iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Mg Mandalay

Unicode Version

ရယ်မောခြင်းဟာ သွေးဖိအားကို လျော့ကျ စေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ် ခုခံအား စနစ်ကိုလည်း တွန်းအား ပေးတဲ့အတွက် ကိုယ်တွင်း လမ်းလျှောက် လေ့ကျင့်ခန်း လို့ ခေါ်ဆိုနိုင်ကြောင်း ကာလီဖိုးနီးယားပြည်နယ် လိုမာလင်ဒါ တက္ကသိုလ်မှ ပညာရှင်တွေ ရဲ့ လေ့လာမှုမှာ ဖော်ပြပါတယ် ။

အဲဒီလေ့လာမှုမှာ ပါဝင်သူတွေကို ဟာသ ကားတွေ မိနစ် ၂၀ ကြာ ကြည့်ခိုင်းပြီးနောက် နေ့စဉ် ဗာဟီရတွေကို ဆက်လက် လုပ်ဆောင်စေတဲ့အခါ ၎င်းတို့မှာ စိတ်ဖိစီးမှု ဟော်မုန်း၊ သွေးဖိအားနဲ့ ကိုလက်စထရောတို့ သိသိသာသာ ကျဆင်းလာတာကို တွေ့ရှိခဲ့ပါတယ် ။

ဒါကြောင့် ရယ်မောခြင်းဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်း တစ်ရပ်ဖြစ်ကြောင်း ၊ အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ဖို့ မလွယ် တဲ့ အသက် အရွယ်ကြီးမြင့်သူတွေမှာ ရယ်မောခြင်းဟာ အရေးပါကြောင်း ဆရာဝန်တွေက ဆိုပါတယ် ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Mg Mandalay
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top