iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစားနဲ႔ ျပတ္သြားၿပီးတဲ့ေနာက္ အခ်စ္ေရစီးေၾကာင္းထဲ ျပန္လည္ခုန္ဆင္းဖုိ႔ နည္းနည္းေတာ့ တြန္႔ဆုတ္ေနမိမွာ အမွန္ပါပဲ။ ဒီေရစီးေၾကာင္းႀကီးထဲ ေရာက္သြားရင္ ခံစားခ်က္ေတြ ရႈပ္ေထြးကုန္တတ္သလို အေၾကာက္တရား၊ ေဒါသ၊ နာက်င္မႈေတြကလည္း ကုိယ့္ကို ေမႊေႏွာက္ပစ္တတ္ၾကပါတယ္။ ဒီေတာ့ ႏွစ္ရွည္လမ်ား တြဲလာတဲ့ ကိုယ့္ခ်စ္သူနဲ႔ ျပတ္စဲလိုက္တဲ့ေနာက္ ခ်စ္သူအသစ္ထပ္ထားဖုိ႔ သင္အဆင္သင့္ျဖစ္ေနၿပီလား။ ေနာက္တစ္ခါ ထပ္ခ်စ္ဖုိ႔ အဆင္ေျပၿပီလားဆိုတာ ကိုယ့္ကိုယ္ကို အရင္ဆံုး ဒီေမးခြန္းေလးေတြ ေမးၿပီးမွ ဆံုးျဖတ္ခ်က္ခ်ပါ။
၁။အရင္တစ္ေယာက္ကို လံုး၀ျပတ္ႏိုင္သြားၿပီဆိုတာ ေသခ်ာသလား။

အရင္ထားခဲ့တဲ့ ရည္းစားနဲ႔ ဇာတ္လမ္းဆံုးသြားၿပီဆုိတာ မွန္ေပမယ့္ သူ႔အေပၚထားခဲ့တဲ့ ခံစားခ်က္ေတြကေတာ့ ခ်က္ခ်င္း ေသဆံုးမသြားႏိုင္ပါဘူး။ ဒီေတာ့ အရင္ရည္းစားကို လံုး၀ျပတ္သြားၿပီ၊ သူ႕အတြက္ ေနရာ ကုိယ့္ရင္ဘတ္ထဲမွာ မရွိေတာ့ဘူးဆိုတာ ေသခ်ာမႈရွိမရွိ အရင္ဆံုး ဆန္းစစ္ပါ။ ဒီလိုမဟုတ္ပဲ အရင္တစ္ေယာက္ကိုလည္း စိတ္ကမျပတ္၊ ေနာက္တစ္ေယာက္နဲ႔လည္း ဇာတ္လမ္းစေနၿပီဆုိရင္ေတာ့ အရႈပ္ထုပ္ထဲ ေရာက္မွန္းမသိ သင္ေရာက္သြားပါလိမ့္မယ္။

၂။သင္ေနာက္ထပ္ရွာေဖြေနတဲ့၊ လုိခ်င္ေနတဲ့အရာက ဘယ္လိုမ်ိဳးမ်ားလဲ။

ကိုယ့္စိတ္ထဲမွာ ဘာကိုအလိုရွိတယ္ ဆုိတာကို သိေနတာ ေကာင္းပါတယ္။ အရင္က တြဲခဲ့တဲ့ခ်စ္သူနဲ႔တုန္းက ကိုယ္ေတြလိုခ်င္ခဲ့တာက ဘာ၊ ရခဲ့တဲ့အရာကဘာ ဆုိတာမ်ိဳးေတြ သိခဲ့ရမွာပါ။ ဒီေတာ့ ေနာက္ထပ္လက္တြဲေဖာ္ရွာတဲ့အခါ ကိုယ္မလိုခ်င္တဲ့အရာေတြ၊ ကိုယ့္စိတ္ထဲ မလံုၿခံဳေစတဲ့အရာမ်ိဳးေတြ အားလံုကို တစ္ခ်က္တည္း ေရွာင္ႏိုင္သေလာက္ ေရွာင္ေရြးခ်ယ္ပါ။

၃။ကိုယ္ဟာ ခုခ်ိန္မွာ ဘယ္လိုလူမ်ိဳး ျဖစ္ေနၿပီလဲ။

အေျပာင္းအလဲ၊ အခက္အခဲမ်ိဳးစံု၊ အေတြ႕အႀကံဳေပါင္းစံု ႀကံဳခဲ့ဖူးတဲ့လူတစ္ေယာက္ဟာ အရင္တုန္းကလူနဲ႔မတူေတာ့ပဲ စိတ္ဓာတ္၊ အေနအထုိင္အျပဳအမူ အားလံုး ေျပာင္းလဲသြားတတ္ပါတယ္။ အသက္အရြယ္ေၾကာင့္လည္း ပါမွာပါ။ ဒီေတာ့ ကိုယ္ခု ဘယ္လိုလူမ်ိဳးျဖစ္ေနၿပီလဲဆိုတာ သိေအာင္ ႀကိဳးစားဖို႔က နံပါတ္(၁)ေနရာမွာ ရွိေနပါတယ္။ ဒီေတာ့ ကုိယ့္ရဲ႕စိတ္အေျခအေနဟာ ခုဆုိရင္ ဘယ္လိုျဖစ္ေနၿပီဆိုတာကို သိနားလည္ပါမွ ခ်စ္သူအသစ္၊ လက္တြဲေဖာ္သစ္နဲ႔ အဆင္ေျပႏိုင္မယ္ဆုိတာ မေမ့ပါနဲ႔။


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:yourtango

#Unicode Version

 ချစ်သူရည်းစားနဲ့ ပြတ်သွားပြီးတဲ့နောက် အချစ်ရေစီးကြောင်းထဲ ပြန်လည်ခုန်ဆင်းဖို့ နည်းနည်းတော့ တွန့်ဆုတ်နေမိမှာ အမှန်ပါပဲ။ ဒီရေစီးကြောင်းကြီးထဲ ရောက်သွားရင် ခံစားချက်တွေ ရှုပ်ထွေးကုန်တတ်သလို အကြောက်တရား၊ ဒေါသ၊ နာကျင်မှုတွေကလည်း ကိုယ့်ကို မွှေနှောက်ပစ်တတ်ကြပါတယ်။ ဒီတော့ နှစ်ရှည်လများ တွဲလာတဲ့ ကိုယ့်ချစ်သူနဲ့ ပြတ်စဲလိုက်တဲ့နောက် ချစ်သူအသစ်ထပ်ထားဖို့ သင်အဆင်သင့်ဖြစ်နေပြီလား။ နောက်တစ်ခါ ထပ်ချစ်ဖို့ အဆင်ပြေပြီလားဆိုတာ ကိုယ့်ကိုယ်ကို အရင်ဆုံး ဒီမေးခွန်းလေးတွေ မေးပြီးမှ ဆုံးဖြတ်ချက်ချပါ။

၁။အရင်တစ်ယောက်ကို လုံးဝပြတ်နိုင်သွားပြီဆိုတာ သေချာသလား။

အရင်ထားခဲ့တဲ့ ရည်းစားနဲ့ ဇာတ်လမ်းဆုံးသွားပြီဆိုတာ မှန်ပေမယ့် သူ့အပေါ်ထားခဲ့တဲ့ ခံစားချက်တွေကတော့ ချက်ချင်း သေဆုံးမသွားနိုင်ပါဘူး။ ဒီတော့ အရင်ရည်းစားကို လုံးဝပြတ်သွားပြီ၊ သူ့အတွက် နေရာ ကိုယ့်ရင်ဘတ်ထဲမှာ မရှိတော့ဘူးဆိုတာ သေချာမှုရှိမရှိ အရင်ဆုံး ဆန်းစစ်ပါ။ ဒီလိုမဟုတ်ပဲ အရင်တစ်ယောက်ကိုလည်း စိတ်ကမပြတ်၊ နောက်တစ်ယောက်နဲ့လည်း ဇာတ်လမ်းစနေပြီဆိုရင်တော့ အရှုပ်ထုပ်ထဲ ရောက်မှန်းမသိ သင်ရောက်သွားပါလိမ့်မယ်။

၂။သင်နောက်ထပ်ရှာဖွေနေတဲ့၊ လိုချင်နေတဲ့အရာက ဘယ်လိုမျိုးများလဲ။

ကိုယ့်စိတ်ထဲမှာ ဘာကိုအလိုရှိတယ် ဆိုတာကို သိနေတာ ကောင်းပါတယ်။ အရင်က တွဲခဲ့တဲ့ချစ်သူနဲ့တုန်းက ကိုယ်တွေလိုချင်ခဲ့တာက ဘာ၊ ရခဲ့တဲ့အရာကဘာ ဆိုတာမျိုးတွေ သိခဲ့ရမှာပါ။ ဒီတော့ နောက်ထပ်လက်တွဲဖော်ရှာတဲ့အခါ ကိုယ်မလိုချင်တဲ့အရာတွေ၊ ကိုယ့်စိတ်ထဲ မလုံခြုံစေတဲ့အရာမျိုးတွေ အားလုံကို တစ်ချက်တည်း ရှောင်နိုင်သလောက် ရှောင်ရွေးချယ်ပါ။

၃။ကိုယ်ဟာ ခုချိန်မှာ ဘယ်လိုလူမျိုး ဖြစ်နေပြီလဲ။

အပြောင်းအလဲ၊ အခက်အခဲမျိုးစုံ၊ အတွေ့အကြုံပေါင်းစုံ ကြုံခဲ့ဖူးတဲ့လူတစ်ယောက်ဟာ အရင်တုန်းကလူနဲ့မတူတော့ပဲ စိတ်ဓာတ်၊ အနေအထိုင်အပြုအမူ အားလုံး ပြောင်းလဲသွားတတ်ပါတယ်။ အသက်အရွယ်ကြောင့်လည်း ပါမှာပါ။ ဒီတော့ ကိုယ်ခု ဘယ်လိုလူမျိုးဖြစ်နေပြီလဲဆိုတာ သိအောင် ကြိုးစားဖို့က နံပါတ်(၁)နေရာမှာ ရှိနေပါတယ်။ ဒီတော့ ကိုယ့်ရဲ့စိတ်အခြေအနေဟာ ခုဆိုရင် ဘယ်လိုဖြစ်နေပြီဆိုတာကို သိနားလည်ပါမှ ချစ်သူအသစ်၊ လက်တွဲဖော်သစ်နဲ့ အဆင်ပြေနိုင်မယ်ဆိုတာ မမေ့ပါနဲ့။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:yourtango
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top