iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္႔အိမ္မီးဖိုေခ်ာင္မွာ အလြယ္တကူရႏိုင္တဲ႔ေရခဲက အေအးေဖ်ာ္တဲ႔အခ်ိန္သံုးရံုသာမဟုတ္ဘဲ အလွအပအတြက္လည္း ေနာက္ထပ္အမ်ားၾကီး အသံုးဝင္ပါေသးတယ္ေနာ္။

ေရခဲကုထံုးကိုမသံုးခင္ သိသင္႔တာေတြကေတာ႔

သန္႔စင္ထားတဲ႔မ်က္ႏွာေပၚကိုပဲ သံုးရပါမယ္။
ေရခဲကိုၾကာၾကာကိုင္ရမယ္ဆိုရင္ လက္အိတ္သံုးတာကပိုအဆင္ေျပပါလိမ္႔မယ္။
ေရခဲနဲ႔ကိုယ္႔မ်က္ႏွာအသားအေရကို ထိေတြ႔တဲ႔အခါ ပဝါ ဒါမွမဟုတ္ ပလတ္စတစ္အိတ္ကို တဆင္႔ခံျပီး သံုးသင္႔ပါတယ္။
အသားမေလာင္သြားေစဖို႔ ေရခဲကိုအေရျပားနဲ႔ ထိေတြ႔ခ်ိန္ ၁ နာရီထက္မပိုေစရပါဘူး။
သခြားသီး ၊ လက္ဖက္စိမ္း ၊ ၾကက္သြန္ျဖဴတို႔နဲ႔ေရာျပီး ခဲထားတဲ႔ေရခဲကို သံုးတာကပိုအက်ိဳးျပဳပါတယ္။
အသံုးခ်ပံု

အိပ္ရာမဝင္ခင္မွာ ပလတ္စတစ္အိတ္ထဲကို ေရခဲထည္႔ျပီး မ်က္ႏွာနဲ႔လည္ပင္းေပၚ ၃ မိနစ္ပြတ္တိုက္ေပးရံုနဲ႔ အေရးေၾကာင္းေတြျဖစ္ေပၚမႈကိုကာကြယ္ေပးျပီး အိပ္ေကာင္းေစပါတယ္။ ရက္အနည္းငယ္အတြင္းမွာပဲ သိသာတဲ႔ရလဒ္ကိုေတြ႔ရပါလိမ္႔မယ္။

ဝက္ျခံသမားေတြအတြက္လည္း ေရခဲက အသံုးဝင္ပါတယ္။ ေမြးပြပဝါသန္႔သန္႔၊ လက္ကိုင္ပဝါသန္႔သန္႔ထဲကို ေရခဲထည္႔ျပီး ဝက္ျခံေပၚ ၅ မိနစ္ေလာက္ပြတ္တိုက္ရံုနဲ႔ ဝက္ျခံေတြသက္သာေစပါတယ္။ ေခ်ြးေပါက္က်ယ္ေနသူေတြ ေခ်ြးေပါက္က်ဥ္းသြားေစပါတယ္။

ေရခဲတံုးေလးနဲ႔မ်က္ႏွာေပၚလွိမ္႔တာက ေသြးလွည္႔ပတ္မႈေကာင္းေစတဲ႔အတြက္ အိုမင္းရင္႔ေရာ္မႈကို တိုက္ဖ်က္ႏိုင္ပါတယ္။ ေရခဲက အသားအေရကို က်စ္လ်စ္ေအးျမသြားေစတဲ႔အတြက္ မိတ္ကပ္မျပင္ခင္အခ်ိန္မွာ မ်က္ႏွာျပင္ကိုေရခဲကပ္ေပးတာမ်ိဳး လုပ္သင္႔ပါတယ္။

မ်က္လံုးေဖာင္းအစ္ေနခ်ိန္မ်ိဳးမွာ ေရခဲတံုးႏွစ္တံုးကိုအဝတ္ပါးေလးထဲထည္႔ျပီး မ်က္လံုးပိတ္ကာ ခပ္ဖြဖြလွိမ္႔ေပးပါ။ စက္ဝိုင္းပံုသဏၭာန္နဲ႔ ၂ မိနစ္ခန္႔လွိမ္႔ေပးရမွာပါ။ အဆင္ေျပသြားပါလိမ္႔မယ္။

ဗိုက္အဆီက်ဖို႔အတြက္လည္းေရခဲကို သံုးႏိုင္ပါတယ္။ ေရခဲထည္႔ထားတဲ႔ ပလတ္စတစ္အိတ္ကို ဗိုက္ေပၚ ၁၅ မိနစ္တင္ထားပါ။ ၃ မိနစ္ခန္႔ျပန္ဖယ္ထားပါ။ ျပီးရင္ တစ္နာရီနီးပါး ျပန္တင္ထားပါ။ ဒီလိုလုပ္ျခင္းက ဝမ္းဗိုက္အဆီက်ဖို႔အေထာက္အကူျပဳပါတယ္။ ဒါေပမဲ႔ သင္႔ေတာ္တဲ႔ Diet နဲ႔ ေလ႔က်င္႔ခန္းလုပ္ပါမွပိုမိုထိေရာက္မွာ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:ဂ်ဴဂ်ဴး (အခရာ)

Link: www.akhayar.com

#Unicode Version

ကိုယ့်အိမ်မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ရေခဲက အအေးဖျော်တဲ့အချိန်သုံးရုံသာမဟုတ်ဘဲ အလှအပအတွက်လည်း နောက်ထပ်အများကြီး အသုံးဝင်ပါသေးတယ်နော်။

ရေခဲကုထုံးကိုမသုံးခင် သိသင့်တာတွေကတော့

သန့်စင်ထားတဲ့မျက်နှာပေါ်ကိုပဲ သုံးရပါမယ်။
ရေခဲကိုကြာကြာကိုင်ရမယ်ဆိုရင် လက်အိတ်သုံးတာကပိုအဆင်ပြေပါလိမ့်မယ်။
ရေခဲနဲ့ကိုယ့်မျက်နှာအသားအရေကို ထိတွေ့တဲ့အခါ ပဝါ ဒါမှမဟုတ် ပလတ်စတစ်အိတ်ကို တဆင့်ခံပြီး သုံးသင့်ပါတယ်။
အသားမလောင်သွားစေဖို့ ရေခဲကိုအရေပြားနဲ့ ထိတွေ့ချိန် ၁ နာရီထက်မပိုစေရပါဘူး။
သခွားသီး ၊ လက်ဖက်စိမ်း ၊ ကြက်သွန်ဖြူတို့နဲ့ရောပြီး ခဲထားတဲ့ရေခဲကို သုံးတာကပိုအကျိုးပြုပါတယ်။
အသုံးချပုံ

အိပ်ရာမဝင်ခင်မှာ ပလတ်စတစ်အိတ်ထဲကို ရေခဲထည့်ပြီး မျက်နှာနဲ့လည်ပင်းပေါ် ၃ မိနစ်ပွတ်တိုက်ပေးရုံနဲ့ အရေးကြောင်းတွေဖြစ်ပေါ်မှုကိုကာကွယ်ပေးပြီး အိပ်ကောင်းစေပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သိသာတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။

ဝက်ခြံသမားတွေအတွက်လည်း ရေခဲက အသုံးဝင်ပါတယ်။ မွေးပွပဝါသန့်သန့်၊ လက်ကိုင်ပဝါသန့်သန့်ထဲကို ရေခဲထည့်ပြီး ဝက်ခြံပေါ် ၅ မိနစ်လောက်ပွတ်တိုက်ရုံနဲ့ ဝက်ခြံတွေသက်သာစေပါတယ်။ ချွေးပေါက်ကျယ်နေသူတွေ ချွေးပေါက်ကျဉ်းသွားစေပါတယ်။

ရေခဲတုံးလေးနဲ့မျက်နှာပေါ်လှိမ့်တာက သွေးလှည့်ပတ်မှုကောင်းစေတဲ့အတွက် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်နိုင်ပါတယ်။ ရေခဲက အသားအရေကို ကျစ်လျစ်အေးမြသွားစေတဲ့အတွက် မိတ်ကပ်မပြင်ခင်အချိန်မှာ မျက်နှာပြင်ကိုရေခဲကပ်ပေးတာမျိုး လုပ်သင့်ပါတယ်။

မျက်လုံးဖောင်းအစ်နေချိန်မျိုးမှာ ရေခဲတုံးနှစ်တုံးကိုအဝတ်ပါးလေးထဲထည့်ပြီး မျက်လုံးပိတ်ကာ ခပ်ဖွဖွလှိမ့်ပေးပါ။ စက်ဝိုင်းပုံသဏ္ဌာန်နဲ့ ၂ မိနစ်ခန့်လှိမ့်ပေးရမှာပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ဗိုက်အဆီကျဖို့အတွက်လည်းရေခဲကို သုံးနိုင်ပါတယ်။ ရေခဲထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို ဗိုက်ပေါ် ၁၅ မိနစ်တင်ထားပါ။ ၃ မိနစ်ခန့်ပြန်ဖယ်ထားပါ။ ပြီးရင် တစ်နာရီနီးပါး ပြန်တင်ထားပါ။ ဒီလိုလုပ်ခြင်းက ဝမ်းဗိုက်အဆီကျဖို့အထောက်အကူပြုပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ Diet နဲ့ လေ့ကျင့်ခန်းလုပ်ပါမှပိုမိုထိရောက်မှာ ဖြစ်ပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:ဂျူဂျူး (အခရာ)

Link: www.akhayar.com
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top