iMyanmarHouse.com - Best Property Website for Myanmar
×

သဘာဝျဖစ္ ပစၥည္းေလးေတြနဲ႔ အသားျဖဴေအာင္ လုပ္တဲ့နည္းေတြအမ်ားၾကီး ရွိပါတယ္။ ကရိကထလည္းမမ်ား၊ ေစ်းလည္းမၾကီး၊ အလြယ္တကူ လက္လွမ္းမွီ သံုးလို႔ရတဲ့ ပစၥည္းေတြကို အဓိကထား ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အသားအေရ ျဖဴ လိုပါသလား

လိေမၼာ္သီးအခြံကို ေနပူလွမ္းပါ။ ေျခာက္ေသြ႕သြားတဲ့အခါ ေပါင္ဒါလို အမႈန္႔ျဖစ္သြားေအာင္ ၾကိတ္ပါ။ ထိုအမႈန္႔နဲ႕ ႏြားႏို႔နဲေရာျပီး ပ်စ္ခဲေနတဲ့ အရည္ကိုအေရျပားေပၚမွာ လိမ္ေပးပါ။ အေရျပား ေျခာက္ေသြ႕သြားျပီ ဆိုရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာေပးပါ။ ေန႕စဥ္ျပဳလုပ္ေပးပါက တစ္ျဖည္းျဖည္း အသားျဖဴ၀င္းလာပါမယ္။

(၂) အိမ္တြင္းျဖစ္ Whitening lotion

သခြားသီးကိုအရည္ထြက္ေအာင္ လုပ္ပါ။ သခြားရည္ကို သံပုရာရည္ ႏွစ္စက္ခန္႔ ေရာစပ္ျပီး သမေအာင္ျပဳလုပ္ပါ။ မ်က္ႏွာႏွင့္ လည္ပင္းတြင္ နာရီဝက္ခန္႔ လိမ္းထားပါ။ျပီးရင္ မပူမေအး ေရေႏြးေလးနဲ႔ ေဆးေၾကာပါ။ သင္အသားအေရဟာ ဝင္းလက္ေတာက္ေျပာင္ လာပါလိမ့္မယ္။

(၃) အိမ္တြင္းျဖစ္ Facial Mask

ပ်ားရည္တစ္ဇြန္း(စားပြဲတင္ဇြန္း) နဲ သေဘၤာသီးရည္ တစ္ဇြန္း ေရာလိမ္းပါ။ ၁၅ မိနစ္ခန္႔ ၾကာလွ်င္ ေရနဲ႕ျပန္ေဆးပါ။ ဒါက Facial mask အိမ္တြင္းျဖစ္ ျပဳလုပ္တဲ့ နည္းပါ။

(၄) ေနေလာင္ဒဏ္အတြက္

နႏြင္းမႈန္႔ လဖၻက္ရည္ဇြန္း ၁-၂ ဇြန္းခန္႕ကို သံပုရာရည္နဲ႔ သမေအာင္ ေရာျပီး လိမ္းေပးပါ။ နႏြင္းက အေရျပားကို ျပန္လည္ျပဳျပင္ေပးပါတယ္။ ဒီနည္းဟာ ေနေလာင္တဲ့ အသားအေရအတြက္ အထိေရာက္ဆံုး ေဆးနည္းပဲ ျဖစ္ပါတယ္။

(၅) အသားျဖဴဝင္းခ်င္တယ္ ဆိုရင္

နႏြင္းမႈန္႔ လဖၻက္ရည္ဇြန္းတစ္ဝက္ခန္႔ကို ႏြားႏို႔ေႏြးေႏြးတစ္ခြက္တြင္ထည့္ပါ။ သၾကားနည္းငယ္သာေရာစပ္ျပီး မအိပ္မီတစ္နာရီခန္႔အလိုတြင္ေသာက္သံုးျပီး အိပ္စက္ပါ။သိသာထင္ရွားလာပါလိမ့္မယ္။ ဒီနည္းကို ပူျပင္းတဲ့ေႏြရာသီမွာ အသံုမျပဳပါနဲ႕။နႏြင္းက ခႏၶာကိုယ္တြင္း အပူခ်ိန္ကို ျမွင့္တင္ပါတယ္။

(၆) မ်က္ႏွာျဖဴေဖြးခ်င္တာလား

ခရမ္းခ်ဥ္သီး၂-၃လံုးေလာက္ကိုအရည္ျဖစ္ေအာင္လုပ္ပါ။သံပုရာသီးအရည္ႏွစ္စက္ခန္႕ေရာျပီးေမႊပါ။မ်က္ႏွာျပင္ေပၚလိမ္ျပီး ၁၅-၂၀ မိနစ္ခန္႔ထားပါ။  ျပီးရင္ ေရေအးေအးေလးနဲ႔ ေဆးေၾကာေပးပါ။ တစ္ေန႔ ႏွစ္ၾကိမ္ ျပဳလုပ္ေပးပါက ၁၅ရက္၊ ရက္၂၀အတြင္း မ်က္ႏွာျဖဴေဖြး လာပါလိမ့္မယ္။

(၇) ကိုယ္ခႏၶာေပၚ အမဲကြက္နဲ႕ အစက္အေပ်ာက္ျဖစ္ေနခဲ့ရင္

အာလူးတစ္လံုးကို ေရစင္ေအာင္ေဆးျပီး ပါးပါးလွီးပါ။ ညစဥ္ အမဲကြက္နဲ႔ အစက္အေပ်ာက္ျဖစ္တဲ့ ေနရာေတြမွာ ကပ္ျပီးအိပ္ပါ။ နဂိုအသားအေရ အတိုင္း ေျပာင္းလဲလာပါလိမ့္မယ္။

ေရွာင္ရန္

Whitening Product ေတြကို ဝယ္ယူတဲ့အခါ အလွကုန္ပစၥည္းေတြဟာ အဆီျပန္တဲ့အသားေရ၊ ေျခာက္ေသြ႕ေသာ အသားအေရဆိုျပီး သီးသန္႕ ထုတ္လုပ္ထားတဲ့အတြက္ မိမိအသားအေရနဲ႕ မလိုက္ဖက္တာ ဝယ္ယူျခင္းကို သတိျပဳသင့္ပါတယ္။ အသားျဖဴခ်င္တယ္ဆိုရင္ ဆီမ်ားတဲ့ အစားအစာ၊ အစပ္မ်ားတဲ့ အစားအစာေတြကို ေရွာင္ရွားပါ။ အဆီ၊ အစပ္ေတြက အေရျပားေပၚက ေရဓာတ္ကို ေျခာက္ခမ္းေစျပီး မည္းကြက္လာေစပါတယ္။ ကာယေလ့က်င့္ခန္း မွန္မွန္ျပဳလုပ္ေပးရပါမယ္။ ဒါမွသာ ေသြးေလလည္ပတ္မႈ အားေကာင္းျပီး အသားထဲကို ေဆးစိမ့္ဝင္မွာ ျဖစ္ပါတယ္။ Whitening product ေတြဘယ္ေလာက္သံုးသံုး ေလ့က်င့္ခန္းမလုပ္ဘူးဆိုရင္ အက်ိဳးထိေရာက္မႈ ေႏွာင့္ေႏွးပါတယ္။

 Credit: အလွအပေရးရာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သဘာဝဖြစ် ပစ္စည်းလေးတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေအများကြီး ရှိပါတယ်။ ကရိကထလည်းမများ၊ ဈေးလည်းမကြီး၊ အလွယ်တကူ လက်လှမ်းမှီ သုံးလို့ရတဲ့ ပစ္စည်းတွေကို အဓိကထား ဖော်ပြပေးလိုက်ပါတယ်။

(၁) အသားအရေ ဖြူ လိုပါသလား

လိမ္မော်သီးအခွံကို နေပူလှမ်းပါ။ ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို အမှုန့်ဖြစ်သွားအောင် ကြိတ်ပါ။ ထိုအမှုန့်နဲ့ နွားနို့နဲရောပြီး ပျစ်ခဲနေတဲ့ အရည်ကိုအရေပြားပေါ်မှာ လိမ်ပေးပါ။ အရေပြား ခြောက်သွေ့သွားပြီ ဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာပါမယ်။

(၂) အိမ်တွင်းဖြစ် Whitening lotion

သခွားသီးကိုအရည်ထွက်အောင် လုပ်ပါ။ သခွားရည်ကို သံပုရာရည် နှစ်စက်ခန့် ရောစပ်ပြီး သမအောင်ပြုလုပ်ပါ။ မျက်နှာနှင့် လည်ပင်းတွင် နာရီဝက်ခန့် လိမ်းထားပါ။ပြီးရင် မပူမအေး ရေနွေးလေးနဲ့ ဆေးကြောပါ။ သင်အသားအရေဟာ ဝင်းလက်တောက်ပြောင် လာပါလိမ့်မယ်။

(၃) အိမ်တွင်းဖြစ် Facial Mask

ပျားရည်တစ်ဇွန်း(စားပွဲတင်ဇွန်း) နဲ သင်္ဘောသီးရည် တစ်ဇွန်း ရောလိမ်းပါ။ ၁၅ မိနစ်ခန့် ကြာလျှင် ရေနဲ့ပြန်ဆေးပါ။ ဒါက Facial mask အိမ်တွင်းဖြစ် ပြုလုပ်တဲ့ နည်းပါ။

(၄) နေလောင်ဒဏ်အတွက်

နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကို သံပုရာရည်နဲ့ သမအောင် ရောပြီး လိမ်းပေးပါ။ နနွင်းက အရေပြားကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီနည်းဟာ နေလောင်တဲ့ အသားအရေအတွက် အထိရောက်ဆုံး ဆေးနည်းပဲ ဖြစ်ပါတယ်။

(၅) အသားဖြူဝင်းချင်တယ် ဆိုရင်

နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်းတစ်ဝက်ခန့်ကို နွားနို့နွေးနွေးတစ်ခွက်တွင်ထည့်ပါ။ သကြားနည်းငယ်သာရောစပ်ပြီး မအိပ်မီတစ်နာရီခန့်အလိုတွင်သောက်သုံးပြီး အိပ်စက်ပါ။သိသာထင်ရှားလာပါလိမ့်မယ်။ ဒီနည်းကို ပူပြင်းတဲ့နွေရာသီမှာ အသုံမပြုပါနဲ့။နနွင်းက ခန္ဓာကိုယ်တွင်း အပူချိန်ကို မြှင့်တင်ပါတယ်။

(၆) မျက်နှာဖြူဖွေးချင်တာလား

ခရမ်းချဉ်သီး၂-၃လုံးလောက်ကိုအရည်ဖြစ်အောင်လုပ်ပါ။သံပုရာသီးအရည်နှစ်စက်ခန့်ရောပြီးမွှေပါ။မျက်နှာပြင်ပေါ်လိမ်ပြီး ၁၅-၂၀ မိနစ်ခန့်ထားပါ။  ပြီးရင် ရေအေးအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးပါက ၁၅ရက်၊ ရက်၂၀အတွင်း မျက်နှာဖြူဖွေး လာပါလိမ့်မယ်။

(၇) ကိုယ်ခန္ဓာပေါ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်နေခဲ့ရင်

အာလူးတစ်လုံးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးပါ။ ညစဉ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်တဲ့ နေရာတွေမှာ ကပ်ပြီးအိပ်ပါ။ နဂိုအသားအရေ အတိုင်း ပြောင်းလဲလာပါလိမ့်မယ်။

ရှောင်ရန်

Whitening Product တွေကို ဝယ်ယူတဲ့အခါ အလှကုန်ပစ္စည်းတွေဟာ အဆီပြန်တဲ့အသားရေ၊ ခြောက်သွေ့သော အသားအရေဆိုပြီး သီးသန့် ထုတ်လုပ်ထားတဲ့အတွက် မိမိအသားအရေနဲ့ မလိုက်ဖက်တာ ဝယ်ယူခြင်းကို သတိပြုသင့်ပါတယ်။ အသားဖြူချင်တယ်ဆိုရင် ဆီများတဲ့ အစားအစာ၊ အစပ်များတဲ့ အစားအစာတွေကို ရှောင်ရှားပါ။ အဆီ၊ အစပ်တွေက အရေပြားပေါ်က ရေဓာတ်ကို ခြောက်ခမ်းစေပြီး မည်းကွက်လာစေပါတယ်။ ကာယလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဒါမှသာ သွေးလေလည်ပတ်မှု အားကောင်းပြီး အသားထဲကို ဆေးစိမ့်ဝင်မှာ ဖြစ်ပါတယ်။ Whitening product တွေဘယ်လောက်သုံးသုံး လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် အကျိုးထိရောက်မှု နှောင့်နှေးပါတယ်။


 Credit: အလှအပရေးရာ



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top