iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕လူေတြက ေမြးကတည္းကကို အီစီကလီ လုုပ္တတ္တဲ့ စိတ္ေလးနဲ႕အတူ ေမြးလာၾကတယ္လို႕ ဆုိရမလားပဲ။ ဒီကိစၥကို မလုပ္နဲ႕လုိ႕ တားလို႕ကို မရေလာက္ေအာင္ အက်င့္လိုျဖစ္ေနတတ္ၾကပါတယ္။ ဥပမာ ေကာ္ဖီဆုိင္မွာ ေကာ္ဖီေသာက္ဖုိ႕ ေစာင့္ေနတုန္း ဆုိင္ထဲက လူေလးေယာက္ေလာက္ကို မ်က္လံုးကစားျပီး အားလံုးအၾကည့္ကို သိမ္းပိုက္ထားတာမ်ိဳးေပါ့။ အီစီကလီ လုပ္တာက ေယာက်ၤားေတြကမ်ားတယ္၊ မိန္းမ ေတြက ပိုတယ္ဆုိျပီးေတာ့ မရွိပါဘူး။ လုပ္ခ်င္တဲ့ လူကေတာ့ လုပ္ကို လုပ္ေနမွာပါပဲ။

အီစီကလီ လုပ္တတ္သူေတြဟာ ခုလို လုပ္ရျခင္းအတြက္ အေၾကာင္းအမ်ိဳးမ်ိဳးရွိေနပါတယ္။ တစ္ခ်ို႕က်ေတာ့လည္း တစ္ဖက္လူဆီက သူလိုခ်င္တာ တစ္ခုခု ရွိေနလုိ႕ပါ။ တစ္ခ်ိ႕က်ေတာ့လည္း အေပ်ာ္ သေဘာနဲ႕လုပ္ေနတာမ်ိဳးေပါ့ ။၂၀၁၄ခုႏွစ္တုန္းက Illinios တကၠသိုလ္က ပေရာ္ဖက္ဆာ David Dryden Henningsen ရဲ႕ စစ္တမ္းေကာက္ခ်က္နဲ႕ စာရင္းျပဳစုခ်က္အရ အီစီကလီလုပ္တဲ့လူ အမ်ိဳးအစား (၆)မ်ိဳး ကြဲထြက္သြားပါတယ္။

၁။လိင္ကိစၥ - တစ္ခ်ိဳ႕လူေတြဟာ သူတုိ႕နဲ႕အတူအိပ္ဖုိ႕အတြက္ အီစီကလီလုပ္တတ္ၾကပါတယ္။
၂။အေပ်ာ္အပါး - တစ္ခ်ိဳ႕လူေတြက်ေတာ့လည္း ပ်င္းလို႕ ပ်င္းေျပ အီစီကလီလုပ္တတ္တာမ်ိဳးပါ။
၃။စူးစမ္းေလ့လာလိုျခင္း - ရည္းစားထားရင္ ဘယ္လိုအေတြ႔အႀကံဳမ်ား ရမလဲဆုိျပီး မထားခင္ အီစီကလီလုပ္ၾကည့္တာပါ။
၄။ဆက္ဆံေရးကို ေျပာင္းလဲလုိျခင္း - ႏွစ္ဦးၾကားဆက္ဆံေရးကို နည္းနည္းေျပာင္းလဲၾကည့္လိုတာေၾကာင့္လည္း အီစီကလီ လုပ္တတ္ၾကပါတယ္။
၅။ေလးစားခံလိုျခင္း - တစ္စံုတစ္ေယာက္ထံကေန ေလးစားမႈလိုခ်င္တာေၾကာင့္၊ အထင္ႀကီးခံခ်င္တာေၾကာင့္လည္း အီစီကလီ လုပ္တတ္ၾကပါတယ္။
၆။လိုအပ္ေနတဲ့အရာေတြကို ျဖည့္ဆည္းဖုိ႕ ႀကိဳးစားျခင္း - တစ္ျခားတစ္ေယာက္ဆီကေန ကိုယ္လုိခ်င္ေနတဲ့ အရာရွိတဲ့အခါ အီစီကလီလုုပ္ျပီး ယူခ်င္တာမ်ိဳးပါ။

ဒီအခ်က္ (၆)ခ်က္ေၾကာင့္ အီစီကလီ လုပ္တတ္ၾကတဲ့ လူအမ်ားစုဟာ ဒီအက်င့္ကို ေဖ်ာက္ပစ္ဖုိ႕ ေတာ္ေတာ္ေလးကို ခက္ခဲတာပါ။ ဒါ့အျပင္ ခ်စ္စရာေကာင္းတာ၊ မ်က္ႏွာခ်ိဳတာနဲ႕ အီစီကလီလုပ္တတ္တာမ်ိဳးကလည္း ကြဲပါေသး တယ္။ မ်က္ႏွာခ်ိဳျပီး လူခ်စ္လူခင္မ်ားတဲ့လူဟာ လူတိုင္းက သူ႔ဆုိ လိုလိုခ်င္ခ်င္ ေျပာဆုိကူညီေပးခ်င္ၾကတာ၊ ခ်စ္ခင္ႏွစ္လိုၾကတာမ်ိဳးပါ။ အီစီကလီက်ေတာ့ တစ္ဖက္လူကို မ်က္လံုးခ်င္းဆံုေအာင္ ၾကည့္ျပီး ညဳတုတု ေျပာဆုိတာမ်ိဳး အျခားေသာနည္းေတြနဲ႕ သူ႔ကို မၾကည့္ၾကည့္ေအာင္ ဆြဲေဆာင္ေနတာမ်ိဳးကို ဆုိလိုပါတယ္။

အီစီကလီလုပ္တာမ်ိဳးဟာ တစ္ျခားလူေတြရဲ႕ ခံစားခ်က္ကို နာက်င္ေအာင္ လုပ္တာမ်ိဳးဆုိလည္း မမွားပါဘူး။ ကိုယ္တကယ္ စိတ္မရွိပဲ စိတ္မပါပဲ သက္သက္လုပ္ေနတာမ်ိဳးဆုိရင္ တစ္ဖက္လူအတြက္ နစ္နာသြားတာမ်ိဳးေတြ ရွိႏိုင္ပါတယ္။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ချို့လူတွေက မွေးကတည်းကကို အီစီကလီ လုုပ်တတ်တဲ့ စိတ်လေးနဲ့အတူ မွေးလာကြတယ်လို့ ဆိုရမလားပဲ။ ဒီကိစ္စကို မလုပ်နဲ့လို့ တားလို့ကို မရလောက်အောင် အကျင့်လိုဖြစ်နေတတ်ကြပါတယ်။ ဥပမာ ကော်ဖီဆိုင်မှာ ကော်ဖီသောက်ဖို့ စောင့်နေတုန်း ဆိုင်ထဲက လူလေးယောက်လောက်ကို မျက်လုံးကစားပြီး အားလုံးအကြည့်ကို သိမ်းပိုက်ထားတာမျိုးပေါ့။ အီစီကလီ လုပ်တာက ယောကျၤားတွေကများတယ်၊ မိန်းမ တွေက ပိုတယ်ဆိုပြီးတော့ မရှိပါဘူး။ လုပ်ချင်တဲ့ လူကတော့ လုပ်ကို လုပ်နေမှာပါပဲ။

အီစီကလီ လုပ်တတ်သူတွေဟာ ခုလို လုပ်ရခြင်းအတွက် အကြောင်းအမျိုးမျိုးရှိနေပါတယ်။ တစ်ချို့ကျတော့လည်း တစ်ဖက်လူဆီက သူလိုချင်တာ တစ်ခုခု ရှိနေလို့ပါ။ တစ်ချိ့ကျတော့လည်း အပျော် သဘောနဲ့လုပ်နေတာမျိုးပေါ့ ။၂၀၁၄ခုနှစ်တုန်းက Illinios တက္ကသိုလ်က ပရော်ဖက်ဆာ David Dryden Henningsen ရဲ့ စစ်တမ်းကောက်ချက်နဲ့ စာရင်းပြုစုချက်အရ အီစီကလီလုပ်တဲ့လူ အမျိုးအစား (၆)မျိုး ကွဲထွက်သွားပါတယ်။

၁။လိင်ကိစ္စ - တစ်ချို့လူတွေဟာ သူတို့နဲ့အတူအိပ်ဖို့အတွက် အီစီကလီလုပ်တတ်ကြပါတယ်။
၂။အပျော်အပါး - တစ်ချို့လူတွေကျတော့လည်း ပျင်းလို့ ပျင်းပြေ အီစီကလီလုပ်တတ်တာမျိုးပါ။
၃။စူးစမ်းလေ့လာလိုခြင်း - ရည်းစားထားရင် ဘယ်လိုအတွေ့အကြုံများ ရမလဲဆိုပြီး မထားခင် အီစီကလီလုပ်ကြည့်တာပါ။
၄။ဆက်ဆံရေးကို ပြောင်းလဲလိုခြင်း - နှစ်ဦးကြားဆက်ဆံရေးကို နည်းနည်းပြောင်းလဲကြည့်လိုတာကြောင့်လည်း အီစီကလီ လုပ်တတ်ကြပါတယ်။
၅။လေးစားခံလိုခြင်း - တစ်စုံတစ်ယောက်ထံကနေ လေးစားမှုလိုချင်တာကြောင့်၊ အထင်ကြီးခံချင်တာကြောင့်လည်း အီစီကလီ လုပ်တတ်ကြပါတယ်။
၆။လိုအပ်နေတဲ့အရာတွေကို ဖြည့်ဆည်းဖို့ ကြိုးစားခြင်း - တစ်ခြားတစ်ယောက်ဆီကနေ ကိုယ်လိုချင်နေတဲ့ အရာရှိတဲ့အခါ အီစီကလီလုုပ်ပြီး ယူချင်တာမျိုးပါ။

ဒီအချက် (၆)ချက်ကြောင့် အီစီကလီ လုပ်တတ်ကြတဲ့ လူအများစုဟာ ဒီအကျင့်ကို ဖျောက်ပစ်ဖို့ တော်တော်လေးကို ခက်ခဲတာပါ။ ဒါ့အပြင် ချစ်စရာကောင်းတာ၊ မျက်နှာချိုတာနဲ့ အီစီကလီလုပ်တတ်တာမျိုးကလည်း ကွဲပါသေး တယ်။ မျက်နှာချိုပြီး လူချစ်လူခင်များတဲ့လူဟာ လူတိုင်းက သူ့ဆို လိုလိုချင်ချင် ပြောဆိုကူညီပေးချင်ကြတာ၊ ချစ်ခင်နှစ်လိုကြတာမျိုးပါ။ အီစီကလီကျတော့ တစ်ဖက်လူကို မျက်လုံးချင်းဆုံအောင် ကြည့်ပြီး ညုတုတု ပြောဆိုတာမျိုး အခြားသောနည်းတွေနဲ့ သူ့ကို မကြည့်ကြည့်အောင် ဆွဲဆောင်နေတာမျိုးကို ဆိုလိုပါတယ်။

အီစီကလီလုပ်တာမျိုးဟာ တစ်ခြားလူတွေရဲ့ ခံစားချက်ကို နာကျင်အောင် လုပ်တာမျိုးဆိုလည်း မမှားပါဘူး။ ကိုယ်တကယ် စိတ်မရှိပဲ စိတ်မပါပဲ သက်သက်လုပ်နေတာမျိုးဆိုရင် တစ်ဖက်လူအတွက် နစ်နာသွားတာမျိုးတွေ ရှိနိုင်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top