iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Trend Myanmar



Unicode Version

ဒါ အီးမေးလ်ပို့နေကျ လူတိုင်းနီးပါး ဖြစ်နေကျ ကိစ္စတစ်ခုပါ။ အီးမေးလ်စာ တစ်စောင်ရေးပြီး “Send” နှိပ်လိုက်ပြီးလို့ မှားနှိပ်မိတာတွေ၊ လက်ခံရရှိမယ့်သူရဲ့ နာမည်မှားသွားတာတွေ ပြတ်ခနဲသိသွားတာ မျိုးဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ရေးနေတဲ့အချိန် ဒေါသ အထွက်လွန်တာတွေလည်း ဖြစ်တတ်ပါတယ်။ Gmail သုံးစွဲသူတွေအတွက် ဒါကို သိုသိပ်စွာနဲ့ ယခုထိ အများသိအောင်ဖော်ပြမထားတဲ့ “Undo Send” လို့ခေါ်တဲ့ feature အကြောင်း ပြောပြပေးချင်ပါတယ်။

အဲဒီ feature ဟာ ပို့ပြီး အချိန်ခဏအတွင်း အီးမေးလ်ကို ပြန်ရုတ်သိမ်းနိုင်စေမယ်လို့ နာမည်ကို သွယ်ဝိုက်ပေးထားပါတယ်။ အီးမေးလ်ကို အရောက်မပို့သေးဘဲ ပြန်သိမ်းပေးတာပါ။ ပြန်လည်စိစစ်ဖို့ အီးမေးလ်ကို ခဏထိန်းပေးတဲ့ သဘောသာဆိုပေမယ့် ကယ်တင်ရှင်ကြီးလဲ ဖြစ်နိုင်တာပါပဲ။ အမှန်တကယ်တော့ ဒီ feature ဟာ၂၀၀၉ မတ်လကတည်းက ရရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Gmail Settings ရဲ့ Labs section မှာ သိုသိုသိပ်သိပ်လေး ထားရှိထားတာပါ။

အခုတော့ ဒီ feature ကို Gmail web version အတွက် “formal settings” အဖြစ် မကြာခင် ထပ်ဖြည့်ပေးသွားမှာဖြစ်ကြောင်း Google မှ ကြေငြာခဲ့ပါတယ်။

Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top