iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္စိေအးေစဖို႔နဲ႔ မ်က္လံုးထဲက အပူေတြထြက္ေအာင္ဆုိၿပီး ရွားေစာင္းလက္ပတ္နဲ႔ ကြမ္းရြက္ေတြ ကပ္တဲ့ အခါမွာ ေသခ်ာမေဆးေၾကာပဲ ကပ္မိရင္ မ်က္လံုးထဲ ပိုးဝင္ၿပီး ထိခိုက္ႏိုင္တယ္လို႔ မ်က္စိအထူးကု ဆရာဝန္ႀကီး ေဒါက္တာ ဦးတင္ဝင္းထံက သိရပါတယ္ ။

မ်က္လံုးကို ထိေတြ႕တဲ့ အရာဝတၳဳမွန္သမွ်က သန္႔ရွင္းဖုိ႔ လုိပါတယ္။ မ်က္စိဆိုတာက အထိခိုက္မခံ တဲ့ ေနရာ ျဖစ္တဲ့ အတြက္ လက္လြတ္စပယ္ မလုပ္သင့္ဘူးလို႔ ဆိုပါတယ္။ နယ္ၿမိဳ႕တစ္ခုမွာ ရွားေစာင္းလက္ပတ္ ေန႔တုိင္းကပ္ရာက မ်က္စိကြယ္ သြားတယ္ဆိုတဲ့ ျဖစ္ရပ္လည္း ရွိေၾကာင္း သိရတယ္။

ေဒါက္တာဦးတင္ဝင္းက ‘ရွားေစာင္းလက္ပတ္ေတြ၊ ကြမ္းရြက္ေတြ ကပ္တာမ်ားလို႔ အခုိးပြင့္တာ မ်ားၿပီး မ်က္စိကြယ္တာ မျဖစ္ႏိုင္ပါဘူး၊ မ်က္စိနဲ႔ပတ္သက္ၿပီး ျပႆနာ တစ္ခုခု ျဖစ္လို႔ တုိက္ဆုိင္ၿပီး မ်က္လံုး ကြယ္တာပဲ ျဖစ္ႏိုင္တယ္ ၊ ေနာက္တစ္မ်ဳိး ျဖစ္ႏိုင္တာက ကပ္တဲ့ ရွားေစာင္းလက္ပတ္ကို ေသခ်ာစင္ေအာင္ မေဆးလို႔ မ်က္လံုးထဲ ပိုးဝင္ၿပီး ထိခိုက္သြားတာလဲ ျဖစ္ႏိုင္တယ္ ။

ဒီရွားေစာင္းလက္ပတ္ေတြ၊ ကြမ္းရြက္ေတြက ေရနဲ႔စင္ေအာင္ ေသခ်ာေဆးေပမယ့္လဲ ေရာဂါကင္းမယ္လို႔ မေျပာႏိုင္ဘူး။ ကပ္ထားလုိ႔ ရွိရင္ မ်က္လံုးကို မွိတ္ထားသင့္တယ္’ လို႔ ရွင္းျပပါတယ္ ။

မ်က္လံုးက တစ္ခုခုထိခိုက္မိရင္ နီလာၿပီး နီ၊ ကိုက္၊ မႈန္ဆိုတဲ့လကၡဏာေတြ ျဖစ္တာ မ်ားတယ္လို႔ သိရတယ္ ။ အဲသည္လိုေတြ ျဖစ္လာရင္ ခ်က္ခ်င္းလုပ္လက္စ အလုပ္ေတြကို ခဏနားၿပီး အမႈိက္ဝင္ေနရင္လည္း အမႈိက္ထြက္သြားေအာင္ မ်က္လံုးကိုေရနဲ႔ ေသခ်ာ ေဆးဖို႔လိုပါတယ္။ ပဋိဇီဝ မ်က္စဥ္းေဆးေတြ ထည့္တာလည္း ဂ႐ုတစုိက္ လုပ္သင့္တယ္လို႔ ဆရာဦးတင္ဝင္းက အႀကံျပဳပါတယ္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Mg Mandalay

#Unicode Version
မျက်စိအေးစေဖို့နဲ့ မျက်လုံးထဲက အပူတွေထွက်အောင်ဆိုပြီး ရှားစောင်းလက်ပတ်နဲ့ ကွမ်းရွက်တွေ ကပ်တဲ့ အခါမှာ သေချာမဆေးကြောပဲ ကပ်မိရင် မျက်လုံးထဲ ပိုးဝင်ပြီး ထိခိုက်နိုင်တယ်လို့ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးတင်ဝင်းထံက သိရပါတယ် ။

မျက်လုံးကို ထိတွေ့တဲ့ အရာဝတ္ထုမှန်သမျှက သန့်ရှင်းဖို့ လိုပါတယ်။ မျက်စိဆိုတာက အထိခိုက်မခံ တဲ့ နေရာ ဖြစ်တဲ့ အတွက် လက်လွတ်စပယ် မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ နယ်မြို့တစ်ခုမှာ ရှားစောင်းလက်ပတ် နေ့တိုင်းကပ်ရာက မျက်စိကွယ် သွားတယ်ဆိုတဲ့ ဖြစ်ရပ်လည်း ရှိကြောင်း သိရတယ်။

ဒေါက်တာဦးတင်ဝင်းက ‘ရှားစောင်းလက်ပတ်တွေ၊ ကွမ်းရွက်တွေ ကပ်တာများလို့ အခိုးပွင့်တာ များပြီး မျက်စိကွယ်တာ မဖြစ်နိုင်ပါဘူး၊ မျက်စိနဲ့ပတ်သက်ပြီး ပြဿနာ တစ်ခုခု ဖြစ်လို့ တိုက်ဆိုင်ပြီး မျက်လုံး ကွယ်တာပဲ ဖြစ်နိုင်တယ် ၊ နောက်တစ်မျိုး ဖြစ်နိုင်တာက ကပ်တဲ့ ရှားစောင်းလက်ပတ်ကို သေချာစင်အောင် မဆေးလို့ မျက်လုံးထဲ ပိုးဝင်ပြီး ထိခိုက်သွားတာလဲ ဖြစ်နိုင်တယ် ။

ဒီရှားစောင်းလက်ပတ်တွေ၊ ကွမ်းရွက်တွေက ရေနဲ့စင်အောင် သေချာဆေးပေမယ့်လဲ ရောဂါကင်းမယ်လို့ မပြောနိုင်ဘူး။ ကပ်ထားလို့ ရှိရင် မျက်လုံးကို မှိတ်ထားသင့်တယ်’ လို့ ရှင်းပြပါတယ် ။

မျက်လုံးက တစ်ခုခုထိခိုက်မိရင် နီလာပြီး နီ၊ ကိုက်၊ မှုန်ဆိုတဲ့လက္ခဏာတွေ ဖြစ်တာ များတယ်လို့ သိရတယ် ။ အဲသည်လိုတွေ ဖြစ်လာရင် ချက်ချင်းလုပ်လက်စ အလုပ်တွေကို ခဏနားပြီး အမှိုက်ဝင်နေရင်လည်း အမှိုက်ထွက်သွားအောင် မျက်လုံးကိုရေနဲ့ သေချာ ဆေးဖို့လိုပါတယ်။ ပဋိဇီဝ မျက်စဉ်းဆေးတွေ ထည့်တာလည်း ဂရုတစိုက် လုပ်သင့်တယ်လို့ ဆရာဦးတင်ဝင်းက အကြံပြုပါတယ် ။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Mg Mandalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top