iMyanmarHouse.com - Best Property Website for Myanmar
×




မနက်စာ




အစားအစာ


Credit:Myanmar Youths




Unicode Version

လေ့ကျင့်ခန်းနဲ့ အစားအသောက် လျှော့စားမှုတွေ ပင်ပန်းကြီးစွာ လုပ်စရာမလိုဘဲ ဝိတ်မတက် သွယ်လျ လှပနေသူတွေကို အားကျပါလိမ့်မယ်။


ပင်ပန်းစွာ ဝိတ်မချရဘဲ သူတို့ သွယ်လျလှပနေတဲ့ လျှို့ဝှက်ချက် (၄) ခုကို ဖော်ပြထားပါတယ်။ ဒီ လျှို့ဝှက်ချက်တွေက သွယ်လျလှပသူတွေကို မေးမြန်းလေ့လာထားတဲ့ သုတေသနရလဒ်လည်း ဖြစ်ပါတယ်။

မနက်စာ

လေ့လာမှုစစ်တမ်းမှာ ပါဝင်တဲ့ သွယ်လျနေသူ ၉၆ ရာခိုင်နှုန်းဟာ မနက်စာကို ပုံမှန် စားလေ့ရှိပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ မနက်စာစားခြင်းက နေ့လည်စာ စားချိန်မှာ ကယ်လိုရီလောင်ကျွမ်းမှု ပိုဖြစ်စေပါတယ်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း

သွယ်လျလှပနေသူတွေဟာ အပတ်စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ၅ ကြိမ်နဲ့အထက် ပြုလုပ်လေ့ရှိပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် ကောင်းမွန်သလို စိတ်ဖိစီးမှုနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။ သုတေသန အစီအစဉ်မှာ ပါဝင်သူ ၄၂ ရာခိုင်နှုန်းက အပတ်စဉ် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သူတွေပါ။

ကိုယ်အလေးချိန် ဆန်းစစ်ခြင်း

ခန္ဓာကိုယ် သွယ်လျလှပသူတွေဟာ သူတို့ကိုယ် သူတို့ ဂရုစိုက်လေ့ ရှိပါတယ်။ အထူးသဖြင့် အပတ်စဉ် ကိုယ်အလေးချိန် တိုင်းတာပါတယ်။ သွယ်လျသူတွေကို ပြုလုပ်ထားတဲ့ စစ်တမ်းအရ ၅၀ ရာခိုင်နှုန်းက တစ်ပတ်လျှင် တစ်ကြိမ် ကိုယ်အလေးချိန် တိုင်းတာကြပါတယ်။
အစားအစာ

သွယ်လျနေသူ ၄၄ ရာခိုင်နှုန်း အစားအစာနဲ့ ပတ်သက်ပြီး အထူးအထွေ ကန့်သတ်ထားလေ့ မရှိဘဲ ၇၄ ရာခိုင်နှုန်းဟာ အစားလျှော့စားမှု မရှိသလောက် ရှားပါတယ်။


Credit:Myanmar Youths




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top