iMyanmarHouse.com - Best Property Website for Myanmar
×
အာလူး
ပြုလုပ်နည်း
မှတ်ချက်
Credit: My Food Myanmar
#Unicode Version
ချွေးအလွန်အကျွံထွက်တာ တကယ်ကို စိတ်အနှောင့်ယှက်ဖြစ်စရာပါ။နေပူထဲခဏထွက်လိုက်တာနဲ့ တကိုယ်လုံးရွဲနေအောင် ချွေးထွက်တတ်တာက ကတိကအောက်ဖြစ်စရာလည်းကောင်းသလို အားအင်လည်းကုန်ခမ်းစေပါတယ်။ ဒါဟာ အရမ်းကြီးကျယ်တဲ့ ပြဿနာရပ်တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ချွေးထွက်တာကနေ ဖြစ်ပေါ်လာတဲ့ အနံံ့ဆိုးတွေကြောင့် တပါးသူအနှောင့်အယှက်မဖြစ်ဖို့ ဒီနည်းလမ်းလေးကိုမျှဝေလိုက်ပါတယ်။
ခရမ်းချည်သီးဖျော်ရည်
ခရမ်းချည်သီးဖျော်ရည်ဟာ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ချွေးပေါက်တွေကိုလည်း ကျည်းစေပါတယ်။ ခရမ်းချည်သီးဖျော်ရည်ကို ချွေးအလွန်အကျွံထွက်တာကို ပျောက်ကင်းစေဖို့ အသုံးပြုနိုင်ပါတယ်။
နေ့တိုင်း လတ်ဆတ်တဲ့ ခရမ်းချည်သီးဖျော်ရည်ကို သောက်ပေးရမှာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ ခရမ်းချည်သီးအရည်ကိ ခန္တာကိုယ်အနံ့မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် ရေချိုးပေးရမှာပါ။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုသီး
သံပုယိုသီးကို မုန့်ဖုတ်ဆိုဒါနဲ့ ရောပြီး အရေပြားကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ချွေးအလွန်အကျွံထွက်တာကိုလည်း ကာကွယ်ပေးမှာပါ။
မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုသီးအရည်ကို အချိုးကျ ရောစပ်ပါ။ ပြီးရင် ဝါဂွမ်းစကိုနစ်ပြီး ချွေးထွက်တဲ့နေရာတစ်ဝိုက်ကို လိမ်းပေးတာပါ။ ဒီနည်းလမ်းကို တစ်ရက်ခြားပြုလုပ်ပေးနိုင်ပါတယ်။
အာလူး
ဒီနည်းလမ်းလေးကတော့ တကယ်ကိုလွယ်ကူပါတယ်။ အထူးသဖြင့်တော့ ချိုင်းချွေးအလွန်အကျွံထွက်တာတွေအတွက် အသုံးပြုနိုင်ပါတယ်။
ပြုလုပ်နည်း
အာလူးကို ပါးပါးလှီးပြီး ချိုင်းသားကို ပွတ်လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကို တစ်ရက်ခြား လုပ်ပေးရမှာပါ။ ချွေးနံ့လည်းပျောက်ကင်းစေသလို ချိုင်းကြားအသားအရေကိုလည်း ဖြူဖွေးစေမှာပါ။
မှတ်ချက်
အချုပ်အားဖြင့်ပြောရရင်တော့ ချွေးအလွန်အကျွံထွက်တတ်သူဟာ ပုံမှန်ရေချိုးပေးရပါမယ်။ တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်ထိ သောက်သုံးပေးသင့်ပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်နီ တို့လို အနံ့ပြင်းတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ ရေနွေးပူပူကို သောက်ပေးမဲ့အစား တခြား အသီးဖျော်ရည်တွေကို သောက်ပေးသင့်ပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: My Food Myanmar
Link: http://myfoodmyanmar.com/how-to-get-rid-of-excessive-sweating/
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top