iMyanmarHouse.com - Best Property Website for Myanmar
×

အရိုးရွင္းဆံုးနည္းလမ္းကေတာ့ သင့္စိတ္ႀကိဳက္အေၾကာင္းအရာတစ္ခုေရြၿပီး ဟာသလုပ္ေျပာၾကည့္ပါ။တခစ္ခစ္ရယ္မယ့့္လူရွိရင္ေတာ့ သင္ကံေကာင္းဖို႕ အလားအလာပါပဲ။

လူတစ္ေယာက္က သင့္ကိုစိတ္၀င္စားေနၿပီဆိုရင္ သင္ေျပာတဲ့အေၾကာင္းအရာက အရမ္းႀကီးရယ္ရတာမ်ိဳးမဟုတ္ရင္ေတာင္မွ သင့္အတြက္ သူပိုၿပီးရယ္ေနပါလိမ့္မယ္။
သင္စိတ္၀င္စားေနတဲ့လူက သင့္ကိုစိတ္ထဲဘယ္လုိမွမေနဘူးဆုိရင္ေတာ့ သင့္ဟာသက အရမ္းေကာင္းရင္ေတာင္ သူအဖက္လုပ္မွာမဟုတ္ပါဘူး။

စိတ္ပညာရွင္ေတြကိုယ္တိုင္ ဒီအေၾကာင္းကို ေလ့လာစမ္းသပ္မႈ (၃)ႀကိမ္ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း “Personality and Social Psychology Bulletin” ဂ်ာနယ္မွာေဖာ္ျပထားပါတယ္။
ပညာရွင္ေတြေျပာထားတာက “ေယာက်္ားပဲျဖစ္ေစ၊ မိန္းမပဲျဖစ္ေစ ရယ္စရာတစ္ခုကိုၾကားရၿပီး တုံ႔ျပန္ပံုက ေျပာတဲ့လူအေပၚထားတဲ့ သူတို႕ရဲ႕စိတ္နဲ႕လိုက္ၿပီး ကြဲျပားပါတယ္။ သူတို႕စိတ္၀င္စားသေဘာက်ေနသူက ေျပာတဲ့အေၾကာင္းအရာက ပိုရယ္ရတယ္လို႕ ထင္တတ္ၾကပါတယ္”။

ရယ္ေမာျခင္းဆိုတာက လူတစ္ေယာက္သင့္ကို စိတ္၀င္စားမႈရွိ/မရွိကို သိႏိုင္ရံုတင္မက….သင္ဟာ စြဲေဆာင္မႈရွိမရွိကိုပါဆံုးျဖတ္ေပးႏိုင္ပါတယ္။ ဟာသလုပ္တတ္/ေျပာတတ္သူေတြဟာ သာမန္ထက္ပိုၿပီး စြဲေဆာင္မႈရွိတယ္လို႔ေတြ႕ရွိထားပါတယ္။
၂၀၀၉ခုႏွစ္က စမ္းသပ္မႈတစ္ခုမွာ ဟာသမေျပာတတ္သူေတြဟာ စြဲေဆာင္မႈသိပ္မရွိၾကဘဲ ဟာသလုပ္တတ္/ေျပာတတ္သူေတြနဲ႕ ယွဥ္လိုက္ရင္ ေမွးမွိန္သြားတတ္တယ္လို႕ ဆိုထားပါတယ္။
Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အရိုးရှင်းဆုံးနည်းလမ်းကတော့ သင့်စိတ်ကြိုက်အကြောင်းအရာတစ်ခုရွေပြီး ဟာသလုပ်ပြောကြည့်ပါ။တခစ်ခစ်ရယ်မယ့်လူရှိရင်တော့ သင်ကံကောင်းဖို့ အလားအလာပါပဲ။

လူတစ်ယောက်က သင့်ကိုစိတ်ဝင်စားနေပြီဆိုရင် သင်ပြောတဲ့အကြောင်းအရာက အရမ်းကြီးရယ်ရတာမျိုးမဟုတ်ရင်တောင်မှ သင့်အတွက် သူပိုပြီးရယ်နေပါလိမ့်မယ်။
သင်စိတ်ဝင်စားနေတဲ့လူက သင့်ကိုစိတ်ထဲဘယ်လိုမှမနေဘူးဆိုရင်တော့ သင့်ဟာသက အရမ်းကောင်းရင်တောင် သူအဖက်လုပ်မှာမဟုတ်ပါဘူး။

စိတ်ပညာရှင်တွေကိုယ်တိုင် ဒီအကြောင်းကို လေ့လာစမ်းသပ်မှု (၃)ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း “Personality and Social Psychology Bulletin” ဂျာနယ်မှာဖော်ပြထားပါတယ်။
ပညာရှင်တွေပြောထားတာက “ယောကျ်ားပဲဖြစ်စေ၊ မိန်းမပဲဖြစ်စေ ရယ်စရာတစ်ခုကိုကြားရပြီး တုံ့ပြန်ပုံက ပြောတဲ့လူအပေါ်ထားတဲ့ သူတို့ရဲ့စိတ်နဲ့လိုက်ပြီး ကွဲပြားပါတယ်။ သူတို့စိတ်ဝင်စားသဘောကျနေသူက ပြောတဲ့အကြောင်းအရာက ပိုရယ်ရတယ်လို့ ထင်တတ်ကြပါတယ်”။


ရယ်မောခြင်းဆိုတာက လူတစ်ယောက်သင့်ကို စိတ်ဝင်စားမှုရှိ/မရှိကို သိနိုင်ရုံတင်မက….သင်ဟာ စွဲဆောင်မှုရှိမရှိကိုပါဆုံးဖြတ်ပေးနိုင်ပါတယ်။ ဟာသလုပ်တတ်/ပြောတတ်သူတွေဟာ သာမန်ထက်ပိုပြီး စွဲဆောင်မှုရှိတယ်လို့တွေ့ရှိထားပါတယ်။
၂၀၀၉ခုနှစ်က စမ်းသပ်မှုတစ်ခုမှာ ဟာသမပြောတတ်သူတွေဟာ စွဲဆောင်မှုသိပ်မရှိကြဘဲ ဟာသလုပ်တတ်/ပြောတတ်သူတွေနဲ့ ယှဉ်လိုက်ရင် မှေးမှိန်သွားတတ်တယ်လို့ ဆိုထားပါတယ်။

Credit : Shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top