iMyanmarHouse.com - Best Property Website for Myanmar
×

★ အခ်စ္ေရး အိမ္ ေထာင္ေရးမွာ အက်ိဳးေပးမေကာင္းတာဟာ
အခ်စ္ေရး အိမ္ေထာင္ေရးနဲ႔ပတ္သက္တဲ့ မေကာင္းကံေတြ
အတိတ္ကျပဳခဲ့ဖူးလို႔ပါ။ သူတစ္ပါးရဲ့ ခ်စ္ျခင္းကိုခြဲတဲ့သူ
သူတစ္ပါးအိမ္ေထာင္ကို ျပိဳကြဲေစခဲ့တဲ့သူဟာ အခ်စ္ေရး
အိမ္ေထာင္ေရးမွာ ဘယ္လိုနည္းနဲ႔မွ အက်ိဳးေပးမေကာင္းနိဳင္ဘူး။

★ သမီးရည္စားခ်စ္ လင္မယားခ်စ္ေတြကို ျဖိဳခြဲမွ အခ်စ္ကမေကာင္းတာ မဟုတ္ပါဘူး။
ေမတၱာခ်စ္ သံေယာဇဥ္ ခ်စ္တဲ့ မည္သူကိုမဆို တကြဲတျပားစီ
ေ၀းလြင့္သြားေအာင္လုပ္ရင္ ျဖစ္ရာဘ၀တိုင္း ကိုယ့္ခ်စ္တဲ့သူေတြနဲ႔
ဆံုနိဳင္ခြင့္ ေမွးမွိန္ေပ်ာက္ကြယ္ျပီး လြမ္းဆြတ္ခြင့္ တမ္းတခြင့္ ေတြသာ
ရွင္သန္ၾကီးထြားလာနိဳင္ပါတယ္။

★ ေအာက္ထစ္ဆုံး ငွက္ကေလး ငါးကေလးေတြ
ေၾကာင္ကေလးေတြ ေခြးကေလးေတြကို
သူတို႔မိသားစု သူတို႔အသိုက္အျမံဳကေန ခြဲခြာႏွဳတ္ယူျပီး ေမြးျမဴသိမ္းပိုက္ထားခဲ့ရင္ေတာင္
အဲ့ဒီအကုသိုလ္က အက်ိဳးေပတဲ့ဘ၀မွာ ကာယကံရွင္ကို
အခ်စ္ကံေခသူ အလြမ္းကေ၀သူျဖစ္ေအာင္
စြမ္းေဆာင္ဖန္တီးနိဳင္ပါတယ္။

★ အခ်စ္ေရး အိမ္ေထာင္ေရးကို အရုပ္ဆိုး အက်ည္းတန္ ေၾကာက္စရာအေကာင္းဆံုးကေတာ့
ကာေမသုမိစာၦစာရကပါပဲ။ ကာမဂုဏ္ကိစၥမွာ မွားမွားယြင္းယြင္း ျပဳက်င့္ခဲ့တဲ့က လို႔ အဓိပၸာယ္
ရပါတယ္။ကိုယ့္ရဲ႕ ကာမပိုင္မဟုတ္သူေတြနဲ႔
ကာမကိစၥေဖာက္ျပန္ရင္ ကာေမသုမိစာၦစာရကံ
ထိုက္ပါတယ္။ သူတစ္ပါးသားမယားနဲ႔ေဖာက္ျပန္ရင္ေတာ့
“ပရဒါရကံ” ထိုက္တယ္လို႔လည္းေခၚပါတယ္။

အတိ္တ္ဘ၀ေတြက ကာမကိစၥ ေဖာက္ျပန္ခဲ့တဲ့ သူဟာ ကာမကိစၥတစ္စိတ္တစ္ပိုင္းပါ၀င္တဲ့
အခ်စ္ေရး အိမ္ေထာင္ေရးေတြမွာ ကံဆိုးတတ္ပါတယ္။ကိုယ့္ရဲ႕အိမ္ေထာင္ဘက္က
ကိုယ့္အေပၚ သစၥာမဲ့တာဟာ ကိုယ့္ရဲ႕အတိတ္က သစၥာမဲ့ကံ
ကကိုယ့္ကို အက်ိဳးေပးတာပါပဲ။

★ ကိုယ့္ရဲ့ႏွလံုးသားလမ္းေၾကာင္းမွာ ခံေနတဲ့ကြ်န္းဟာ ကိုယ္ကိုယ္တိုင္ဖြဲ႔စည္းတည္ေဆာက္တည္ခဲ့တဲ့ကြ်န္းပါ။
ဘယ္သူမျပဳမိမိမွဳေပါ့ေနာ္။ “ႏွလုံးသားလမ္းေၾကာင္းမွာကြ်န္းခံေနတယ္”လို႔
ဟစ္ေအာ္ေၾကြးေၾကာ္တာဟာ “အတိတ္ဘ၀က အခ်စ္ေရး အိမ္ေထာင္ေရးေတြမွာသစၥာယြင္းပ်က္ခဲ့ပါတယ္
ကိုယ္က်င့္ေဖာက္ျပန္ခဲ့ပါတယ္လို႔” ထုတ္ေဖာ္၀န္ခံေနတာပဲ။


Credit:{အရွင္ဆႏၵာဓိက (ေရႊပါရမီေတာရ)}

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

★ အချစ်ရေး အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ
အချစ်ရေး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မကောင်းကံတွေ
အတိတ်ကပြုခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲတဲ့သူ
သူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး
အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ဘူး။

★ သမီးရည်စားချစ် လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကမကောင်းတာ မဟုတ်ပါဘူး။
မေတ္တာချစ် သံယောဇဉ် ချစ်တဲ့ မည်သူကိုမဆို တကွဲတပြားစီ
ဝေးလွင့်သွားအောင်လုပ်ရင် ဖြစ်ရာဘဝတိုင်း ကိုယ့်ချစ်တဲ့သူတွေနဲ့
ဆုံနိုင်ခွင့် မှေးမှိန်ပျောက်ကွယ်ပြီး လွမ်းဆွတ်ခွင့် တမ်းတခွင့် တွေသာ
ရှင်သန်ကြီးထွားလာနိုင်ပါတယ်။

★ အောက်ထစ်ဆုံး ငှက်ကလေး ငါးကလေးတွေ
ကြောင်ကလေးတွေ ခွေးကလေးတွေကို
သူတို့မိသားစု သူတို့အသိုက်အမြုံကနေ ခွဲခွာနှုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင်
အဲ့ဒီအကုသိုလ်က အကျိုးပေတဲ့ဘဝမှာ ကာယကံရှင်ကို
အချစ်ကံခေသူ အလွမ်းကဝေသူဖြစ်အောင်
စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။

★ အချစ်ရေး အိမ်ထောင်ရေးကို အရုပ်ဆိုး အကျည်းတန် ကြောက်စရာအကောင်းဆုံးကတော့
ကာမေသုမိစ္ဆာစာရကပါပဲ။ ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်ခဲ့တဲ့က လို့ အဓိပ္ပာယ်
ရပါတယ်။ကိုယ့်ရဲ့ ကာမပိုင်မဟုတ်သူတွေနဲ့
ကာမကိစ္စဖောက်ပြန်ရင် ကာမေသုမိစ္ဆာစာရကံ
ထိုက်ပါတယ်။ သူတစ်ပါးသားမယားနဲ့ဖောက်ပြန်ရင်တော့
“ပရဒါရကံ” ထိုက်တယ်လို့လည်းခေါ်ပါတယ်။

အတိတ်ဘဝတွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့ သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့
အချစ်ရေး အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ကိုယ့်ရဲ့အိမ်ထောင်ဘက်က
ကိုယ့်အပေါ် သစ္စာမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က သစ္စာမဲ့ကံ
ကကိုယ့်ကို အကျိုးပေးတာပါပဲ။

★ ကိုယ့်ရဲ့နှလုံးသားလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင်ဖွဲ့စည်းတည်ဆောက်တည်ခဲ့တဲ့ကျွန်းပါ။
ဘယ်သူမပြုမိမိမှုပေါ့နော်။ “နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေတယ်”လို့
ဟစ်အော်ကြွေးကြော်တာဟာ “အတိတ်ဘဝက အချစ်ရေး အိမ်ထောင်ရေးတွေမှာသစ္စာယွင်းပျက်ခဲ့ပါတယ်
ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့” ထုတ်ဖော်ဝန်ခံနေတာပဲ။


Credit:{အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top