iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္မေလးတစ္ေယာက္ ကိုယ့္ကို မခြာရက္ႏုိင္ေအာင္၊ စိတ္ထဲမွာ စြဲစြဲၿမဲၿမဲျဖစ္ေနေအာင္ ကိုယ္တုိင္ ဖန္တီးရပါတယ္။ ဒါက လြယ္မေယာင္နဲ႔ ခက္ၿပီး၊ တိမ္မေယာင္နဲ႔လည္း နက္ပါတယ္။ တစ္ခ်ိဳ႕ ေစာ္ၾကည္ၾကတယ္ဆုိတဲ့ ေယာက္်ားေလးေတြမွာ အမ်ိဳးသမီးေတြကို ဆက္ဆံတဲ့အခါ တူညီတဲ့ လုပ္ေဆာင္မႈေလးေတြ ရွိပါတယ္။

(၁) မ်က္လုံးခ်င္း အဆက္အသြယ္

မ်က္လုံးတစ္လုံးရဲ႕ အၾကည့္စူးစူးနက္နက္ဟာ စကားလုံးေပါင္းမ်ားစြာထက္ ထိေရာက္ပါတယ္။ ဒါေပမယ့္ မယားဒယား လူၾကမ္းမ်က္လုံးႀကီးေတာ့ မျဖစ္ပါေစနဲ႔။ ကိုယ္ႏွစ္သက္ရတဲ့ ေကာင္မေလးတစ္ေယာက္ကုိ ၾကည့္တဲ့အခါမွာ ကိုယ့္မ်က္
လုံးက အၾကင္နာေတြ၊ ေမတၱာေတြ၊ ခ်စ္ျခင္းေတြကုိ သူ သတိထားမိပါေစ။

(၂) စည္းမ်ဥ္းစည္းကမ္းကုိ ကိုယ္က မစပါနဲ႔

ေနာက္တစ္ခုက လူတစ္ေယာက္နဲ႔တစ္ေယာက္ ၾကာရွည္စြာ ဆက္ဆံႏုိင္မႈဟာ တစ္ဦးနဲ႔တစ္ဦး စိတ္ညစ္စရာေတြ မေပး
ျခင္း၊ ခ်ဳပ္ျခယ္မႈမရွိျခင္း စတာေတြက အေရးပါပါတယ္။ ခ်စ္သူတစ္ေယာက္ကို ခ်ဥ္းကပ္ရာမွာလည္း ငါကေတာ့ ဘယ္လုိ အျပဳအမူမ်ိဳး သေဘာမက်ဘူး၊ ဘယ္ဆီကုိ မသြားပါနဲ႔လား-စသည္ျဖင့္ စည္းကမ္းေတြ ကန္႔သတ္ခ်က္ေတြနဲ႔ ၀င္ၿပီး မခ်ဥ္းကပ္ပါနဲ႔။

(၃) ေလးစားမႈအျပည့္နဲ႔ စကားေျပာပါ

စကားေျပာတဲ့အခါမွာလည္း ေလးစားမႈ လုိပါတယ္။ ဒီအတြက္ လက္အုပ္ခ်ီထားစရာ မလုိပါဘူး။ သူတုိ႔ရဲ႕ မိန္းမဣေျႏၵကို ထိခိုက္ေစမယ့္ စကားေတြ၊ အမ်ိဳးသမီးထုကုိ မစာနာေရာက္မယ့္စကားေတြ၊ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘ၀ကို တန္ဖုိးမထားရာေရာက္မယ့္စကားေတြကို ေရွာင္ႏုိင္ရင္ သင့္ကုိ သူ ၾကည္မွာပါ။

(၄) အျပန္အလွန္စကားေတြ ေျပာျဖစ္ဖုိ႔ ႀကိဴစားပါ

ရင္းနီးမႈဆုိတာက ေန႔ခ်င္းညခ်င္း တုိးတက္တာေတာ့ မဟုတ္ပါဘူး။ လူမႈကြန္ယက္ေလာကမွာေတာင္ အေကာင္အထည္ မျပရေသးခင္ စကားလုံးေတြနဲ႔ ရင္းနီးေအာင္ အရင္လုပ္ရတဲ့ သေဘာရွိပါတယ္။ အခုပဲေတြ႕၊ အခု ခ်စ္စကားေျပာ၊ အခု အေျဖေပးဆုိတာက ႐ုပ္ရွင္နဲ႔ ခပ္ေပါ့ေပါ့ စိတ္ဓာတ္ပုိင္ရွင္ေတြရဲ႕ အလုပ္ပါ။ ဒီေတာ့ ႏွစ္ဦးၾကား အျပန္အလွန္ရင္းနီးဖုိ႔ စကားေတြ အမ်ားႀကီး ေျပာဖုိ႔ လုိပါတယ္။

(၅) အစစ ဆြဲေဆာင္မႈရွိပါေစ

ကုိယ္လုပ္သမွ်တုိင္းဟာ သူ႕စိတ္ထဲကေန ႀကိတ္ၿပီးေပးေနတဲ့ အမွတ္ေတြလုိ႔ ခံယူပါ။ ဒါေပမယ့္ ကုိယ္အသုံးမက်တဲ့ အျပဳအမူတစ္ခုေၾကာင့္လည္း အမွတ္ေတြ ေလွ်ာ့သြားႏုိင္ပါတယ္။ ဒီေတာ့ ဘာပဲျပဳမူ ျပဳမူ အစစ အမွားအယြင္းမရွိေအာင္၊ သူ႕စိတ္ထဲကေန ေတာ္လွခ်ည္လား၊ တတ္လွခ်ည္လား၊ ဟုတ္လွ ခ်ည္လား-ဆုိၿပီး ႀကိတ္ၿပီး အမွတ္ေပးေအာင္ ႀကိဳးစားေန
ရင္ သူ သင့္လက္ထဲက မလြတ္ေစရပါဘူး။

Credit:(Shwemom)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကောင်မလေးတစ်ယောက် ကိုယ့်ကို မခွာရက်နိုင်အောင်၊ စိတ်ထဲမှာ စွဲစွဲမြဲမြဲဖြစ်နေအောင် ကိုယ်တိုင် ဖန်တီးရပါတယ်။ ဒါက လွယ်မယောင်နဲ့ ခက်ပြီး၊ တိမ်မယောင်နဲ့လည်း နက်ပါတယ်။ တစ်ချို့ စော်ကြည်ကြတယ်ဆိုတဲ့ ယောက်ျားလေးတွေမှာ အမျိုးသမီးတွေကို ဆက်ဆံတဲ့အခါ တူညီတဲ့ လုပ်ဆောင်မှုလေးတွေ ရှိပါတယ်။



(၁) မျက်လုံးချင်း အဆက်အသွယ်

မျက်လုံးတစ်လုံးရဲ့ အကြည့်စူးစူးနက်နက်ဟာ စကားလုံးပေါင်းများစွာထက် ထိရောက်ပါတယ်။ ဒါပေမယ့် မယားဒယား လူကြမ်းမျက်လုံးကြီးတော့ မဖြစ်ပါစေနဲ့။ ကိုယ်နှစ်သက်ရတဲ့ ကောင်မလေးတစ်ယောက်ကို ကြည့်တဲ့အခါမှာ ကိုယ့်မျက်
လုံးက အကြင်နာတွေ၊ မေတ္တာတွေ၊ ချစ်ခြင်းတွေကို သူ သတိထားမိပါစေ။


(၂) စည်းမျဉ်းစည်းကမ်းကို ကိုယ်က မစပါနဲ့

နောက်တစ်ခုက လူတစ်ယောက်နဲ့တစ်ယောက် ကြာရှည်စွာ ဆက်ဆံနိုင်မှုဟာ တစ်ဦးနဲ့တစ်ဦး စိတ်ညစ်စရာတွေ မပေး
ခြင်း၊ ချုပ်ခြယ်မှုမရှိခြင်း စတာတွေက အရေးပါပါတယ်။ ချစ်သူတစ်ယောက်ကို ချဉ်းကပ်ရာမှာလည်း ငါကတော့ ဘယ်လို အပြုအမူမျိုး သဘောမကျဘူး၊ ဘယ်ဆီကို မသွားပါနဲ့လား-စသည်ဖြင့် စည်းကမ်းတွေ ကန့်သတ်ချက်တွေနဲ့ ဝင်ပြီး မချဉ်းကပ်ပါနဲ့။

(၃) လေးစားမှုအပြည့်နဲ့ စကားပြောပါ

စကားပြောတဲ့အခါမှာလည်း လေးစားမှု လိုပါတယ်။ ဒီအတွက် လက်အုပ်ချီထားစရာ မလိုပါဘူး။ သူတို့ရဲ့ မိန်းမဣနြေ္ဒကို ထိခိုက်စေမယ့် စကားတွေ၊ အမျိုးသမီးထုကို မစာနာရောက်မယ့်စကားတွေ၊ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို တန်ဖိုးမထားရာရောက်မယ့်စကားတွေကို ရှောင်နိုင်ရင် သင့်ကို သူ ကြည်မှာပါ။


(၄) အပြန်အလှန်စကားတွေ ပြောဖြစ်ဖို့ ကြိူစားပါ

ရင်းနီးမှုဆိုတာက နေ့ချင်းညချင်း တိုးတက်တာတော့ မဟုတ်ပါဘူး။ လူမှုကွန်ယက်လောကမှာတောင် အကောင်အထည် မပြရသေးခင် စကားလုံးတွေနဲ့ ရင်းနီးအောင် အရင်လုပ်ရတဲ့ သဘောရှိပါတယ်။ အခုပဲတွေ့၊ အခု ချစ်စကားပြော၊ အခု အဖြေပေးဆိုတာက ရုပ်ရှင်နဲ့ ခပ်ပေါ့ပေါ့ စိတ်ဓာတ်ပိုင်ရှင်တွေရဲ့ အလုပ်ပါ။ ဒီတော့ နှစ်ဦးကြား အပြန်အလှန်ရင်းနီးဖို့ စကားတွေ အများကြီး ပြောဖို့ လိုပါတယ်။

(၅) အစစ ဆွဲဆောင်မှုရှိပါစေ

ကိုယ်လုပ်သမျှတိုင်းဟာ သူ့စိတ်ထဲကနေ ကြိတ်ပြီးပေးနေတဲ့ အမှတ်တွေလို့ ခံယူပါ။ ဒါပေမယ့် ကိုယ်အသုံးမကျတဲ့ အပြုအမူတစ်ခုကြောင့်လည်း အမှတ်တွေ လျှော့သွားနိုင်ပါတယ်။ ဒီတော့ ဘာပဲပြုမူ ပြုမူ အစစ အမှားအယွင်းမရှိအောင်၊ သူ့စိတ်ထဲကနေ တော်လှချည်လား၊ တတ်လှချည်လား၊ ဟုတ်လှ ချည်လား-ဆိုပြီး ကြိတ်ပြီး အမှတ်ပေးအောင် ကြိုးစားနေ
ရင် သူ သင့်လက်ထဲက မလွတ်စေရပါဘူး။

Credit:(Shwemom)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top