iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ဆုိတာ ဘဝတစ္ေလွ်ာက္လံုးမွာ တစ္ႀကိမ္သာျဖစ္ေပၚခဲ့သူေတြ႐ွိသလို တစ္ႀကိမ္ထက္မ ၾကံဳဖူးၾကသူေတြလည္း အမ်ားႀကီးပါပဲ။ အေၾကာင္းမတိုက္ဆုိင္လို႔ အခ်စ္ဦးနဲ႔လြဲၿပီးတဲ့ေနာက္မွာ ကာလတစ္ခုစာေလာက္ေတာ့ ပူေဆြးဝမ္းနည္းၾကရပါတယ္။ အခ်ိန္ကာလတစ္ခု လြန္ေျမာက္သြားၿပီဆုိရင္ေတာ့ အခ်စ္ေၾကာင့္ပူေဆြးမႈေတြက ေပ်ာက္ကင္းသြားမွာပါပဲ။ အဲ့ဒီေနာက္ ကိုယ့္ဘဝအတြက္ အေရးပါတဲ့အခ်စ္ဟာ ေနာက္တစ္ႀကိမ္ထပ္မံေပၚေပါက္လာတတ္ပါတယ္။ အခ်စ္ေၾကာင့္  နာက်င္ခဲ့ဖူးသူအေနနဲဲ႔ ေနာက္တစ္ႀကိမ္ ထပ္ခ်စ္ဖုိ႔ ေသခ်ာၿပီလားဆုိတာ ေခါင္းမၿငိမ့္ခင္မွာ ကိုယ့္ကိုယ္ကိုယ္ေမးခြန္းထုတ္ဖုိ႔ လိုလာပါၿပီ။

၁။ တစ္ကိုယ္တည္းေနခဲ့တာလား

အသည္းကြဲၿပီးေနာက္မွာ တကယ္ပဲ တစ္ကိုယ္တည္းေနခဲ့တာ ေသခ်ာပါရဲ႕လား။ တစ္ကိုယ္တည္းေနတယ္ဆုိတာ လြမ္းဆြတ္ပူေဆြးျခင္းေတြမရွိဘဲ အလုပ္၊ အေပါင္းအသင္း၊ ဝါသနာပါရာေတြမွာ ေပ်ာ္ရႊင္ေအာင္ေနတတ္တယ္ဆုိရင္ ေနာက္ထပ္လူတစ္ေယာက္ကိုခ်စ္ဖုိ႔ မလိုေသးပါဘူး။ ဒီလိုမွမဟုတ္ဘဲ အသည္းကြဲၿပီးေနာက္ပိုင္း ကိုယ့္ေဘးမွာ တစ္စံုတစ္ေယာက္ကို ခဏတျဖဳတ္ေလာက္ ထားခဲ့ဖူးတယ္ဆုိရင္ေတာ့ ကိုယ္က အေဖာ္တစ္ေယာက္လိုအပ္ေနတာပါ။

၂။ လိုခ်င္တာဘာလဲ

ကိုယ္လိုခ်င္တာက ဘာလဲဆိုတာ ေသေသခ်ာခ်ာစဥ္းစားပါ။ ခ်စ္သူလား၊ အိမ္  ေထာင္ျပဳဖုိ႔လား။ ဒါမွမဟုတ္ စိတ္တူကိုယ္တူလူမ်ိဳးလားဆုိတာ စဥ္းစားပါ။ ေနာက္တစ္ႀကိမ္ ေပၚလာတဲ့အခ်စ္က ကိုယ့္ကိုတကယ္ေပ်ာ္႐ႊင္ေစတယ္ဆုိရင္ေတာ့ ေ႐ွ႕ဆက္သင့္ပါတယ္။

၃။ ခံစားခ်က္ေတြထုတ္ျပလို႔ရတဲ့လူလား

ကိုယ္က တစ္ႀကိမ္ (ဒါမွမဟုတ္ ဒီ့ထက္ပိုၿပီး) အသည္းကြဲဖူးသူဆုိေတာ့ ေနာက္ပိုင္းမွာ အျပဳအမူေတြက ေျပာင္းလဲသြားပါတယ္။ ၿငိမ္သက္သြားတာ၊ ေပါက္ကြဲလြယ္တာေတြ ျဖစ္သြားတတ္ပါတယ္။ သူကေရာ ကိုယ့္ရဲ႕ခံစားခ်က္ေတြ အားနည္းခ်က္ေတြ ထြက္ေပၚလာရင္ လက္ခံႏိုင္ရဲ႕လားဆုိတာ ေစာင့္ၾကည့္ပါဦး။ ကိုယ့္ရဲ႕ ပင္ကိုယ္ခံစားခ်က္ေတြကေရာ သူနဲ႔အတူရွိခ်ိန္မွာ ထြက္ေပၚလာပါသလား။ ဥပမာ သီခ်င္းေအာ္ဆုိတာမ်ိဳး၊ စိတ္ညစ္ရင္ ငိုလိုက္ရတာမ်ိဳးလိုေပါ့။ ဒီလိုဆုိရင္ ကိုယ့္ဘက္ကလည္း သူန႔ဲအဆင္ေျပေနတယ္ဆုိတဲ့ လကၡဏာပါပဲ။

၄။ အရင္လူကို တကယ္ေမ့ၿပီလား

အရင္လူနဲ႔ပတ္သက္ၿပီး တုိက္ဆုိင္သည္ျဖစ္ေစ ၊ မတိုက္ဆုိင္သည္္ျဖစ္ေစ သတိရေနတာမ်ိဳး၊ လြမ္းဆြတ္တာ၊ ခ်စ္တာနဲဲ႔ မုန္းတီးနာက်ည္းတာအပါအဝင္ ခံစားခ်က္ေတြ တကယ္ကုန္ၿပီလားဆုိတာ ကိုယ္တုိင္ပဲသိမွာပါ။ ခံစားခ်က္ေတြ ရွိေနေသးသမွ်ေတာ့ ေနာက္တစ္ႀကိမ္ခ်စ္လို႔မရပါဘူး။

၅။ ယံုၾကည္ႏိုင္ၿပီလား

ခဲမွန္ဖူးတဲ့ စာသူငယ္လိုပါပဲ။ တစ္ႀကိမ္နာက်င္ဖူးေတာ့ ေနာက္တစ္ႀကိမ္ခ်စ္ရမွာ မဝံ့ရဲေတာ့ဘူးေလ။ ေနာက္တစ္ႀကိမ္ ယံုၾကည္ႏိုင္ပါ့မလားဆုိတာလည္း ကိုယ့္ကိုယ္ကိုယ္ အထပ္ထပ္အခါခါ ျပန္ေမးဖုိ႔လိုပါတယ္။

၆။ ကိုယ့္ရဲ႕ပင္ကိုယ္သ႑န္ ျပန္ရၿပီလား

အခ်စ္ေဟာင္းနဲ႔ပတ္သက္တဲ့ ပူေဆြးမႈ ခံစားခ်က္ေတြ တစ္စြန္းတစ္စမွ က်န္ေနလို႔မျဖစ္ပါဘူး။ ကိုယ့္ရဲ႕မူလပံုစံေလးအတိုင္း ျပန္ရၿပီဆုိမွ အခ်စ္သစ္ကိုစဥ္းစားပါ။ ေနာက္ၿပီး အခ်စ္သစ္တစ္ခု ေပၚလာလို႔ ကိုယ့္ကိုယ္ကိုယ္ ေနာက္ထပ္တစ္ႀကိမ္ အေျပာင္းအလဲေတြ၊ ဖံုးကြယ္မႈေတြ လုပ္ရဦးမယ္ဆုိရင္ေတာ့ မခ်စ္တာပဲေကာင္းပါတယ္ေလ။

၇။ ကိုယ့္ကိုယ္ကိုယ္ တကယ္ခ်စ္ရဲ႕လား

လူတုိင္းေတာ့ ကိုယ့္ကိုယ္ကိုယ္ ခ်စ္တာပါပဲ။ ဒါေပမဲ့ အခ်စ္က အရာရာကိုေျပာင္းလဲပစ္လိုက္တယ္ေလ။ အခ်စ္ေၾကာင့္ပဲ ကိုယ္ဟာ ကိုယ္မဟုတ္ေတာ့သလို ေျပာင္းလဲဲသြားရပါတယ္။ ဒါေၾကာင့္မို႔လို႔ အခ်စ္ကို ေနာက္တစ္ႀကိမ္ေတြ႕ေနၿပီလို႔ ထင္ရင္ေတာ့ ဒီအခ်စ္ဟာ ကိုယ့္ကိုေပ်ာ္ရႊင္ေစတဲ့အခ်စ္လား၊ ကိုယ့္ရဲ႕အရည္အခ်င္းေတြကို လက္ခံႏိုင္တဲ့လူလားဆုိတာ ေစာင့္ၾကည့္ေလ့လာပါ။ ကိုယ္ဘာပဲျဖစ္ေနေန ၊ သူ ဘာပဲျဖစ္ေနေန ဒီအတုိင္းခ်စ္ေနရရင္နဲ႔ကို ေပ်ာ္ရတယ္ဆုိရင္ေတာ့ အေျခအေနသိပ္ေကာင္းသြားပါၿပီ။ ဒီလိုမွမဟုတ္ဘဲ တစ္ကိုယ္တည္း လုပ္္ခ်င္တာေလးေတြလုပ္ေနရတာကိုပဲ ေက်နပ္ေနၿပီဆုိရင္ေတာ့ သင့္ႏွလံုးသားကို လြယ္လြယ္ကူကူ တံခါးဖြင့္မေပးတာပဲေကာင္းပါတယ္။

ဒီေမးခြန္းေတြအားလံုး ေျဖၿပီးရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ သိေလာက္ပါၿပီ။ ေနာက္တစ္ႀကိမ္ ထပ္ခ်စ္ဖို႔ အသင့္ျဖစ္ၿပီလား၊ မျဖစ္ေသးဘူးလားဆုိတာ ေမးခြန္းအားလံုး ပိုင္ပိုင္ႏိုင္ႏိုင္ေျဖႏိုင္မွ ဆံုးျဖတ္ရမွာျဖစ္ပါတယ္။

Credit : duwun
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

အချစ်ဆိုတာ ဘဝတစ်လျှောက်လုံးမှာ တစ်ကြိမ်သာဖြစ်ပေါ်ခဲ့သူတွေရှိသလို တစ်ကြိမ်ထက်မ ကြုံဖူးကြသူတွေလည်း အများကြီးပါပဲ။ အကြောင်းမတိုက်ဆိုင်လို့ အချစ်ဦးနဲ့လွဲပြီးတဲ့နောက်မှာ ကာလတစ်ခုစာလောက်တော့ ပူဆွေးဝမ်းနည်းကြရပါတယ်။ အချိန်ကာလတစ်ခု လွန်မြောက်သွားပြီဆိုရင်တော့ အချစ်ကြောင့်ပူဆွေးမှုတွေက ပျောက်ကင်းသွားမှာပါပဲ။ အဲ့ဒီနောက် ကိုယ့်ဘဝအတွက် အရေးပါတဲ့အချစ်ဟာ နောက်တစ်ကြိမ်ထပ်မံပေါ်ပေါက်လာတတ်ပါတယ်။ အချစ်ကြောင့်  နာကျင်ခဲ့ဖူးသူအနေနဲ့ နောက်တစ်ကြိမ် ထပ်ချစ်ဖို့ သေချာပြီလားဆိုတာ ခေါင်းမငြိမ့်ခင်မှာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ဖို့ လိုလာပါပြီ။

၁။ တစ်ကိုယ်တည်းနေခဲ့တာလား

အသည်းကွဲပြီးနောက်မှာ တကယ်ပဲ တစ်ကိုယ်တည်းနေခဲ့တာ သေချာပါရဲ့လား။ တစ်ကိုယ်တည်းနေတယ်ဆိုတာ လွမ်းဆွတ်ပူဆွေးခြင်းတွေမရှိဘဲ အလုပ်၊ အပေါင်းအသင်း၊ ဝါသနာပါရာတွေမှာ ပျော်ရွှင်အောင်နေတတ်တယ်ဆိုရင် နောက်ထပ်လူတစ်ယောက်ကိုချစ်ဖို့ မလိုသေးပါဘူး။ ဒီလိုမှမဟုတ်ဘဲ အသည်းကွဲပြီးနောက်ပိုင်း ကိုယ့်ဘေးမှာ တစ်စုံတစ်ယောက်ကို ခဏတဖြုတ်လောက် ထားခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ်က အဖော်တစ်ယောက်လိုအပ်နေတာပါ။

၂။ လိုချင်တာဘာလဲ

ကိုယ်လိုချင်တာက ဘာလဲဆိုတာ သေသေချာချာစဉ်းစားပါ။ ချစ်သူလား၊ အိမ်  ထောင်ပြုဖို့လား။ ဒါမှမဟုတ် စိတ်တူကိုယ်တူလူမျိုးလားဆိုတာ စဉ်းစားပါ။ နောက်တစ်ကြိမ် ပေါ်လာတဲ့အချစ်က ကိုယ့်ကိုတကယ်ပျော်ရွှင်စေတယ်ဆိုရင်တော့ ရှေ့ဆက်သင့်ပါတယ်။

၃။ ခံစားချက်တွေထုတ်ပြလို့ရတဲ့လူလား

ကိုယ်က တစ်ကြိမ် (ဒါမှမဟုတ် ဒီ့ထက်ပိုပြီး) အသည်းကွဲဖူးသူဆိုတော့ နောက်ပိုင်းမှာ အပြုအမူတွေက ပြောင်းလဲသွားပါတယ်။ ငြိမ်သက်သွားတာ၊ ပေါက်ကွဲလွယ်တာတွေ ဖြစ်သွားတတ်ပါတယ်။ သူကရော ကိုယ့်ရဲ့ခံစားချက်တွေ အားနည်းချက်တွေ ထွက်ပေါ်လာရင် လက်ခံနိုင်ရဲ့လားဆိုတာ စောင့်ကြည့်ပါဦး။ ကိုယ့်ရဲ့ ပင်ကိုယ်ခံစားချက်တွေကရော သူနဲ့အတူရှိချိန်မှာ ထွက်ပေါ်လာပါသလား။ ဥပမာ သီချင်းအော်ဆိုတာမျိုး၊ စိတ်ညစ်ရင် ငိုလိုက်ရတာမျိုးလိုပေါ့။ ဒီလိုဆိုရင် ကိုယ့်ဘက်ကလည်း သူနဲ့အဆင်ပြေနေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

၄။ အရင်လူကို တကယ်မေ့ပြီလား

အရင်လူနဲ့ပတ်သက်ပြီး တိုက်ဆိုင်သည်ဖြစ်စေ ၊ မတိုက်ဆိုင်သည်ဖြစ်စေ သတိရနေတာမျိုး၊ လွမ်းဆွတ်တာ၊ ချစ်တာနဲ့ မုန်းတီးနာကျည်းတာအပါအဝင် ခံစားချက်တွေ တကယ်ကုန်ပြီလားဆိုတာ ကိုယ်တိုင်ပဲသိမှာပါ။ ခံစားချက်တွေ ရှိနေသေးသမျှတော့ နောက်တစ်ကြိမ်ချစ်လို့မရပါဘူး။

၅။ ယုံကြည်နိုင်ပြီလား

ခဲမှန်ဖူးတဲ့ စာသူငယ်လိုပါပဲ။ တစ်ကြိမ်နာကျင်ဖူးတော့ နောက်တစ်ကြိမ်ချစ်ရမှာ မဝံ့ရဲတော့ဘူးလေ။ နောက်တစ်ကြိမ် ယုံကြည်နိုင်ပါ့မလားဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်အခါခါ ပြန်မေးဖို့လိုပါတယ်။

၆။ ကိုယ့်ရဲ့ပင်ကိုယ်သဏ္ဍန် ပြန်ရပြီလား

အချစ်ဟောင်းနဲ့ပတ်သက်တဲ့ ပူဆွေးမှု ခံစားချက်တွေ တစ်စွန်းတစ်စမှ ကျန်နေလို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့မူလပုံစံလေးအတိုင်း ပြန်ရပြီဆိုမှ အချစ်သစ်ကိုစဉ်းစားပါ။ နောက်ပြီး အချစ်သစ်တစ်ခု ပေါ်လာလို့ ကိုယ့်ကိုယ်ကိုယ် နောက်ထပ်တစ်ကြိမ် အပြောင်းအလဲတွေ၊ ဖုံးကွယ်မှုတွေ လုပ်ရဦးမယ်ဆိုရင်တော့ မချစ်တာပဲကောင်းပါတယ်လေ။

၇။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ရဲ့လား

လူတိုင်းတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တာပါပဲ။ ဒါပေမဲ့ အချစ်က အရာရာကိုပြောင်းလဲပစ်လိုက်တယ်လေ။ အချစ်ကြောင့်ပဲ ကိုယ်ဟာ ကိုယ်မဟုတ်တော့သလို ပြောင်းလဲသွားရပါတယ်။ ဒါကြောင့်မို့လို့ အချစ်ကို နောက်တစ်ကြိမ်တွေ့နေပြီလို့ ထင်ရင်တော့ ဒီအချစ်ဟာ ကိုယ့်ကိုပျော်ရွှင်စေတဲ့အချစ်လား၊ ကိုယ့်ရဲ့အရည်အချင်းတွေကို လက်ခံနိုင်တဲ့လူလားဆိုတာ စောင့်ကြည့်လေ့လာပါ။ ကိုယ်ဘာပဲဖြစ်နေနေ ၊ သူ ဘာပဲဖြစ်နေနေ ဒီအတိုင်းချစ်နေရရင်နဲ့ကို ပျော်ရတယ်ဆိုရင်တော့ အခြေအနေသိပ်ကောင်းသွားပါပြီ။ ဒီလိုမှမဟုတ်ဘဲ တစ်ကိုယ်တည်း လုပ်ချင်တာလေးတွေလုပ်နေရတာကိုပဲ ကျေနပ်နေပြီဆိုရင်တော့ သင့်နှလုံးသားကို လွယ်လွယ်ကူကူ တံခါးဖွင့်မပေးတာပဲကောင်းပါတယ်။

ဒီမေးခွန်းတွေအားလုံး ဖြေပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ် သိလောက်ပါပြီ။ နောက်တစ်ကြိမ် ထပ်ချစ်ဖို့ အသင့်ဖြစ်ပြီလား၊ မဖြစ်သေးဘူးလားဆိုတာ မေးခွန်းအားလုံး ပိုင်ပိုင်နိုင်နိုင်ဖြေနိုင်မှ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Credit : duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top