iMyanmarHouse.com - Best Property Website for Myanmar
×

စခ်ိန္းေတြ႕တာနဲ႔တင္ သင္ဘာလုပ္လဲ၊ ဘယ္ေလာက္၀င္ေငြနဲ႕ဘယ္လိုသံုးစြဲေနလဲဆိုတာကို စိတ္၀င္တစားရွိေနတယ္။ခ်စ္သူႏွစ္ဦးမွာ ခ်စ္တဲ့စိတ္က အေရးအၾကီးဆံုးပါ။ အဲ့ဒီ့လိုမွမဟုတ္ဘဲ သင့္ရဲ႕ေငြေၾကးပကာသနေပၚမွာ သင့္ကိုခ်စ္ခဲ့တာဆိုရင္ေတာ့ ရင္နာစရာပါပဲ။ ဒါဆိုရင္ ကိုယ့္ခ်စ္သူက ေငြမက္တဲ့ခ်စ္သူမွန္း ဘယ္လိုသိႏိုင္မလဲဆိုတာ ခန္႔မွန္းေလ့လာၾကည့္ရေအာင္ပါ။
၁။ တန္ဖိုးၾကီးလက္ေဆာင္ေတြပဲေမွ်ာ္လင့္ေနတယ္
လက္ေဆာင္ရဲ႕အဓိပၸါယ္ထက္ ေစ်းႏႈန္းကိုပဲဂရုစိုက္ေနတယ္။ ကိုယ္က ကဗ်ာဆန္ခ်င္လို႕ေပးတဲ့လက္ေဆာင္ဟာ ေစ်းၾကီးၾကီး တန္ဖိုးျမင့္ျမင့္မဟုတ္ရင္ မ်က္ႏွာမေကာင္းေတာ့ဘူး။
၂။ ေငြမက္သူေတြနဲ႔ အေပါင္းအသင္း
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးေပါ့။ သူ႕သူငယ္ခ်င္းေတြက သိသိသာသာေရာ၊ မသိမသာပါ ေငြမက္တဲ့သူေတြ၊ ပကာသနမက္တဲ့သူေတြျဖစ္ေနမယ္။

၃။ သင့္ေငြေရးေၾကးေရးကို အျမဲစိတ္၀င္စားေနတယ္
စခ်ိန္းေတြ႕တာနဲ႔တင္ သင္ဘာလုပ္လဲ၊ ဘယ္ေလာက္၀င္ေငြနဲ႕ဘယ္လိုသံုးစြဲေနလဲဆိုတာကို စိတ္၀င္တစားရွိေနတယ္။ ေနာက္ျပီး သင္ဘာေတြဘယ္လိုသံုးေနလဲ၊ ဘာေတြဘယ္လိုသံုးဖို႕ရွိလဲဆိုတာလည္း အျမဲသိခ်င္ေနတယ္။
၄။ သူ႕ဖက္က ဘယ္ေတာ့မွထုတ္မရွင္းဘူး
မ်ားေသာအားျဖင့္ ခ်စ္သူေတြမွာ ေယာက်္ားေလးေတြက သြားလာစားေသာက္တာေတြ အျမဲထုတ္ရွင္းေလ့ရွိတယ္ဆိုေပမယ့္ သူ႕ေနရာနဲ႕သူ နားလည္မႈဆိုတာလည္းရွိပါေသးတယ္။ ေယာက်္ားေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ ႏွစ္ဦးသေဘာတူခ်စ္ၾကိဳက္ခဲ့ၾကတဲ့ေနာက္မွာ သူကေတာ့ ဘယ္ေတာ့မွ ရွင္းဖို႕သံုးဖို႕စိတ္ကူးမရွိတာမ်ိဳးကေတာ့ မျဖစ္သင့္ပါဘူး။
၅။ သူလိုခ်င္တဲ့ဘ၀မ်ိဳးအတြက္ သူ႕ဘာသာလည္းမတတ္ႏိုင္ဘူး
သူျဖစ္ခ်င္တာ၊ လုပ္ခ်င္တာ၊ လိုခ်င္တာေတြအတြက္လည္း သူ႕ဘာသာမတတ္ႏိုင္ဘူးျဖစ္ေနပါမယ္။ သူစားခ်င္တဲ့ဆိုင္မွကိုယ္ကလိုက္မေကြ်းႏုိင္တာတို႕၊ သူသြားခ်င္တဲ့ေနရာကိုသြားခ်င္တဲ့အခ်ိန္တိုင္းလိုက္မပို႕ေပးႏိုင္တာတို႕ကိုလည္း လံုး၀သည္းညည္းမခံပါဘူး။
၆။ သင့္ကိုေပါက္ကြဲမယ္
သင္ျငင္းဆန္သမွ်အရာေတြ၊ မလုပ္ေပးႏိုင္တာေတြကို သူလံုး၀မေက်နပ္တဲ့ေနာက္မွာ ေပါက္ကြဲလာပါမယ္။ လြယ္လြယ္ေအာ္ဟစ္တာေတြ၊ ငိုယိုတာေတြရွိလာႏိုင္ပါတယ္။ သင္ကသူသြားခ်င္တဲ့ေစ်းၾကီးၾကီးေနရာကို လိုက္မပို႕ရင္ေတာင္ တန္ဖိုးၾကီးၾကီးလက္ေဆာင္ေပးေခ်ာ့မွ အဆင္ေျပမယ့္အထာပါ။
၇။ လူေတြၾကားမွာထင္ေပၚခ်င္တယ္
ေငြေတြ ပကာသနေတြမက္တဲ့သူက လူေတြၾကားမွာသူတို႕ကိုယ္သူတို႕ ဆယ္လီဆန္ဆန္ေနရမွ သေဘာက်တာပါ။ ပြဲၾကီးၾကီးေတြတက္ခ်င္တယ္၊ အေကာင္းစားေတြကို လူျမင္ေအာင္ထည္လဲကိုင္ျပခ်င္ေနပါမယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Duwun

Unicode Version

စချိန်းတွေ့တာနဲ့တင် သင်ဘာလုပ်လဲ၊ ဘယ်လောက်ဝင်ငွေနဲ့ဘယ်လိုသုံးစွဲနေလဲဆိုတာကို စိတ်ဝင်တစားရှိနေတယ်။ချစ်သူနှစ်ဦးမှာ ချစ်တဲ့စိတ်က အရေးအကြီးဆုံးပါ။ အဲ့ဒီ့လိုမှမဟုတ်ဘဲ သင့်ရဲ့ငွေကြေးပကာသနပေါ်မှာ သင့်ကိုချစ်ခဲ့တာဆိုရင်တော့ ရင်နာစရာပါပဲ။ ဒါဆိုရင် ကိုယ့်ချစ်သူက ငွေမက်တဲ့ချစ်သူမှန်း ဘယ်လိုသိနိုင်မလဲဆိုတာ ခန့်မှန်းလေ့လာကြည့်ရအောင်ပါ။
၁။ တန်ဖိုးကြီးလက်ဆောင်တွေပဲမျှော်လင့်နေတယ်
လက်ဆောင်ရဲ့အဓိပ္ပါယ်ထက် ဈေးနှုန်းကိုပဲဂရုစိုက်နေတယ်။ ကိုယ်က ကဗျာဆန်ချင်လို့ပေးတဲ့လက်ဆောင်ဟာ ဈေးကြီးကြီး တန်ဖိုးမြင့်မြင့်မဟုတ်ရင် မျက်နှာမကောင်းတော့ဘူး။
၂။ ငွေမက်သူတွေနဲ့ အပေါင်းအသင်း
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးပေါ့။ သူ့သူငယ်ချင်းတွေက သိသိသာသာရော၊ မသိမသာပါ ငွေမက်တဲ့သူတွေ၊ ပကာသနမက်တဲ့သူတွေဖြစ်နေမယ်။

၃။ သင့်ငွေရေးကြေးရေးကို အမြဲစိတ်ဝင်စားနေတယ်
စချိန်းတွေ့တာနဲ့တင် သင်ဘာလုပ်လဲ၊ ဘယ်လောက်ဝင်ငွေနဲ့ဘယ်လိုသုံးစွဲနေလဲဆိုတာကို စိတ်ဝင်တစားရှိနေတယ်။ နောက်ပြီး သင်ဘာတွေဘယ်လိုသုံးနေလဲ၊ ဘာတွေဘယ်လိုသုံးဖို့ရှိလဲဆိုတာလည်း အမြဲသိချင်နေတယ်။
၄။ သူ့ဖက်က ဘယ်တော့မှထုတ်မရှင်းဘူး
များသောအားဖြင့် ချစ်သူတွေမှာ ယောကျ်ားလေးတွေက သွားလာစားသောက်တာတွေ အမြဲထုတ်ရှင်းလေ့ရှိတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ နားလည်မှုဆိုတာလည်းရှိပါသေးတယ်။ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် နှစ်ဦးသဘောတူချစ်ကြိုက်ခဲ့ကြတဲ့နောက်မှာ သူကတော့ ဘယ်တော့မှ ရှင်းဖို့သုံးဖို့စိတ်ကူးမရှိတာမျိုးကတော့ မဖြစ်သင့်ပါဘူး။
၅။ သူလိုချင်တဲ့ဘဝမျိုးအတွက် သူ့ဘာသာလည်းမတတ်နိုင်ဘူး
သူဖြစ်ချင်တာ၊ လုပ်ချင်တာ၊ လိုချင်တာတွေအတွက်လည်း သူ့ဘာသာမတတ်နိုင်ဘူးဖြစ်နေပါမယ်။ သူစားချင်တဲ့ဆိုင်မှကိုယ်ကလိုက်မကျွေးနိုင်တာတို့၊ သူသွားချင်တဲ့နေရာကိုသွားချင်တဲ့အချိန်တိုင်းလိုက်မပို့ပေးနိုင်တာတို့ကိုလည်း လုံးဝသည်းညည်းမခံပါဘူး။
၆။ သင့်ကိုပေါက်ကွဲမယ်
သင်ငြင်းဆန်သမျှအရာတွေ၊ မလုပ်ပေးနိုင်တာတွေကို သူလုံးဝမကျေနပ်တဲ့နောက်မှာ ပေါက်ကွဲလာပါမယ်။ လွယ်လွယ်အော်ဟစ်တာတွေ၊ ငိုယိုတာတွေရှိလာနိုင်ပါတယ်။ သင်ကသူသွားချင်တဲ့ဈေးကြီးကြီးနေရာကို လိုက်မပို့ရင်တောင် တန်ဖိုးကြီးကြီးလက်ဆောင်ပေးချော့မှ အဆင်ပြေမယ့်အထာပါ။
၇။ လူတွေကြားမှာထင်ပေါ်ချင်တယ်
ငွေတွေ ပကာသနတွေမက်တဲ့သူက လူတွေကြားမှာသူတို့ကိုယ်သူတို့ ဆယ်လီဆန်ဆန်နေရမှ သဘောကျတာပါ။ ပွဲကြီးကြီးတွေတက်ချင်တယ်၊ အကောင်းစားတွေကို လူမြင်အောင်ထည်လဲကိုင်ပြချင်နေပါမယ်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top