iMyanmarHouse.com - Best Property Website for Myanmar
×
Unicode Version
ခြင်အကိုက်ခံရ၍ ယားယံနေလျှင် ကုတ်ခြစ်စရာမလိုပဲ ယားယံခြင်းကို ချက်ချင်း သက်သာပျောက်ကင်းစေမည့် သဘာဝနည်းလမ်းများကို မျှဝေပေးလိုက် ပါသည်။
(၁) အိမ်မှာ အလွယ်တကူ ရှိနေတဲ့ သွားတိုက်ဆေးကို အနည်းငယ် ညှစ်ယူ၍ ခြင်ကိုက်သည့် aနရာကို ပွတ်လိမ်းပေးပါက ယားယံခြင်းနှင့် ယောင်ယမ်းခြင်းတို့ကိုချက်ချင်း ပျောက်စေမည်။
(၂) ငှက်ပျောခွံဖြင့် ပွတ်တိုက်ပေးပါ။ ငှက်ပျောခွံမှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ ခြင်အဆိပ်ကို ချက်ချင်း သက်သာ ပျောက်ကင်းစေပါတယ်။
(၃) ပင်စိမ်းရွက်ကို ခြင်အကိုက်ခံရသည့် နေရာပေါ်သို့ အနည်းငယ် ပွတ်သပ်ပေး၍ အုပ်ထားပေးပါ။ ပင်စိမ်းရွက်မှာ ပါဝင်တဲ့ Thymol နဲ့ camphor ဓါတ်များက ခြင်ကိုက်ဖုများကို သက်သာ ပျောက်ကင်းစေပါတယ်။
(၄) ပျားရည် လိမ်းပေးပါ။ ပျားရည်မှာ ယားယံခြင်းနှင့် ယောင်ယမ်းခြင်းတို့ကို သက်သာ ပျောက်ကင်းစေပါတယ်။
(၅) ခြင်ကိုက်သည့် နေရာပေါ်ကို ရေခဲတုံးလေး တင်ထားပေးပါ။ ရေခဲဟာ ယားယံခြင်းနှင့် နာကျင်ခြင်းကို ချက်ချင်း သက်သာစေပါတယ်။
Credit: စောနွဲ့နေဆိုင် (ပူတာအို)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top