iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ အဆုိေတာ္ ခ်စ္သုေဝ(Chit Thu Wai)ကေတာ့ အျမႊာရင္ေသြးေလးႏွစ္ေယာကို ေအာင္ျမင္စြာ  ေမြးဖြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။အျမႊာသမီးေလးႏွစ္ေယာက္ကို ဒီေန႕နံနက္(ဇန္နဝါရီ၁၉)ရက္ေန႕ နံနက္(၇)နာရီ (၄၄)မိနစ္အခ်ိန္မွာ ေမြးခဲ့တာပါ။ အျမႊာသမီးေလးႏွစ္ေယာက္ကေတာ့ ၆ေပါင္နဲ႕ ၁၀ေအာင္စ၊ ၄ေပါင္နဲ႕ ၇ေအာင္စတို႕ရွိၾကပါတယ္။


အျမႊာသမီးေလး ႏွစ္ေယာက္ရဲ႕ နာမည္ကလည္း ေမျမန္မာသစ္နဲ႕ ေမျမန္မာေခတ္ဆိုၿပီး ေပးထားတယ္လို႕ သိရပါတယ္။ ေမျမန္မာသစ္နဲ႕ ေမျမန္မာေခတ္ အျမႊာႏွစ္ေယာက္ထဲမွာ အႀကီးမေလးက အေမခ်စ္သုေဝနဲ႕တူၿပီး အငယ္မေလးကေတာ့ ဖခင္လင္းလင္းနဲ႕တူတယ္လို႕ သိရပါတယ္။ လင္းလင္းနဲ႕ ခ်စ္သုေဝတို႕မိသားစုေလးကေတာ့ ခ်စ္စရာေကာင္းတဲ့ ရင္ေသြးေလးေတြေရာက္ရွိလာတဲ့ အတြက္ ေပ်ာ္ရႊင္ေနၾကပါတယ္။


ခ်စ္သုေဝဟာ တရိႈက္မတ္မတ္၊ တိမ္ေတြေနတဲ့အရပ္၊ မီးအိမ္ကဗ်ာစတဲ့ ေတးစီးရီးေခြမ်ားနဲ႕ ေအာင္ျမင္ခဲ့သူ တစ္ဦးျဖစ္ၿပီး ဂီတေလာကမွာ ပရိသတ္အခိုင္အမာရရွိထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။ ခ်စ္သူေဝဟာ ၂၀၁၄ခုႏွစ္မွာ ဂီတေလာကထဲမွာ ေအာင္ျမင္သူ တစ္ဦးျဖစ္တဲ့ လင္းလင္းနဲ႕ လက္ထပ္ခဲ့တာလည္း ျဖစ္ၿပီး " ငယ္သူမို႕မသိပါ" ရုပ္ရွင္ဇာတ္ကားကို  ၂၀၀၉ ခုႏွစ္က ရိုက္ကူးခဲ့ၿပီး သရုပ္ေဆာင္ပိုင္းမွာ ပရိသတ္အားေပးမႈ ရရွိခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။


Credit : duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သရုပ်ဆောင် အဆိုတော် ချစ်သုဝေ(Chit Thu Wai)ကတော့ အမြွှာရင်သွေးလေးနှစ်ယောကို အောင်မြင်စွာ  မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။အမြွှာသမီးလေးနှစ်ယောက်ကို ဒီနေ့နံနက်(ဇန်နဝါရီ၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ။ အမြွှာသမီးလေးနှစ်ယောက်ကတော့ ၆ပေါင်နဲ့ ၁၀အောင်စ၊ ၄ပေါင်နဲ့ ၇အောင်စတို့ရှိကြပါတယ်။

အမြွှာသမီးလေး နှစ်ယောက်ရဲ့ နာမည်ကလည်း မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။ မေမြန်မာသစ်နဲ့ မေမြန်မာခေတ် အမြွှာနှစ်ယောက်ထဲမှာ အကြီးမလေးက အမေချစ်သုဝေနဲ့တူပြီး အငယ်မလေးကတော့ ဖခင်လင်းလင်းနဲ့တူတယ်လို့ သိရပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးကတော့ ချစ်စရာကောင်းတဲ့ ရင်သွေးလေးတွေရောက်ရှိလာတဲ့ အတွက် ပျော်ရွှင်နေကြပါတယ်။

ချစ်သုဝေဟာ တရှိုက်မတ်မတ်၊ တိမ်တွေနေတဲ့အရပ်၊ မီးအိမ်ကဗျာစတဲ့ တေးစီးရီးခွေများနဲ့ အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဂီတလောကမှာ ပရိသတ်အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ချစ်သူဝေဟာ ၂၀၁၄ခုနှစ်မှာ ဂီတလောကထဲမှာ အောင်မြင်သူ တစ်ဦးဖြစ်တဲ့ လင်းလင်းနဲ့ လက်ထပ်ခဲ့တာလည်း ဖြစ်ပြီး " ငယ်သူမို့မသိပါ" ရုပ်ရှင်ဇာတ်ကားကို  ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။


Credit : duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top