iMyanmarHouse.com - Best Property Website for Myanmar
×

ကြန္ဒံုးမ်ားသည္ သေႏၶတားဆီးရန္နွင့္ လိင္ဆက္ဆံျခင္းမွ တစ္ဆင့္ ကူးစက္ေသာ ေရာဂါမ်ားကို ကာကြယ္ တားဆီးရာ၌ ၉၈ ရာခိုင္နႈန္း ထိေရာက္မႈ ရိွေသာ္လည္း ယင္းကို စနစ္တက် မွန္ကန္စြာ အသံုးျပဳတတ္ရန္ လိုအပ္ေၾကာင္း ပညာရွင္မ်ားက သတိေပး လိုက္သည္။ ကင္းေဆးတကၠသိုလ္ ကြန္ဒံုး အသံုးျပဳမႈ သုေတသန အဖဲြ႕က ၁၉၉၅ ခုနွစ္မွ ၂၀၁၁ ခုႏွစ္အတြင္း ထုတ္ေ၀ခဲ့သည့္ ေဆာင္းပါး ၅၀ ေက်ာ္အျပင္ ျဗိတိန္၊ အေမရိကန္ႏွင့္ ကေနဒါတို႔ အပါအ၀င္ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံမွ ေလ့လာခ်က္မ်ားကို ေလ့လာ ခဲ့ၾကသည္။

သူတို့သည္ ကြန္ဒံုး အထုပ္ကို ေဖာက္ရာတြင္ ခြ်န္ထက္ေသာ ပစၥည္းမ်ားကို အသံုးျပဳျခင္း၊ ကြန္ဒံုးကို အလြန္ ေနာက္က်မွ ခြ်တ္ျခင္း၊ ကြန္ဒံုးကို အလြန္ေစာစြာ ခြ်တ္ျခင္းႏွင့္ ေရကို အေျခခံေသာ ေခ်ာဆီမ်ား အသံုးျပဳရန္ ပ်က္ကြက္ျခင္းတို႔ အပါအ၀င္ မွားေလ့ မွားထရိွသည့္ အမွားမ်ားစြာကို ေတြ႕ရိွ ခဲ့ၾကသည္။ ယခု ေလ့လာခ်က္မ်ားတြင္ တစ္လင္ တစ္မယား စနစ္ က်င့္သံုးသည့္ လက္ထပ္ ထားသည့္ စံုတဲြ မ်ားမွသည္ ျပည့္တန္ဆာမ်ား အထိ ပါ၀င္ေၾကာင္း သိရသည္။

ယင္းသို႔ ေလ့လာခ်က္အရ ကြန္ဒံုးမ်ားကို လိင္ဆက္ဆံ ေနစဥ္ တစ္ေလွ်ာက္လံုး အသံုးျပဳေလ့ မရိွေၾကာင္း၊ ၁၇ မွ ၅၁ ဒသမ ၁ ရာခိုင္ႏႈန္းသည္ လိင္ဆက္ ဆံမႈစတင္ျပီး ေနာက္မွသာ ကြန္ဒံုး စြပ္ေလ့ ရိွျပီး ၁၃ ဒသမ ၆ မွ ၄၄ ဒသမ ၇ ရာခိုင္ ႏႈန္းသည္ လိင္ဆက္ဆံျခင္း ျပီးေျမာက္မႈ မရိွမီ ကြန္ဒံုးကို ေစာေစာစီးစီး ခြ်တ္ပစ္ေလ့ရိွေၾကာင္း ေတြ႕ရိွရသည္။ အမို်းသားမ်ား အေနျဖင့္ ကြန္ဒံုးကို အသံုးျပဳရာ၌ ကြန္ဒံုးအတြင္း၌ သုက္ရည္အတြက္ ေနရာလပ္ခ်န္ ေပးမထားေၾကာင္း၊ ကြန္ဒံုးကို တပ္ဆင္ျခင္းမရိွမီ မမွန္မကန္ အလိပ္ေျဖေလ့ ရိွေၾကာင္း၊ ကြန္ဒံုး တစ္ခုလံုး၌ မည္သည့္ ျပႆနာ ရိွေၾကာင္း စစ္ေဆးျခင္းမရိွဘဲ ကြန္ဒံုးကို ေကာက္စြပ္ လိုက္ေၾကာင္း ေတြ႕ရိွ ရသည္ဟု ဆိုသည္။

၅၀ ရာခိုင္ႏႈန္းေသာ အမ်ဳိးသားႏွင့္ အမ်ိဳးသမီးတို႔သည္ ကြန္ဒံုးကို စြပ္ျပီးေနာက္ ေလထုတ္ ပစ္ေလ့ မရိွေၾကာင္း ေတြ႕ရိွရသည္။ လိင္ဆက္ဆံစဥ္ ကြန္ဒံုး ေပါက္ျပဲျခင္းႏွင့္ ယိုစိမ့္မႈ ျဖစ္ပြားျခင္းတို႔မွာလည္း ျဖစ္ေလ့ျဖစ္ထ ရိွေၾကာင္း ေတြ႕ရသည္။ ပညာရွင္တို႔က ကြန္ဒံုးကို စနစ္တက် ထိေရာက္စြာ အသံုးျပဳႏိုင္မႈ တိုးတက္လာျခင္းအားျဖင့္ ေရာဂါ ကူးစက္မႈေပါင္း သန္းႏွင့္ခီ်လ်က္ကို ေရွာင္ရွား ႏိုင္လိမ့္မည္ ျဖစ္ေၾကာင္း သတိ ေပးခဲ့သည္။
Credit: ျမဝတီ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ကွန်ဒုံးများသည် သန္ဓေတားဆီးရန်နှင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ် တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှု ရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ အသုံးပြုတတ်ရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေး လိုက်သည်။ ကင်းဆေးတက္ကသိုလ် ကွန်ဒုံး အသုံးပြုမှု သုတေသန အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဆောင်းပါး ၅၀ ကျော်အပြင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လေ့လာချက်များကို လေ့လာ ခဲ့ကြသည်။

သူတို့သည် ကွန်ဒုံး အထုပ်ကို ဖောက်ရာတွင် ချွန်ထက်သော ပစ္စည်းများကို အသုံးပြုခြင်း၊ ကွန်ဒုံးကို အလွန် နောက်ကျမှ ချွတ်ခြင်း၊ ကွန်ဒုံးကို အလွန်စောစွာ ချွတ်ခြင်းနှင့် ရေကို အခြေခံသော ချောဆီများ အသုံးပြုရန် ပျက်ကွက်ခြင်းတို့ အပါအဝင် မှားလေ့ မှားထရှိသည့် အမှားများစွာကို တွေ့ရှိ ခဲ့ကြသည်။ ယခု လေ့လာချက်များတွင် တစ်လင် တစ်မယား စနစ် ကျင့်သုံးသည့် လက်ထပ် ထားသည့် စုံတွဲ များမှသည် ပြည့်တန်ဆာများ အထိ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ လေ့လာချက်အရ ကွန်ဒုံးများကို လိင်ဆက်ဆံ နေစဉ် တစ်လျှောက်လုံး အသုံးပြုလေ့ မရှိကြောင်း၊ ၁၇ မှ ၅၁ ဒသမ ၁ ရာခိုင်နှုန်းသည် လိင်ဆက် ဆံမှုစတင်ပြီး နောက်မှသာ ကွန်ဒုံး စွပ်လေ့ ရှိပြီး ၁၃ ဒသမ ၆ မှ ၄၄ ဒသမ ၇ ရာခိုင် နှုန်းသည် လိင်ဆက်ဆံခြင်း ပြီးမြောက်မှု မရှိမီ ကွန်ဒုံးကို စောစောစီးစီး ချွတ်ပစ်လေ့ရှိကြောင်း တွေ့ရှိရသည်။ အမိုျးသားများ အနေဖြင့် ကွန်ဒုံးကို အသုံးပြုရာ၌ ကွန်ဒုံးအတွင်း၌ သုက်ရည်အတွက် နေရာလပ်ချန် ပေးမထားကြောင်း၊ ကွန်ဒုံးကို တပ်ဆင်ခြင်းမရှိမီ မမှန်မကန် အလိပ်ဖြေလေ့ ရှိကြောင်း၊ ကွန်ဒုံး တစ်ခုလုံး၌ မည်သည့် ပြဿနာ ရှိကြောင်း စစ်ဆေးခြင်းမရှိဘဲ ကွန်ဒုံးကို ကောက်စွပ် လိုက်ကြောင်း တွေ့ရှိ ရသည်ဟု ဆိုသည်။

၅၀ ရာခိုင်နှုန်းသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကွန်ဒုံးကို စွပ်ပြီးနောက် လေထုတ် ပစ်လေ့ မရှိကြောင်း တွေ့ရှိရသည်။ လိင်ဆက်ဆံစဉ် ကွန်ဒုံး ပေါက်ပြဲခြင်းနှင့် ယိုစိမ့်မှု ဖြစ်ပွားခြင်းတို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိကြောင်း တွေ့ရသည်။ ပညာရှင်တို့က ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်မှု တိုးတက်လာခြင်းအားဖြင့် ရောဂါ ကူးစက်မှုပေါင်း သန်းနှင့်ချီလျက်ကို ရှောင်ရှား နိုင်လိမ့်မည် ဖြစ်ကြောင်း သတိ ပေးခဲ့သည်။


Credit: မြဝတီ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top