iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
ညအိပ်ရာမဝင်ခင် ကော်ဖီခွက်ကြီးကြီး တစ်ခွက်မသောက်သင့်ဘူးဆိုတာတော့ ရှင်းပါတယ်။ ဒါပေမယ့် တချို့စားနေကျညစာတွေမှာ အိပ်စက်မှုအချိန်စက်ဝန်းကို ပြောင်းပြန်အကျိုးသက်ရောက်မှုရှိတာရော သိပြီးပြီလား။
တစ်ညလုံး အိပ်ရာပေါ် လူးလှိမ့်မနေချင်ပါဘူးဆိုရင် ညမအိပ်ခင် ကြက်သားမစားဖို့ တတ်သိကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားပါတယ်။ ဘာကြောင့်လဲ။ ကြက်သား သို့မဟုတ် ဘယ်ပရိုတိန်းဓာတ်မျိုးမဆို အိပ်ရာမဝင်ခင် သုံးဆောင်ဖို့ အားမပေးပါဘူး။ အကြောင်းက အိပ်စက်ဖို့ အဓိက အာရုံစိုက်နေသင့်တဲ့အချိန်မှာ ခန္ဓာကိုယ်ကို အစာခြေဖျက်မှု အတင်းဆောင်ရွက်စေလု့ိပဲ ဖြစ်ပါတယ်။
အိပ်နေစဉ်မှာ အစာခြေဖျက်မှု ၅၀% ခန့် နှေးကွေးတယ်လို့ ဆိုပါတယ်။ ပရိုတိန်းမြောက်များစွာ စားပါက အစာခြေဖျက်မှု ပိုလို့တောင် နှေးကွေးမယ်လို့ ဒေါက်တာ Rosenberg က ရှင်းပြထားပါတယ်။
ဒါပေမယ့် ကြက်သားကို ကစီဓာတ်များတဲ့ အစားအစာတွေကို တွဲဖက်ပေးပါက ခန္ဓာကိုယ်ကို အိပ်စက်အနားယူမှုရအောင် ဟန်ချက်ပြန်ထိန်းပေးတယ်ဆိုတာကတော့ သိထားသင့်တဲ့ အချက်ပါပဲ။ ညမအိပ်ခင် စားဖို့ အသင့်တော်ဆုံးက ချယ်ရီသုံးဖြစ်ပြီး အဆိုးဆုံးကတော့ စပျစ်ဝိုင် ဖြစ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top