iMyanmarHouse.com - Best Property Website for Myanmar
×

ပလတ္စတစ္ အသံုးေဆာင္မ်ားသည္ လြယ္လင့္တကူ အသံုးျပဳႏိုင္ျခင္း၊ စြန္႔ပစ္ ႏိုင္ျခင္းေၾကာင့္ ယေန႕ေခတ္ ကာလတြင္ တြင္က်ယ္ လာေသာ ပစၥည္းမ်ား ျဖစ္သည္။

ပလတ္စတစ္ ပန္းကန္ မ်ားသည္ ေပ်ာ္ပြဲစား ထြက္ရာတြင္ လည္းေကာင္း၊ အလြယ္စာ မ်ားကို ထုတ္ပိုးရာတြင္လည္း ေကာင္းလြယ္ လင့္တကူ အသံုးျပဳ လာၾကသည္။

သုေတသန တစ္ရပ္တြင္ ေဖာ္ျပထားမႈအရ မယ္လမင္း ပစၥည္းမ်ား၊ ပလတ္စတစ္ အသံုး အေဆာင္မ်ားတြင္ အစားအစာပူပူကို ထည့္သြင္း အသံုးျပဳျခင္းသည္ ေက်ာက္ကပ္ က်န္းမာေရးကို ထိခိုက္ ေစေၾကာင္း သိရွိရသည္။ ထိုင္၀မ္ သုေတသီမ်ားက ပလတ္ စတစ္ ပန္းကန္မ်ားတြင္ အပူခ်ိန္ျမင့္ေသာ အစားအစာကို ထည့္သြင္း စားသံုး ျခင္းသည္ ေက်ာက္ကပ္ ေက်ာက္တည္ ေစႏိုင္ေၾကာင္းကို ေလ့လာႏိုင္ ခဲ့သည္။ ေလ့လာမႈတြင္ ေခါက္ဆြဲ ပူပူ စားသံုးသူမ်ားကို ေလ့လာ ခဲ့ျခင္း ျဖစ္သည္။ အုပ္စု ႏွစ္စုခြဲ၍ ေလ့လာ ခဲ့ျခင္း ျဖစ္ၿပီး ပထမအုပ္စုကို ပလတ္စတစ္ ပန္းကန္ထဲတြင္ စားသံုးေစခဲ့ၿပီး ဒုတိယ အုပ္စုတြင္ ေႂကြပန္းကန္ မ်ားကို အသံုးျပဳ ေစခဲ့သည္။ စားသံုး ၿပီးခ်ိန္ႏွစ္နာရီ တိုင္းတြင္ ဆီးနမူနာ မ်ားကို ရယူခဲ့ၿပီး၁၂ နာရီၾကာသည္ အထိ ေျခာက္ႀကိမ္တိုင္ ရယူခဲ့သည္။

သံုးပတ္ၾကာသည့္ အခါအုပ္စု ႏွစ္စု အသံုးျပဳသည့္ ပန္းကန္ အမ်ိဳး အစားကို ေျပာင္းလဲၿပီး ျပန္လည္၍ ဆီးနမူနာ ရယူခဲ့သည္။ ထို႕ေနာက္ရလဒ္ မ်ားကို ထုတ္ျပန္ခဲ့ရာ ပလတ္စတစ္ ပန္းကန္ မ်ားကို အသံုးျပဳၿပီး ေခါက္ဆြဲပူပူ မ်ားကို စားသံုးသူမ်ားတြင္ ဆီးနမူနာ၌ ပလတ္ စတစ္ ကြန္ေပါင္း 8.5 microgram ပမာဏကို ေတြ႕ရွိခဲ့ၿပီး ေႂကြပန္းကန္ အသံုးျပဳ စားသံုးသူ မ်ား၏ ဆီးနမူနာတြင္မူ အႏၱရာယ္ရွိေသာ အဆိုပါ ကြန္ေပါင္းမ်ားကို မေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ ထားသည္။ ထိုင္၀မ္၊ Kaohsiung Medical University မွသုေတသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ္စတစ္ ပန္းကန္ ခြက္ေယာက္ မ်ားတြင္ ထည့္သြင္း စားသံုးျခင္းသည္ ေက်ာက္ကပ္တြင္ ပလတ္စတစ္ ကြန္ေပါင္းမ်ားကို အနည္ထိုင္ ေစေၾကာင္း၊ ပလတ္စတစ္ခြက္ႏွင့္ အပူခ်ိန္ ျမင့္ေသာ အစားအစာမ်ား ေပါင္းစပ္ လိုက္ပါက ၾကာလာလွ်င္ ေက်ာက္ကပ္တြင္း၀ယ္ ေက်ာက္တည္ လာႏိုင္ေၾကာင္း၊ ခဏတာ အခ်ိန္ အတြင္း၌ အဆိုပါ အာနိသင္က သိသာ ထင္ရွားမည္ မဟုတ္ေသာ္လည္း ၾကာလာသည္ႏွင့္ ဆီးသြားရ ခက္ခဲျခင္း၊ ဆီးေက်ာက္ တည္ျခင္းမ်ားကို ေတြ႕ၾကံဳရ ႏိုင္ၿပီးခြဲ စိတ္ရသည့္ အေျခ အေနသို႕ပင္ေရာက္ရွိ ႏိုင္ေၾကာင္း ရွင္းျပ ထားပါသည္။

သို႔ေသာ္လည္း ေႂကြပန္းကန္ ခြက္ေယာက္ မ်ားကို အသံုးျပဳျခင္းကမူ အဆိုပါ အာနိသင္ကို မေတြ႕ရဘဲ အစား အစာပူပူမ်ား ထည့္သြင္းရန္ သင့္ေတာ္ေၾကာင္း၊ တိရစၦာန္မ်ားတြင္ ေလ့လာ မႈအရ ပလတ္စတစ္က ေက်ာက္ကပ္ ပ်က္စီးျခင္း၊ ေက်ာက္တည္ျခင္းႏွင့္ ကင္ဆာ ေရာဂါမ်ားကို ျဖစ္ေစႏိုင္သည္ ကိုေတြ႕ ရွိခဲ့ၿပီး ျဖစ္ေၾကာင္း ေဖာ္ျပ ထားသည္။

ယခု ေလ့လာမႈကို Journal JAMA Internal Medicine တြင္ ေဖာ္ျပထားျခင္း ျဖစ္သည္။

Credit:Health Updates
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နောက်ရလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသင်က သိသာ ထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေ အနေသို့ပင်ရောက်ရှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။

Credit:Health Updates

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top