iMyanmarHouse.com - Best Property Website for Myanmar
×

မႏၲေလးၿမိဳ႕ က်ံဳးနံေဘးတြင္ ညေနဖက္အေျပးေလ့က်င့္ေနသူ တစ္ဦးကို သတ္မွတ္ထားေသာ ေနရာ ပန္းဝင္လာခ်ိန္တြင္ ေရခဲစိမ္ ေရသန္႔ဘူးေပးလိုက္ရာတစ္ရွိန္ထုိးေမာ့ခ်လိုက္ၿပီးေနာက္သတိလစ္လဲက်ၿပီး
ပါးစပ္မွအျမႇဳပ္မ်ားထြက္လာသျဖင့္ ျပင္ပ ေဆး႐ံုတစ္ခုသို႔ ပို႔လုိက္ရသည္ဟု သိရပါသည္။

ေနရာ ပန္းဝင္လာခ်ိန္တြင္ ေရခဲစိမ္ ေရသန္႔ဘူးေပးလိုက္ရာတစ္ရွိန္ထုိးေမာ့ခ်လိုက္ၿပီးေနာက္သတိလစ္
လဲက်ၿပီးပါးစပ္မွအျမႇဳပ္မ်ားထြက္လာသျဖင့္ ျပင္ပ ေဆး႐ံုတစ္ခုသို႔ ပို႔လုိက္ရသည္ဟု သိရပါသည္။
ေနပူ ထဲ မွ ျပန္ လာၿပီး အိမ္ေရာက္ သည္ႏွင့္ ေရခဲေသတၱာထဲမွ ေရေအးေအး တစ္ပုလင္း ထုတ္ယူၿပီး အားရပါးရ ေသာက္ခ်ေလ့ရွိသူ တစ္ဦးသည္ လြန္ခဲ့ေသာ ရက္ပုိင္းက မ်က္စိ မ်ား
နီရဲလာၿပီးေခါင္းကိုက္လာသျဖင့္ ျပင္ပေဆးခန္းတစ္ခုတြင္ ေသြးခ်ိန္ၾကည့္ရာ အေပၚေသြး 200 mm Hg တက္ေနသျဖင့္ ဦးေႏွာက္ေသြးေၾကာ ေပါက္ႏုိင္ေသာေၾကာင့္ ဆရာဝန္က ေဆး႐ံု တက္ ခုိင္း လိုက္ရ သည္ဟု သိရသည္။

ရာ သီ ဥ တု ပူျပင္း သျဖင့္ ျပင္ ပသို႔ လံုးဝ မထြက္ ဘဲ အိမ္ထဲ မွာေနရင္း ေရခဲေရကို Water Coole r စက္မွ ယူၿပီး တစ္စြက္ စြက္ နဲ႔ ေသာက္ေလ့ရွိေသာမိသားစုတစ္စု ရွိသည္။သူတို႔တစ္အိမ္လံုးမိတ္အုိင္းေခၚမိတ္ဖုအျပင္လုိက္ ထြက္ၿပီး နီရဲေနသည္ကို ေတြ႕ရသည္။၂ ႏွစ္၃ ႏွစ္အရြယ္ကေလးမ်ားမွာေရခဲေရေသာက္ၿပီး ေခါင္းတြင္ အပူ ဖုႀကီးမ်ား ထြက္ၿပီး အ ခ်ိဳ႕ အ ဖုႀကီး မ်ားမွာျပည္တည္ၿပီး အနာကဲ့သို႔ ျဖစ္ေနသည္။
ေရခဲေရကို ေလျဖင့္ မႈတ္ ေပး ေန သည့္ ပန္ ကာ တစ္မ်ိဳး Air Cooler ဝယ္ ၿပီး အ သံုးျပဳေန သူမ်ား မွာ မ်က္ႏွာ မ်ား ေရာင္အမ္းျခင္း၊ အေရျပားထူၿပီးယားနာမ်ား ထြက္ျခင္းတို႔ ျဖစ္ေၾကာင္း သတိထားမိလာသျဖင့္ ေလ မႈတ္ပန္ကာထဲသို႔ ေရခဲေရမထည့္ဝံ့ၾကေတာ့ဘဲ သာမာန္ ႐ိုး႐ိုးေရကိုသာထည့္သံုးစြဲေနရေၾကာင္း သံုးစြဲသူမိတ္ေဆြတစ္ဦးကေျပာျပသျဖင့္ သိရေလသည္။ ေရခဲေခ်ာင္း ေရခဲထုပ္ အစားမ်ားသည့္ ကေလးမ်ားမွာ အပူကန္ျခင္း၊ မ်က္ႏွာႏွင့္ မ်က္ခြံမ်ား ေပၚတြင္ မိတ္ဖုႀကီးမ်ားႏွင့္ အနာဖုမ်ား ထြက္ျခင္း၊ အစာမေၾကျခင္း၊ အာသီးေရာင္ျခင္းမ်ားအျပင္ အခ်ိဳ႕ မွာ ေရခဲ မ သန္႔ သျဖင့္ ဝမ္းကိုက္ျခင္း၊ ဝမ္းေလွ်ာျခင္းမ်ား ျဖစ္ေၾကာင္း သိရသည္။
လွ်ာႏွင့္ အာ ေခါင္မ်ားတြင္ အနာ ခြက္ ခ်ိဳင့္ငယ္ေလး မ်ား ေပါက္ၿပီး အစပ္ မစားႏုိင္သူမ်ား ေဆးခန္းလာျပသည္ကိုေတြ႕ရဖူးသည္။လွ်ာေဘးမွာအနာဖုေလးထြက္လာေသာအခါ သြားဖံုး၊ အံသြားတို႔ႏွင့္ ပြတ္တိုက္မိၿပီး အနာ ျဖစ္လာသည္။ ထိုအနာမွာ အစက္ကေလးမွ က်ယ္ ျပန္႔သြားေသာ အခါ ခ်ိဳင့္ခြက္ကဲ့သို႔ ျဖစ္သည္။အစာႏွင့္ အခ်ဥ္အစပ္တို႔ ထိေတြ႕လွ်င္ မခံႏုိင္ျဖစ္သည္။ စိတ္ပင္ပန္းသူ၊ ေသာ က မ်ား သူ၊ စာေမးပြဲနီးခ်ိန္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားတြင္ ဤပါးစပ္နာမ်ား ေတြ႕ရသျဖင့္ ဆရာဝန္ႀကီးမ်ားက Stress Ulcer ဟု ေခၚၾကသည္။
တုိင္းရင္းေဆးႏွင့္ ႐ိုးရာေဆးပညာ အယူအဆ ႐ႈေထာင့္မွ ၾကည့္လွ်င္ ထိုအနာမ်ားသည္ အပူကန္ အ နာမ်ား ျဖစ္သည္။ ဝမ္းထဲမွ အစာအိမ္ထဲမွ အပူမ်ား အထက္သို႔ ကန္တက္ၿပီး ခံတြင္းႏွင့္ လွ်ာအာေခါင္၊ သြား ဖံုး တို႔ တြင္ အနာ စက္ မ်ား ထြက္လာျခင္း ျဖစ္သည္။ မိတ္ေဆြတစ္ဦးက သူ၏ လွ်ာႏွင့္သြားဖံုးတြင္ မၾကာခဏ အပူကန္နာမ်ား ထြက္ၿပီး မစားႏုိင္၊
မေသာက္ႏုိင္ ျဖစ္ရေၾကာင္း ေျပာသည္။ ထိုသူ၏ အေလ့အက်င့္ကို ၾကည့္ေသာအခါ ထမင္းစားလွ်င္ ေရခဲေရပုလင္းႏွင့္ ေရခြက္ကို ေဘး မွာ ခ် ထား သည္။ ထမင္း စားၿပီးလွ်င္ ေရ ခဲေရႏွစ္ ခြက္ခန္႔ အဝေသာက္ခ်သည္။ဤ အက်င့္ေၾကာင့္ သူ႔လွ်ာမွာ အပူကန္နာမ်ား မျပတ္ ထြက္ေနျခင္း ျဖစ္ႏုိင္သည္။

ထမင္းစားၿပီး ေရခဲမုန္႔ စားၾက သူ မ်ားကို စား ေသာက္ ဆုိင္ႀကီးမ်ားတြင္ ေတြ႕ရဖူးသည္။ အခ်ိဳ႕ဆုိင္က စား ေသာက္ သူ မ်ား ကို ကုန္က်ေငြ Bill ရွင္းခ်ိန္တြင္ အခ်ိဳ ပြဲ အျဖစ္ ေရခဲမုန္႔ခြက္မ်ား လာခ်ေပးသည္။ အခ်ိဳ႕အလွဴမ်ား တြင္ လည္း ထမင္း သို႔ မဟုတ္ ဒံေပါက္၊ ၾကက္ဆီထမင္း စ သည္ ေကၽြးေမြးဧည့္ခံၿပီးေနာက္ အခ်ိဳ ပြဲ ဝုိင္း သို႔ ထပ္မံႂကြေရာက္ရန္ ဖိတ္ေခၚၿပီး အ ခ်ိဳ ပြဲ မ်ားႏွင့္ ေရခဲ မုန္႔ ေကၽြး သည္ကို ေတြ႕ရဖူးသည္။
ေရခဲမုန္႔အျပင္ေရခဲေရပါ ပါသည့္အလွဴမ်ားလည္းေတြ႕ဖူးသည္။ အီဆိမ့္ေသာ အစာမ်ား တစ္ဝ စားၿပီး ခ်ိန္ တြင္ေရခဲ မုန္႔၊ ေရခဲေရ ေသာက္ျခင္းမွာ အစာအိမ္မွ မီးဖိုႀကီးကို ၿငိမ္းပစ္သည္ႏွင့္ အလားသ႑န္ တူေလသည္။ လူ၏ အ စာ အိမ္ တြင္ ဝမ္းမီးဟုေခၚေသာအစာေခ်သည့္မီးရွိသည္။ပါစကေတေဇာဓာတ္ဟုလည္း ေခၚဆုိႏုိင္ေလသည္။

ထိုဓာတ္အား ေကာင္းမွ ဝမ္းမီးေတာက္မည္။ ဝမ္းမီးေတာက္မွသာ အစာေၾကမည္။အစာေၾကမွသာဝမ္းမွန္မည္။ဝမ္းမွန္မွသာအေၾကာ အခ်ဥ္ မ်ား ေပါ့ပါးၿပီး ေနထုိင္ေကာင္းမည္။ က်န္းမာမည္။

ထုိင္းမိႈင္းျခင္း၊ေနာက္ေၾကာတက္ျခင္း၊ဇက္ထုိးျခင္းတို႔မွာဝမ္းခ်ဳပ္သူမ်ားတြင္ ျဖစ္ေလ့ရွိေသာ
ေရာဂါမ်ား ျဖစ္သည္။အစာေၾကလွ်င္ဝမ္းမွန္လွ်င္ေညာင္းကုိက္၊ဇက္ေၾကာတက္ေဝဒနာမ်ား မျဖစ္ႏုိင္ ပါ။ ထိုကဲ့သို႔ အစာေၾကက်က္ေစရန္ ေတာက္ေနေသာ ဝမ္းမီးကို ေရခဲေရ ေသာက္ခ်လိုက္ေသာ အ ခါ ၿငိမ္း လိုက္ သည္ႏွင့္ သ႑ာန္တူေလသည္။

မီးပံုႀကီးကို ေရႏွင့္ေလာင္းခ်လိုက္ေသာအခါဝုန္းကနဲအခုိးအေငြ႕မ်ားႏွင့္ ျပာ ပူ မ်ား အ ထက္သို႔ ပ်ံ႕လြင့္တက္သြားသည္ကို ျမင္ၾကည့္ႏုိင္ေပသည္။
ထိုအခိုးအေငြ႕မ်ားသည္ အစာအိမ္မွ အထက္သုိ႔တက္လွ်င္လည္ေခ်ာင္း တစ္ေလွ်ာက္ႏွင့္ အာေခါင္၊လွ်ာ၊သြားဖံုး စသည္ တို႔ကို ေရာက္မည္ ျဖစ္သည္။ စာေရးသူ ကုိယ္ တုိင္ ေန ပူျပင္းၿပီး မေနႏုိင္၊ မထုိင္ႏုိင္ျဖစ္ေအာင္ ပူျပင္းသည့္ ကာ လ က ေဆးခန္းမွ အိမ္ျပန္ေရာက္သည္လွ်င္ သမီးမ်ားေသာက္သည့္ ေရခဲေရပုလင္းကို ယူၿပီး ေသာက္ မိသည္။

အ သိ တ ရား ရွိေသာ္လည္း ပူလြန္း၍ မေနႏုိင္။ အလြန္ အ ရသာ ရွိပါသည္။ ပူၿပီး ေမာ ေနသည့္အခ်ိန္ ေရခဲေရ ေအး ေအး ေလး ကို ကိုင္းဖန္ခြက္ႀကီး တစ္ခြက္ အျပည့္ေမာ့ခ်လိုက္ရသည့္ အရသာမွာ ေကာင္းလွသည္။ ထုိကဲ့သို႔ တစ္ပါတ္ခန္႔ ေရခဲေရကို ေသာက္ၿပီးေနာက္ စာေရးသူ ၏ လွ်ာ ေဘးတြင္ အပူဖုတစ္ခု ထြက္ လာသည္။ ထို ႔ေနာက္ အ ဖု ႀကီး လာၿပီး အနာျဖစ္ လာသည္။

စကားေျပာသည့္အခါ သြားႏွင့္ ပြတ္မိၿပီး စကားမေျပာႏုိင္၊ အစားမစားႏုိင္ေအာင္ ျဖစ္ရသည္။ ေရခဲ ေရ ၏ အက်ိဳးပင္ ျဖစ္သည္။ ေရခဲေရသည္ အစာအိမ္မွဝမ္းမီးအားကိုနည္းသြားေစသျဖင့္ အစာမေၾကသမွ်သည္အ စာေဟာင္း အိမ္မွာ သြားစုၿပီး စမ်ဥ္းဟုေခၚေသာဝမ္းအမာအက်စ္ခဲမ်ား ျဖစ္ရသည္။ ဝမ္းကိုခက္ခဲစြာ သြားရသည္။အ ပူႏွင့္ အေအး သည္ ဆန္႔က်င္ဘက္ ဝိေရာဓိျဖစ္သည္။ ရွင္းျပေနစရာ မလိုေအာင္ ထင္ရွားေသာ ဓာတ္သေဘာ ျဖစ္သည္။

အစာ အိမ္ အတြင္းတြင္ အပူဓာတ္ ရွိသည္။ ထို အပူသည္ပင္ သက္ေစာင့္ဓာတ္ ျဖစ္သည္။ အ စာ အိမ္ မွ အပူ သည္ အာခံတြင္းသို႔ တက္သည္။ အာခံတြင္းတြင္ ငံု ထားလွ်င္ ပူေႏြးလာသည္။ ဘုရားရွင္ လက္ထက္ က အ ဇာ တ သတ္ မင္းသား ငယ္စဥ္က လက္မတြင္ ခူနာေပါက္သည္။ အနာ ျပည္ ကိုက္ သက္သာေစရန္ ဖ ခင္ ဗိမၼိ သာရ မင္းႀကီး က အာခံတြင္းတြင္ ငံုထားေပးသည္။ အာေငြ႕ေၾကာင့္ အနာျပည္ ေပါက္သြားသည္ကို သားႏုိးမည္စိုး၍ မ်ဳိ ခ် လိုက္ သည္။

အာခံတြင္း အေငြ႕၏ အစြမ္းကားအနာကိုပင္ျပည္ေပါက္ေစသည္။ဆရာဝန္တို႔သည္လူနာ၏ကိုယ္အပူခ်ိန္ကို ျပ ဒါးတုိင္ ငံုထားခုိင္းၿပီး တစ္မိနစ္ ၾကာေသာအခါ မွတ္သားရသည္။

၉၈.၄ ဒီဂရီဖာရင္ဟိုက္ ဆိုလွ်င္ ပံုမွန္ျဖစ္သည္။ ကိုယ္တြင္း အပူခ်ိန္ တက္လာလွ်င္ အဖ်ားရွိသည္ဟု သတ္မွတ္သည္။ ျပဒါးခ်ိန္ ၁၀၀ ဒီဂရီဖာရင္ဟိုက္မွ ၁၀၃ ဒီဂရီ ဖာရင္ ဟိုက္
အထိ ခံႏုိင္ ရည္ ရွိေသာ္လည္း ထို႔ထက္ အပူႀကီးလွ်င္ သတိလစ္ျခင္း၊ တက္ျခင္း အ ထိ ျဖစ္ႏုိင္ သည္။ ၁၀၇ ဒီ ဂ ရီ ဖာရင္ဟိုက္တြင္ အူေပါက္ၿပီး အသက္ဆံုး႐ႈံးႏုိင္သည္။ ထိုကဲ့ သုိ႔ အပူႀကီးေနသူမ်ားကို ျပင္ပမွ ေရေအးဖတ္ တင္ ျခင္း၊ ေရခဲေရျဖင့္ ေရပတ္တိုက္ျခင္း ျပဳလုပ္၍ ရေသာ္လည္းပါးစပ္ထဲသို႔ေရခဲေရမတုိက္ရေပ။အစာအိမ္ေသြးေၾကာေပါက္ျခင္း ၊ အူေပါက္ျခင္း၊ သတိလစ္ၿပီး တက္ျခင္း၊ ဦးေႏွာက္ေသြးေၾကာ ေပါက္ျခင္းတို႔ ျဖစ္ႏုိင္သည္။

တေလာကအလြန္အပူႀကီး
ခ်ိန္တြင္ မိတ္ေဆြ ဆရာဝန္တစ္ဦးကဘီယာဆုိင္တစ္ဆိုင္သို႔ ေခၚသြားၿပီး ဘီယာတုိက္သည္။အလြန္ပူသည့္အခ်ိန္တြင္
ဘီယာေသာက္ျခင္းသည္ အလြန္ ေကာင္း သည္ ဟု ေျပာသည္။ သဲကႏၲာ ရ တြင္ လမ္း ေပ်ာက္ ေန သူ တစ္ဦး သည္
ဘီယာသံဘူးငယ္ ႏွစ္ဘူးျဖင့္ အသက္ ဆက္ခဲ့ရဖူးသည္ဟု သူစာထဲတြင္ ဖတ္ခဲ့ရဖူးေၾကာင္း ေျပာျပသည္။
ပ ညာ ရွိ သတိျဖစ္ခဲဟု ေျပာရမည္လား၊သတိမမူဂူမျမင္ဟုေျပာရမည္လား။အပူဒဏ္ကာကြယ္ရန္အေၾကာင္းျပ ခ်က္ျဖင့္
ညေနတုိင္း ဘီယာသြား ေသာက္ၾကၿပီး ၃၊ ၄ ရက္အၾကာတြင္ စာ ေရးသူတြင္ လည္ေခ်ာင္းနာၿပီး အသံ ဝင္ သြား သည္။

လည္ေခ်ာင္းနာသည္မွာ အစာပင္ မ်ိဳမခ်ႏုိင္ ျဖစ္သည္။ ေသာက္ခါစရက္က ဆီးရႊင္ခဲ့ေသာ ဘီယာ သည္ေနာက္ပုိင္းရက္
မ်ားတြင္ ဆီးပူဆီးေအာင့္ ျဖစ္လာသည္။ စာေရးသူကို ဘီယာေသာက္ ေခၚခဲ့သူ ဆရာဝန္ သူငယ္ ခ်င္း မွာ ေျခေထာက္
မေထာက္ႏုိင္၊ယခင္ကရွိေသာGout ေရာဂါ ျပန္ထလာၿပီး ေျခမဆစ္ႀကီး ေရာင္လာသျဖင့္၊
ဤကားဘီယာေသာက္ျခင္း၏
အက်ိဳးပင္ ျဖစ္ေတာ့သည္။ ေႏြထေနာင္း၊ ေဆာင္းမန္က်ည္း ဟူေသာ စကားရွိသည္။ ေရွး က ဗ မာႀကီးမ်ားသည္ ေႏြေန
ပူျပင္းခ်ိန္တြင္ ထေနာင္း ပင္ အရိပ္ေကာင္းေကာင္း တြင္ ေရေႏြးၾကမ္း အုိးႏွင့္ အညာထန္းလ်က္ခဲေလး စားၿပီး အပူၿငိမ္း
ခဲ့ၾကသည္။

ေရေႏြးၾကမ္းသည္ အဖန္ရည္ဟု ေခၚၿပီး ဝမ္းထဲကို ေရာက္လွ်င္ အပူကို ၿငိမ္းေစသည္။ ေလ ကိုလည္းေၾက
ေစသည္။ အစာအိမ္ႏွင့္လည္း သင့္သည္ဟု ဆိုသည္။ ေရွး က လူႀကီး မ်ား အ ဆို အ ရ ေႏြရာသီတြင္ ထ ေနာင္းရြက္၊
ထေနာင္းဖူး သုပ္စားလွ်င္ ဝမ္းေလွ်ာ၊ ဝမ္းပ်က္ ကာကြယ္သည္။ အ ပူ ၿငိမ္း သည္။ ေက်ာက္၊ ဝက္ သက္ ေရာဂါမ်ားပင္
ကာကြယ္သည္ဟု ဆိုသည္။ ယခုေခတ္တြင္ ေရေႏြးၾကမ္းဝုိင္း ဓေလ့မ်ားသည္ ေပ်ာက္ကြယ္သေလာက္ ျဖစ္ေနၿပီ။

အလွဴမ်ားတြင္ ေရေႏြးၾကမ္းအုိးႏွင့္ ေရသန္႔ဘူးမ်ားကိုသာ ေနရာတုိင္း ေတြ ႕ေနရေလၿပီ။ လူ၏အသက္သည္ ဝမ္းမီး
ျဖစ္သည္။ ဝမ္းမီး အားမေကာင္းလွ်င္ ေရာဂါအမ်ိဳးမ်ိဳး ရႏုိင္သည္။ အစာ မေၾကေရာ ဂါႏွင့္ ဆီး ခ်ိဳေရာဂါ၊ ကုိယ္ တြင္
အဆီတက္ေသာ ေရာဂါ၊ ေက်ာက္ကပ္ ေရာဂါတို႔သည္ ေရခဲေရ အေသာက္မ်ားသူတို႔တြင္ျဖစ္ေၾကာင္းေတြ႕ရ သည္။
ေရခဲေရကိုေန႔စဥ္ေသာက္သံုးသူမ်ားသည္ခႏၶာကုိယ္တြင္းမွဝမ္းမီးကို ၿငိမ္းေနသူမ်ား ျဖစ္သည္။မီးၿငိမ္းေသာမီး ဖိုျဖင့္
ခ်က္ေသာ အစာသည္ မေၾကက်က္ႏုိင္သည္ကို သတိျပဳမိ ဖို႔ လိုသည္။
လြန္ကဲျခင္းသည္မည္သည့္အခါမွ် မေကာင္း၊
ေနာက္ဆက္တြဲ ဆုိးက်ိဳး ရွိႏုိင္သည္။ေျမေသာက္ေရအုိးတြင္ထည့္ထားေသာေရေအးသည္သာမန္ေရေအးျဖစ္သည္။
လူကို ဒုကၡမေပးႏုိင္။ ထိုေရကိုပင္ အပူထဲမွ ျပန္လာလွ်င္ ခ်က္ျခင္း မေသာက္သင့္။ ေခၽြးသိပ္ၿပီးမွ ေသာက္ရမည္ဟု
ေရွးလူႀကီးမ်ားကဆိုသည္။ေရခဲေသတၱာထဲမွထြက္လာေသာ ပုလင္းမ်ား၊Water Cooler မွက်လာေသာေရတို႔သည္
သဘာဝ လြန္ကဲေသာ ေရပ်က္ ျဖစ္သည္။

ခႏၶာကိုယ္မွ လက္ခံႏုိင္ေသာ အေအးဓာတ္ လြန္ကဲ သျဖင့္ တုန္႔ျပန္ျခင္း၊
လက္မခံဘဲ ကန္ထုတ္ျခင္း၊တြန္းလွန္ျခင္းတို႔ကို ခံရမည္ ျဖစ္သည္။
ေရခဲေရကို အစဥ္သျဖင့္ ေသာက္ေနသူမ်ားကို ေလ့လာၾကည့္ေသာအခါ ေခတၱသာ ေရ ငတ္ ေျပၿပီး ျပန္ ပူ လာျခင္း၊
မၾကာခဏ ေရငတ္ျခင္း၊ အာေခါင္ ေျခာက္ျခင္း၊ အာသီးေရာင္ျခင္း၊ သြား နာ ုခင္း၊ သြား ဖံုးႂကြျခင္း၊ လွ်ာ အ ရ သာ
မေတြ႕ျခင္း၊ လည္ ေခ်ာင္း ပူျခင္း၊ နာျခင္း၊ အစာ ေရ မ်ိဳႁပြန္ ေရာင္ျခင္း၊ အ စာ အိမ္ ေရာင္ျခင္း၊ အ စာ မေ ၾကျခင္း၊
ဖ်ားလွ်င္ အလြယ္တကူ အူေရာင္ျခင္း၊ အသည္းေရာင္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ လိပ္ ေခါင္းေရာ ဂါ ရျခင္း၊တစ္ ကုိယ္ လံုး
ေညာင္းကိုက္ၿပီးေနာက္ ေၾကာတက္ျခင္း၊ ႏံုးေခြျခင္း၊ မ်က္စိ အျမင္မၾကည္လင္ျခင္း၊ ေရခ်ိဳးၿပီးလွ်င္ မ်က္စိမ်ားနီရဲျခင္း၊
ဦးေခါင္းေနာက္ေစ့မွ ေခါင္းကိုက္ျခင္း၊ ဆံပင္ကၽြတ္ျခင္း၊ ဦးေခါင္းပူျခင္း၊ခႏၶာကိုယ္တြင္ယားနာမ်ားထြက္ျခင္း၊အပူဖုမ်ား
ထြက္ျခင္းတို႔ကို မလဲြမေသြ ျဖစ္ႏုိင္ေလသည္။
နိဂံုးအားျဖင့္ အႀကံျပဳလိုသည္မွာ-
၁။ ေျမအုိး၊ သဘာဝေရအုိးမွ ေအးေသာေရကိုသာ ေသာက္ပါ။
၂။ ျဖစ္ႏုိင္လွ်င္ ႀကိဳခ်က္ထားၿပီးေသာ ေရကို အေအးခံၿပီး ေရက်က္ေအး ေသာက္ပါ။
၃။ ေရေႏြးၾကမ္း သို႔မဟုတ္ အဖန္ရည္ကို ထမင္းစားၿပီးတုိင္း ေသာက္ပါ။
၄။ နံနက္အိပ္ယာထ ေရမခ်ိဳးမီ၊ ညအိပ္ယာဝင္ခ်ိန္တို႔တြင္ ေရတစ္ခြက္ ေသာက္ေသာ အက်င့္ကို က်င့္ပါ။
၅။ ေရခဲေရ၊ အလြန္ေအးေအာင္ ျပဳလုပ္ထားေသာ ေရကို ေရွာင္ပါ။
၆။ ထမင္းစားေနစဥ္ႏွင့္ ထမင္းစားၿပီး ေရခဲေရ တစ္ဆက္တည္း ေသာက္လွ်င္ အစာအိမ္ကို ဒုကၡေရာက္ေစပါသည္။
၇။ ေရခဲေရကုိ တစ္စြတ္စြတ္ ေသာက္ျခင္းသည္ အဆိပ္ေသာက္ျခင္းႏွင့္ တူသျဖင့္ ထိုအက်င့္ကို ေဖ်ာက္ပစ္ပါ။
၈။ ေရေၾကာင့္ အသက္ရွည္ေစႏုိင္သည္။ ေရခဲေရေၾကာင့္ အသက္တိုေစႏုိင္သည္ကို အထူးသတိျပဳပါ။


Credit:Myawady News

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက်အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာတစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက်သတိလစ်လဲကျပြီး
ပါးစပ်မှအမြှုပ်များထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။

နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာတစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက်သတိလစ်
လဲကျပြီးပါးစပ်မှအမြှုပ်များထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။
နေပူ ထဲ မှ ပြန် လာပြီး အိမ်ရောက် သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိ များ
နီရဲလာပြီးခေါင်းကိုက်လာသဖြင့် ပြင်ပဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက် ခိုင်း လိုက်ရ သည်ဟု သိရသည်။

ရာ သီ ဥ တု ပူပြင်း သဖြင့် ပြင် ပသို့ လုံးဝ မထွက် ဘဲ အိမ်ထဲ မှာနေရင်း ရေခဲရေကို Water Coole r စက်မှ ယူပြီး တစ်စွက် စွက် နဲ့ သောက်လေ့ရှိသောမိသားစုတစ်စု ရှိသည်။သူတို့တစ်အိမ်လုံးမိတ်အိုင်းခေါ်မိတ်ဖုအပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။၂ နှစ်၃ နှစ်အရွယ်ကလေးများမှာရေခဲရေသောက်ပြီး ခေါင်းတွင် အပူ ဖုကြီးများ ထွက်ပြီး အ ချို့ အ ဖုကြီး များမှာပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။
ရေခဲရေကို လေဖြင့် မှုတ် ပေး နေ သည့် ပန် ကာ တစ်မျိုး Air Cooler ဝယ် ပြီး အ သုံးပြုနေ သူများ မှာ မျက်နှာ များ ရောင်အမ်းခြင်း၊ အရေပြားထူပြီးယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေ မှုတ်ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာထည့်သုံးစွဲနေရကြောင်း သုံးစွဲသူမိတ်ဆွေတစ်ဦးကပြောပြသဖြင့် သိရလေသည်။ ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများ ပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီးရောင်ခြင်းများအပြင် အချို့ မှာ ရေခဲ မ သန့် သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။
လျှာနှင့် အာ ခေါင်များတွင် အနာ ခွက် ချိုင့်ငယ်လေး များ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကိုတွေ့ရဖူးသည်။လျှာဘေးမှာအနာဖုလေးထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ် ပြန့်သွားသော အခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။ စိတ်ပင်ပန်းသူ၊ သော က များ သူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။
တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန် အ နာများ ဖြစ်သည်။ ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွား ဖုံး တို့ တွင် အနာ စက် များ ထွက်လာခြင်း ဖြစ်သည်။ မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊
မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေး မှာ ချ ထား သည်။ ထမင်း စားပြီးလျှင် ရေ ခဲရေနှစ် ခွက်ခန့် အဝသောက်ချသည်။ဤ အကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။

ထမင်းစားပြီး ရေခဲမုန့် စားကြ သူ များကို စား သောက် ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စား သောက် သူ များ ကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချို ပွဲ အဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။ အချို့အလှူများ တွင် လည်း ထမင်း သို့ မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စ သည် ကျွေးမွေးဧည့်ခံပြီးနောက် အချို ပွဲ ဝိုင်း သို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အ ချို ပွဲ များနှင့် ရေခဲ မုန့် ကျွေး သည်ကို တွေ့ရဖူးသည်။
ရေခဲမုန့်အပြင်ရေခဲရေပါ ပါသည့်အလှူများလည်းတွေ့ဖူးသည်။ အီဆိမ့်သော အစာများ တစ်ဝ စားပြီး ချိန် တွင်ရေခဲ မုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။ လူ၏ အ စာ အိမ် တွင် ဝမ်းမီးဟုခေါ်သောအစာချေသည့်မီးရှိသည်။ပါစကတေဇောဓာတ်ဟုလည်း ခေါ်ဆိုနိုင်လေသည်။

ထိုဓာတ်အား ကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။အစာကြေမှသာဝမ်းမှန်မည်။ဝမ်းမှန်မှသာအကြော အချဉ် များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ ကျန်းမာမည်။

ထိုင်းမှိုင်းခြင်း၊နောက်ကြောတက်ခြင်း၊ဇက်ထိုးခြင်းတို့မှာဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော
ရောဂါများ ဖြစ်သည်။အစာကြေလျှင်ဝမ်းမှန်လျှင်ညောင်းကိုက်၊ဇက်ကြောတက်ဝေဒနာများ မဖြစ်နိုင် ပါ။ ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သော အ ခါ ငြိမ်း လိုက် သည်နှင့် သဏ္ဍာန်တူလေသည်။

မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါဝုန်းကနဲအခိုးအငွေ့များနှင့် ပြာ ပူ များ အ ထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။
ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့တက်လျှင်လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊လျှာ၊သွားဖုံး စသည် တို့ကို ရောက်မည် ဖြစ်သည်။ စာရေးသူ ကိုယ် တိုင် နေ ပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာ လ က ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက် မိသည်။

အ သိ တ ရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန် အ ရသာ ရှိပါသည်။ ပူပြီး မော နေသည့်အချိန် ရေခဲရေ အေး အေး လေး ကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချလိုက်ရသည့် အရသာမှာ ကောင်းလှသည်။ ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ ၏ လျှာ ဘေးတွင် အပူဖုတစ်ခု ထွက် လာသည်။ ထို့နောက် အ ဖု ကြီး လာပြီး အနာဖြစ် လာသည်။

စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစားမစားနိုင်အောင် ဖြစ်ရသည်။ ရေခဲ ရေ ၏ အကျိုးပင် ဖြစ်သည်။ ရေခဲရေသည် အစာအိမ်မှဝမ်းမီးအားကိုနည်းသွားစေသဖြင့် အစာမကြေသမျှသည်အ စာဟောင်း အိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သောဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။ ဝမ်းကိုခက်ခဲစွာ သွားရသည်။အ ပူနှင့် အအေး သည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။

အစာ အိမ် အတွင်းတွင် အပူဓာတ် ရှိသည်။ ထို အပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အ စာ အိမ် မှ အပူ သည် အာခံတွင်းသို့ တက်သည်။ အာခံတွင်းတွင် ငုံ ထားလျှင် ပူနွေးလာသည်။ ဘုရားရှင် လက်ထက် က အ ဇာ တ သတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။ အနာ ပြည် ကိုက် သက်သာစေရန် ဖ ခင် ဗိမ္မိ သာရ မင်းကြီး က အာခံတွင်းတွင် ငုံထားပေးသည်။ အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျို ချ လိုက် သည်။

အာခံတွင်း အငွေ့၏ အစွမ်းကားအနာကိုပင်ပြည်ပေါက်စေသည်။ဆရာဝန်တို့သည်လူနာ၏ကိုယ်အပူချိန်ကို ပြ ဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။

၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။ ကိုယ်တွင်း အပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင် ဟိုက်
အထိ ခံနိုင် ရည် ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်း အ ထိ ဖြစ်နိုင် သည်။ ၁၀၇ ဒီ ဂ ရီ ဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့ သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင် ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်းပါးစပ်ထဲသို့ရေခဲရေမတိုက်ရပေ။အစာအိမ်သွေးကြောပေါက်ခြင်း ၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။

တလောကအလွန်အပူကြီး
ချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးကဘီယာဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။အလွန်ပူသည့်အချိန်တွင်
ဘီယာသောက်ခြင်းသည် အလွန် ကောင်း သည် ဟု ပြောသည်။ သဲကန္တာ ရ တွင် လမ်း ပျောက် နေ သူ တစ်ဦး သည်
ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။
ပ ညာ ရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊သတိမမူဂူမမြင်ဟုပြောရမည်လား။အပူဒဏ်ကာကွယ်ရန်အကြောင်းပြ ချက်ဖြင့်
ညနေတိုင်း ဘီယာသွား သောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာ ရေးသူတွင် လည်ချောင်းနာပြီး အသံ ဝင် သွား သည်။

လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာ သည်နောက်ပိုင်းရက်
များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။ စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ် ချင်း မှာ ခြေထောက်
မထောက်နိုင်၊ယခင်ကရှိသောGout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊
ဤကားဘီယာသောက်ခြင်း၏
အကျိုးပင် ဖြစ်တော့သည်။ နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။ ရှေး က ဗ မာကြီးများသည် နွေနေ
ပူပြင်းချိန်တွင် ထနောင်း ပင် အရိပ်ကောင်းကောင်း တွင် ရေနွေးကြမ်း အိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်း
ခဲ့ကြသည်။

ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေ ကိုလည်းကြေ
စေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။ ရှေး က လူကြီး များ အ ဆို အ ရ နွေရာသီတွင် ထ နောင်းရွက်၊
ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အ ပူ ငြိမ်း သည်။ ကျောက်၊ ဝက် သက် ရောဂါများပင်
ကာကွယ်သည်ဟု ဆိုသည်။ ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။

အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။ လူ၏အသက်သည် ဝမ်းမီး
ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာ မကြေရော ဂါနှင့် ဆီး ချိုရောဂါ၊ ကိုယ် တွင်
အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင်ဖြစ်ကြောင်းတွေ့ရ သည်။
ရေခဲရေကိုနေ့စဉ်သောက်သုံးသူများသည်ခန္ဓာကိုယ်တွင်းမှဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။မီးငြိမ်းသောမီး ဖိုဖြင့်
ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိ ဖို့ လိုသည်။
လွန်ကဲခြင်းသည်မည်သည့်အခါမျှ မကောင်း၊
နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။မြေသောက်ရေအိုးတွင်ထည့်ထားသောရေအေးသည်သာမန်ရေအေးဖြစ်သည်။
လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု
ရှေးလူကြီးများကဆိုသည်။ရေခဲသေတ္တာထဲမှထွက်လာသော ပုလင်းများ၊Water Cooler မှကျလာသောရေတို့သည်
သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။

ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲ သဖြင့် တုန့်ပြန်ခြင်း၊
လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။
ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေ ငတ် ပြေပြီး ပြန် ပူ လာခြင်း၊
မကြာခဏ ရေငတ်ခြင်း၊ အာခေါင် ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွား နာ ုခင်း၊ သွား ဖုံးကြွခြင်း၊ လျှာ အ ရ သာ
မတွေ့ခြင်း၊ လည် ချောင်း ပူခြင်း၊ နာခြင်း၊ အစာ ရေ မျိုပြွန် ရောင်ခြင်း၊ အ စာ အိမ် ရောင်ခြင်း၊ အ စာ မေ ကြခြင်း၊
ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ် ခေါင်းရော ဂါ ရခြင်း၊တစ် ကိုယ် လုံး
ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊
ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ခန္ဓာကိုယ်တွင်ယားနာများထွက်ခြင်း၊အပူဖုများ
ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။
နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ-
၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။
၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။
၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။
၄။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။
၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။
၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။
၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။
၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တိုစေနိုင်သည်ကို အထူးသတိပြုပါ။


Credit:Myawady News



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top