ သိခ်င္တဲ့အရာ၊ သိသင့္တဲ့အရာေတြကို စိတ္ရွည္လက္ရွည္နဲ႔ စာဖတ္ျပရင္း၊ ပုံျပင္ေျပာရင္းနဲ႔ သင္ေပးသြားတတ္တဲ့ အမ်ဳိးသားတစ္ေယာက္ရဲ႕ အျပဳအမူက ဖခင္ေကာင္းတစ္ေယာက္ျဖစ္လာမယ့္ အျပဳအမူတစ္ခုျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ငယ်ငယ်က ကိုယ်အရမ်း သဘောကျခဲ့ဖူးတာ တစ်ခုရှိတယ်။ အခုခေတ်လောက် တက်တူးတွေ ခေတ်မစားသေးတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်းရဲ့ အဖေက သူ့သမီးလေးနာမည်ကို ရင်ဘတ်မှာ တက်တူး ထိုးထားတာကို မြင်တော့ အရမ်းကိုအားကျခဲ့ရဖူးတယ်။ သူငယ်ချင်းကလေ သူ့အဖေကို အမေထက် ပိုရင်းတယ်။ အဖေလုုပ်သူကလည်း သူ့သမီးအလိုကျ အရာအားလုံး ဖြစ်စေသလို သမီးအတွက် သူ့ကိုယ်သူ အမြဲအသင့်ရှိတဲ့ပုံစံကို သိပ်သဘောကျခဲ့ရတာအမော။ ကိုယ့်အဖေက မချစ်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ အဖေကလည်း ကျွန်မတို့ကို အရမ်းချစ်ပေမဲ့ မျက်နှာထားက တည်နေတာများတာရယ်၊ ဆူစရာရှိရင် အမေထက် အဖေကို ပိုကြောက်ရတာရယ်၊ အဖေကလည်း မေတ္တာကို သိပ်ပြလေ့မရှိတာရယ်ကြောင့် စိတ်ထဲမှာ ရင်းနှီးတွယ်တာစိတ်ထက် ယုံကြည်အားကိုးတဲ့အချစ်စိတ်ကသာ ပိုများခဲ့ရပါတယ်။ ကိုယ်တစ်ချိန် အိမ်ထောင်ပြုတဲ့အခါကျရင်တော့ ကိုယ့်သားသမီးတွေကို အရမ်းကို သဲသဲလှုပ်ချစ်တတ်မယ့် သူမျိုးကို လက်တွဲဖော်အဖြစ်တွဲမယ်လို့ စိတ်ကူးခဲ့တယ်။ ဒီလိုစိတ်ကူးရှိတဲ့ မိန်းကလေးများအတွက် ကိုယ့်ခင်ပွန်းလောင်း ဖြစ်ဖြစ်၊ သားသမီးမရသေးတဲ့ ခင်ပွန်းဖြစ်သူဖြစ်ဖြစ် အလုပ်အပေါ်မှာပဲ အာရုံမထားဘဲ သားသမီးကို သဲသဲလှုပ်ချစ်တတ်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ သိနိုင်မယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။

သူ့မှာ ကလေးတွေရယ်အောင် ပြောနိုင်တဲ့ ဟာသတွေရှိတယ်။  ဖြတ်သန်းမှုအမျိုးမျိုးကြုံခဲ့ရတဲ့ လူကြီးတွေရဲ့ ဟာသတိုင်းက ကလေးတွေကို ရယ်မောအောင် မလုပ်နိုင်ပါဘူး။ သူတို့ရဲ့ ဖြူစင်တဲ့ဦးနှောက်၊ နုနယ်တဲ့ နှလုံးသားလေးတွေနဲ့ လိုက်လျောညီထွေရှိတဲ့ ရယ်စရာတွေကိုမှ သူတို့ရယ်မောတတ်တာပါ။ သင့်ရဲ့ အမျိုးသားက ကလေးတွေကို ရယ်မောပျော်ရွှင်စေတာကို သင်မြင်ရင်တော့ စိတ်ချလိုက်ပါ။ သူ့ရဲ့ ကိုယ်ပိုင်သားသမီးတွေကျရင် သူပိုပြီးပျော်ရွှင်အောင်ထားနိုင်မှာပါလို့။

သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ၊ တွစ်တာအကောင့်တွေမှာ ကလေးပုံတွေကို မကြာခဏ တင်တတ်တဲ့၊ ရှဲတတ်တဲ့ ယောက်ျားလေးတစ်ယောက်ကလည်း နူးညံ့တဲ့နှလုံးသားရှိပြီး မေတ္တကို လှိုက်လှိုက်လှဲလှဲပြတတ်တဲ့ ဖခင်မျိုးဖြစ်နိုင်ပါတယ်။

ကလေးတွေကို အပြစ်မမြင်တတ်ဘူး။ ကလေးတွေဆိုတာ အဆော့သန်ပါတယ်။ အဖွသန်ပါတယ်။ ကလေးတွေရဲ့ အကျင့်စရိုက်ကို နားလည်တတ်ပြီး သန့်ရှင်းရေးကူလုပ်ပေးတတ်သူ၊ ကူညီပေးတတ်သူတစ်ယောက်ဆိုရင် ကလေးရဲ့ အနွံတာခံပြီး ကလေးတာဝန်ဆိုတာ အမေတစ်ယောက်တည်းရဲ့ တာဝန်လို့ယူဆတတ်တဲ့ ယောက်ျားမျိုးမဖြစ်နိုင်ဘူးလို့ ယူဆနိုင်ပါတယ်။

ကလေးတွေရဲ့ သူငယ်ချင်းနံမည်တွေကအစ သိတယ်။ ကလေးတွေကို လူကြီးတစ်ယောက်လို အလေးပေးဆက်ဆံတတ်ရုံမက သူတို့ရဲ့ ပြဿနာတွေ၊ သူတို့ သူငယ်ချင်းနံမည်တွေကအစ စိတ်ဝင်တစားနဲ့ သိနေတတ်တဲ့ ယောက်ျားလေးတွေက သားသမီးအပေါ် အရမ်းကို တွယ်တာ ဂရုစိုက်တတ်တဲ့ ဖခင်ကောင်းတွေရဲ့ လက္ခဏာဖြစ်ပါတယ်။

ကလေးတွေကို ပုံပြင်ပြောပြတတ်တာ၊ စာဖတ်ပြတတ်တာ  စိတ်မရှည်တတ်တဲ့လူတစ်ယောက်က ဘယ်လိုမှ ကလေးတစ်ယောက်ရဲ့ စူးစမ်းလိုစိတ်၊ သိလိုစိတ်တွေကို အဖြေရှာမပေးနိုင်ပါဘူး။ ကလေးတွေ သိချင်တဲ့အရာ၊ သိသင့်တဲ့အရာတွေကို စိတ်ရှည်လက်ရှည်နဲ့ စာဖတ်ပြရင်း၊ ပုံပြင်ပြောရင်းနဲ့ သင်ပေးသွားတတ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အပြုအမူက ဖခင်ကောင်းတစ်ယောက်ဖြစ်လာမယ့် အပြုအမူတစ်ခုဖြစ်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top