iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာႀကီးကို ဓာတ္သေဘာတရားေတြနဲ႔ ဖြဲ႔စည္းထားတယ္လို႔ ယံုၾကည္တယ္ဆုိရင္ အခ်စ္ဆိုတာကလည္း ဓာတ္သေဘာတရားတစ္ခုနဲဲ႔ တူညီတယ္လို႔ ယူဆၾကည့္ရေအာင္ပါ။ ေျမ၊ ေရ၊ ေလ၊ မီး၊ သတၱဳဆုိတဲ့ ဓာတ္ေတြဟာ ကမၻာႀကီးရဲ႕ အဓိကဓာတ္ေတြျဖစ္ပါတယ္။ ဓာတ္သေဘာတရားတစ္ခုစီတိုင္းမွာ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြ ႐ွိေနၾကသလိုပဲ အဲ့ဒီဓာတ္ေတြနဲ႔တူတဲ့ အခ်စ္ေတြကလည္း ပံုသ႑န္အမ်ိဳးမ်ိဳးကို ေဖာ္ေဆာင္ပါတယ္။ သင့္ရဲ႕အခ်စ္ကေရာ ဘယ္လိုဓာတ္သေဘာတရားနဲ႔တူသလဲဆုိတာ ဖတ္ၾကည့္ပါဦး။

၁။ ေျမဓာတ္

ေျမႀကီးလိုပဲ ခိုင္မာတဲ့ယံုၾကည္ခ်က္႐ွိတဲ့အခ်စ္ပါ။ ကိစၥေသးေသးမႊားမႊားေလာက္နဲ႔ ရင္မခုန္၊ မတုန္လႈပ္တတ္ဘူး။ သံသယေတြ၊ သဝန္တိုတာေတြလည္း နည္းပါတယ္။ ခ်စ္သူကိုလည္း ကာကြယ္ေစာင့္ေရွာက္ေပးခ်င္သူေတြပါ။ ဒီလိုအခ်စ္မ်ိဳးက ၁၅၀၀ အခ်စ္ထက္ ၅၂၈ ဆန္တဲ့ ေမတၱာအခ်စ္မ်ိဳးမွာ ေတြ႔ရတတ္ပါတယ္။

၂။ ေရဓာတ္

ေရလိုပဲ အေပါက္႐ွိရင္ စီးဆင္းတယ္၊ လႈိင္းဂယက္ေတြရွိတယ္။ ခံစားမႈအားေကာင္းတဲ့ အခ်စ္မ်ိဳးေပါ့။ အခ်စ္ႀကီးခ်စ္တတ္သလို မခ်စ္ေတာ့ဘူးဆုိရင္လည္း တစ္စက္မွကိုဂ႐ုမစိုက္ လွည့္မၾကည့္တတ္သူေတြပါ။ ၾကည္လင္ေအးျမတဲ့အခ်စ္ေတြကိုေပးေပမဲ့ သစၥာမရွိတဲ့လူအတြက္ေတာ့ ရက္စက္မႈေတြကို လွလွပပႀကီးေပးတတ္ပါတယ္။

၃။ ေလဓာတ္

႐ိုမန္တစ္ဆန္တတ္သူေတြေပါ့။ ကိုယ့္ခ်စ္သူကို ေပ်ာ္ေစခ်င္တယ္။ ၾကင္နာယုယေပးတာေတြ သေဘာက်တယ္။ စိတ္ယိမ္းယိုင္လြယ္တယ္။ ဒါေပမဲ့ ေလဓာတ္နဲ႔တူတဲ့အခ်စ္မ်ိဳးက ေပးဆပ္ျခင္းနဲ႔ခ်စ္တတ္တာမ်ိဳးေတြပါ။

၄။ မီးဓာတ္

ပူေလာင္တဲ့အခ်စ္မိ်ဳးေပါ့။ အခ်စ္ႀကီးသေလာက္ အမ်က္ႀကီးတယ္။ သဝန္တိုတတ္တယ္။ ခ်စ္သူကို မ်က္စိေအာက္ကေတာင္ အေပ်ာက္မခံခ်င္ဘူး။ ဒါေပမဲ့ မီးဓာတ္နဲ႔တူတဲ့အခ်စ္က အစစ္မွန္ဆံုးခ်စ္တတ္သူေတြ။ ခ်စ္ရင္ခ်စ္တယ္၊ မခ်စ္ရင္မခ်စ္ဘူး ပြင့္ပြင့္လင္းလင္းပဲ။ ဟန္ေဆာင္ဖံုးကြယ္တာေတြလည္း မရွိပါဘူး။ တကယ္ေတာ့ အခ်စ္ဆိုတာ မီးေတာက္လို႔ေတာင္ တင္စားၾကတယ္မဟုတ္ပါလား။

၅။ သတၱဳဓာတ္

အသည္းမာသူႀကီးေတြရဲ႕အခ်စ္ကို သတၱဳဓာတ္နဲ႔တူတဲ့အခ်စ္လို႔ တင္စားရပါမယ္။ ေတာ္႐ံုနဲ႔မခ်စ္တတ္သူေတြ။ ခ်စ္မိၿပီဆုိလည္း ေနာက္တစ္ေယာက္မရွိေတာ့ဘူး။ အေၾကာင္းမတိုက္ဆုိင္လို႔ ခ်စ္သူနဲ႔မေပါင္းလိုက္ရရင္ တစ္ကိုယ္တည္းပဲေနေတာ့သူေတြ။ အခ်စ္ေၾကာင့္ ဘဝကိုလည္းအထိခိုက္မခံတတ္သူမ်ိဳးပါ။


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun


#Unicode Version

ကမ္ဘာကြီးကို ဓာတ်သဘောတရားတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယုံကြည်တယ်ဆိုရင် အချစ်ဆိုတာကလည်း ဓာတ်သဘောတရားတစ်ခုနဲ့ တူညီတယ်လို့ ယူဆကြည့်ရအောင်ပါ။ မြေ၊ ရေ၊ လေ၊ မီး၊ သတ္တုဆိုတဲ့ ဓာတ်တွေဟာ ကမ္ဘာကြီးရဲ့ အဓိကဓာတ်တွေဖြစ်ပါတယ်။ ဓာတ်သဘောတရားတစ်ခုစီတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနေကြသလိုပဲ အဲ့ဒီဓာတ်တွေနဲ့တူတဲ့ အချစ်တွေကလည်း ပုံသဏ္ဍန်အမျိုးမျိုးကို ဖော်ဆောင်ပါတယ်။ သင့်ရဲ့အချစ်ကရော ဘယ်လိုဓာတ်သဘောတရားနဲ့တူသလဲဆိုတာ ဖတ်ကြည့်ပါဦး။

၁။ မြေဓာတ်

မြေကြီးလိုပဲ ခိုင်မာတဲ့ယုံကြည်ချက်ရှိတဲ့အချစ်ပါ။ ကိစ္စသေးသေးမွှားမွှားလောက်နဲ့ ရင်မခုန်၊ မတုန်လှုပ်တတ်ဘူး။ သံသယတွေ၊ သဝန်တိုတာတွေလည်း နည်းပါတယ်။ ချစ်သူကိုလည်း ကာကွယ်စောင့်ရှောက်ပေးချင်သူတွေပါ။ ဒီလိုအချစ်မျိုးက ၁၅၀၀ အချစ်ထက် ၅၂၈ ဆန်တဲ့ မေတ္တာအချစ်မျိုးမှာ တွေ့ရတတ်ပါတယ်။

၂။ ရေဓာတ်

ရေလိုပဲ အပေါက်ရှိရင် စီးဆင်းတယ်၊ လှိုင်းဂယက်တွေရှိတယ်။ ခံစားမှုအားကောင်းတဲ့ အချစ်မျိုးပေါ့။ အချစ်ကြီးချစ်တတ်သလို မချစ်တော့ဘူးဆိုရင်လည်း တစ်စက်မှကိုဂရုမစိုက် လှည့်မကြည့်တတ်သူတွေပါ။ ကြည်လင်အေးမြတဲ့အချစ်တွေကိုပေးပေမဲ့ သစ္စာမရှိတဲ့လူအတွက်တော့ ရက်စက်မှုတွေကို လှလှပပကြီးပေးတတ်ပါတယ်။

၃။ လေဓာတ်

ရိုမန်တစ်ဆန်တတ်သူတွေပေါ့။ ကိုယ့်ချစ်သူကို ပျော်စေချင်တယ်။ ကြင်နာယုယပေးတာတွေ သဘောကျတယ်။ စိတ်ယိမ်းယိုင်လွယ်တယ်။ ဒါပေမဲ့ လေဓာတ်နဲ့တူတဲ့အချစ်မျိုးက ပေးဆပ်ခြင်းနဲ့ချစ်တတ်တာမျိုးတွေပါ။

၄။ မီးဓာတ်

ပူလောင်တဲ့အချစ်မျိုးပေါ့။ အချစ်ကြီးသလောက် အမျက်ကြီးတယ်။ သဝန်တိုတတ်တယ်။ ချစ်သူကို မျက်စိအောက်ကတောင် အပျောက်မခံချင်ဘူး။ ဒါပေမဲ့ မီးဓာတ်နဲ့တူတဲ့အချစ်က အစစ်မှန်ဆုံးချစ်တတ်သူတွေ။ ချစ်ရင်ချစ်တယ်၊ မချစ်ရင်မချစ်ဘူး ပွင့်ပွင့်လင်းလင်းပဲ။ ဟန်ဆောင်ဖုံးကွယ်တာတွေလည်း မရှိပါဘူး။ တကယ်တော့ အချစ်ဆိုတာ မီးတောက်လို့တောင် တင်စားကြတယ်မဟုတ်ပါလား။

၅။ သတ္တုဓာတ်

အသည်းမာသူကြီးတွေရဲ့အချစ်ကို သတ္တုဓာတ်နဲ့တူတဲ့အချစ်လို့ တင်စားရပါမယ်။ တော်ရုံနဲ့မချစ်တတ်သူတွေ။ ချစ်မိပြီဆိုလည်း နောက်တစ်ယောက်မရှိတော့ဘူး။ အကြောင်းမတိုက်ဆိုင်လို့ ချစ်သူနဲ့မပေါင်းလိုက်ရရင် တစ်ကိုယ်တည်းပဲနေတော့သူတွေ။ အချစ်ကြောင့် ဘဝကိုလည်းအထိခိုက်မခံတတ်သူမျိုးပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top