iMyanmarHouse.com - Best Property Website for Myanmar
×
၁။ BB cream သုံးပါ
Credit : Trend Myanmar
Unicode Version
မိတ်ကပ်ကြိုက်တဲ့ မိန်းကလေးတွေရှိသလို မိတ်ကပ်လိမ်းရတာ လုံးဝမနှစ်မြို့သူတချို့လည်း ရှိပြန်ပါတယ်။ ဒါ ရွေးချယ်မှုနဲ့ သက်ဆိုင်ပြီး ကိုယ်နဲ့ သက်တောင့်သက်သာရှိမှုပေါ် မူတည်ပါတယ်။ မိန်းကလေးတိုင်းအတွက် မိတ်ကပ်နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်တွေ ရရှိနိုင်ပေမယ့် မိတ်ကပ်မကြိုက်သူတွေအတွက်တော့ ဖော်ပြရေးသားပေးတာမျိုး သိပ်မရှိပါဘူး။ ဒါ့ကြောင့် မိတ်ကပ်မကြိုက်သူတွေ အပြင်ထွက်တဲ့အခါ မိမိမျက်နှာ အနည်းငယ်ဝင်းပစေဖို့ ဘယ်လိုပြင်ဆင်သွားနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ BB cream သုံးပါ
တိုနာ၊ Concealer ၊ foundation စတာတွေက မိတ်ကပ်မကြိုက်တဲ့ သင့်အတွက် သိပ်များလွန်းနေပါလိမ့်မယ်။ အဲဒါက ဒီအရာတွေအားလုံးအစား BB cream ကိုပဲ ရွေးနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးရှိပြီး မျက်နှာကို အပြစ်အနာဆာကင်းကာ အံ့မခန်း ဝင်းပစေပါလိမ့်မယ်။ BB cream သုံးခြင်းရဲ့ အကောင်းဆုံးအချက်က ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပြီးသားဖြစ်သလို ဘာစိတ်ပူစရာမှမလိုဘဲ နေ့ဘက် အပြင်ထွက်နိုင်တာပါပဲ။
၂။ နှုတ်ခမ်းလိမ်းဆီမွှေး lip balm
မိမိကြိုက်နှစ်သက်တဲ့ ဘရင်းဒ်၊ ရနံ့ ကောင်းတဲ့ lip balm တစ်ခုခု ရွေးပြီး မိမိနှုတ်ခမ်းကို အသက်ဝင်အောင် လုပ်ပါ။ နှုတ်ခမ်းအာဟာရဖြစ်စေတဲ့အပြင် နှုတ်ခမ်းကို အနည်းငယ် အရောင်ထွက်စေပါတယ်။ တကယ်တော့ ဆန္ဒရှိရင် မျက်လုံးတွေ ပိုမိုဝင်းလက်စေဖို့ eye shadow အဖြစ်တောင် မျက်ခွံမှာ အသုံးပြုနိုင်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top